ညီမျှခင်းမြန်မာ Associated အဖွဲ့ဝင်အဖြစ် Forbes နှင့် သင်ယူမှုပူးပေါင်းမည်

Equality Myanmar March 8, 2018
” လူ့အခွင့်အရေးအသိပညာပေးခြင်း အထူးသဖြင့် ဘာသာရေးလွတ်လပ်ခွင့် (သို့မဟုတ်)ယုံကြည်ခွင့်မှာ အလွန်အရေးကြီးသော ပူးပေါင်းပါဝင်မှုနှင့် ကြီးမားသော တိုးတတ်ပြောင်းလဲမှု”ဟု ကုလသမဂ္ဂ ဘာသာရေးလွတ်လပ်ခွင့်(သို့မဟုတ်) ယုံကြည်ခွင့် ဆိုင်ရာအထူးကိုယ်စားလှယ် ပါမောက္ခ အာမက် ရှာဟီးဒ်။

လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့်ယုံကြည်ခွင့် လေ့လာမှုသင်ယူမှုလမ်းကြောင်းကို ယနေ့ မတ်လ၊ ၆ရက်၊၂၀၁၈ တွင် ဂျီနီဗာမြို့တွင်ဥရောပသမဂ္ဂနှင့်ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ၊သံတမန်များရှေ့မှောက် သို့စတင်ချပြနိုင်ခဲ့သည်။ ဤလမ်းကြောင်းသည် လူတဦးချင်းစီသော်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းတခုလုံးအားသော်လည်းကောင်း၊ ဆုံးဖြတ်ချက်ချနိုင်သူများအားလည်းကောင်း ၎င်းတို့လိုအပ်သောအရင်းမြစ်များကို ပေးအပ်သွားမည်ဖြစ်ပြီး လူတိုင်းအတွက် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် အပေါ်တွင် ပြန်လည်တွေးတောစဉ်းစားခြင်းများ၊ မြှင့်တင်ခြင်းများကိုလုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုလုပ်ငန်းကိုအောင်မြင်စွာဖြစ်မြောက်စေရေးအတွက် မက္ကဆီကိုနိုင်ငံမှစ၍ ဗီယက်နမ်နိုင်ငံရှိ အဖွဲ့အစည်းပေါင်း နှင့် ကွန်ယက်ပေါင်း (၅၀) မှ ပါဝင်ကူညီကြမည်ဖြစ်ပြီး ညီမျှချင်းမြန်မာ အနေဖြစ်လည်း မြန်မာနိုင်ငံအတွင်းတွင် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကိုမြှင့်တင်လုပ်ဆောင်နိုင်ရန် တွဲဖက်အဖွဲ့ဝင်အဖြစ် အင်တိုက်အားတိုက်လက်တွဲလုပ်ဆောင်ပါဝင်သွားပါမည် ဖြစ်ကြောင်းကြေညာအပ်ပါသည်။

ဤလမ်းစဉ်အကြောင်းကိုအသေးစိတ်သိရှိလိုပါက ဖော်ပြပါ ဝက်ဘ်ဆိုက် www.forb-learning.org/ တွင် အသေးစိတ်လေ့လာနိုင်ပါကြောင်းဖိတ်ကြားအပ်ပါသည်။