လူ့အခွင့်အရေး အခြေခံ အမြင်ဖွင့်သင်တန်း ရန်ကုန်မြို့တွင် ကျင်းပပြီးစီး
Equality Myanmar March 15, 2018 လူ့အခွင့်အရေးကိုလေးစားလိုက်နာရန်၊ မိမိတို့၏အခွင့်အရေးများကို သိရှိတောင်းဆိုတတ်ရန်၊ တခြားသူများ၏ အခွင့်အရေးကို လေးစားတတ်ရန် ရည်ရွယ်၍ ညီမျှခြင်းမြန်မာမှ လူ့အခွင့်အရေး အခြေခံအမြင်ဖွင့် သင်တန်းကို ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျင်းပပြီးစီးခဲ့ပါသည်။ သင်တန်းသား ၁၂ ဦးနှင့် သင်တန်းသူ ၉ ဦး စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်း (၅)ရက်တာကာလ အတွင်း သင်တန်းနည်းပြများမှ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စာချူပ်များ၊ လူ့အခွင့်အရေး သမိုင်းကြောင်း၊ အုပ်စုလိုက်အခွင့်အရေး၊ အစိုးရ၏တာဝန်များ၊ တိုင်ကြား ပုံအဆင့်ဆင့်ကို မှတ်မိလာစေရန် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ လှုပ်ရှားမှုများဖြင့် သင်ခန်းစာနှင့် သက်ဆိုင်သော ပြဇာတ်ဖန်တီးစေခြင်း၊ အစုအဖွဲ့ဖြင့်လုပ်ဆောင်တတ်စေရန်၊ ရည်ရွယ်၍ သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းသား တစ်ဦး မအိချစ်သဲမှ “မသန်စွမ်းတွေရဲ့ အခြေအနေတွေကို […]