“ညီမျှခြင်း မြန်မာ” သည်  လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌  ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။

ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။

မျှော်မှန်းချက်

ကျွန်ုပ်တို့၏ အခြေခံ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံရှိ ဘာသာစကား၊ ဘာသာတရားနှင့် တိုင်းရင်းသားလူမျိုးစုအားလုံး၏ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသော ငြိမ်းချမ်းသော၊ သည်းခံနိုင်သော၊ လူမှု့သဟဇာတရှိသော ဖက်ဒရယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းကိုတည်ဆောက်ရန် ဖြစ်ပါသည်။

ရည်မှန်းချက်

“ညီမျှခြင်း-မြန်မာ”သည် လူ့အခွင့်အရေး၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခြင်းနှင့် တာဝန်ခံမှုတို့အား မြှင့်တင်ခြင်း၊ ကာကွယ်ခြင်း နှင့် ပံ့ပိုးခြင်းများ၊ မြန်မာနိုင်ငံသားတို့၏ ရပိုင်ခွင့်များ၊ တရားမျှတမှုများ၊ဆောင်ရွက်သည့်အပြင် လူမှုရေး နိုင်ငံရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အလေးထားဆောင်ရွက်ပါသည်။ 

ပန်းတိုင်

ကျွန်ုပ်တို့၏ ပန်းတိုင်မှာ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ယဉ်ကျေးမှု၊ တရားမျှတမှု၊ တာဝန်ခံမှုနှင့် လူ့အခွင့်အရေး စည်းရုံး လှုံ့ဆော်ရေးယန္တရားများ အားကောင်းလာစေရန်။

ရည်ရွယ်ချက်များ

လူ့အခွင့်အရေးပိုင်ဆိုင်သူများနှင့် လူ့အခွင့်အရေးအတွက် တာဝန်ရှိသူများအကြား လူတိုင်းပါဝင်သော ပညာရေး ပုံစံဖြင့် လူ့အခွင့်အရေးအမြင်များ ဖွင့်ပေးရန်။

ရပ်ရွာလူထုနှင့် ကွန်ယက်များက အစပျိုးလုပ်ဆောင်လာသည့် လူ့အခွင့်အရေးအခြေပြုသောလှုပ်ရှားမှုများကို စွမ်းရည်မြှင့် တင်ပေးခြင်းအားဖြင့် ပံ့ပိုးဆောင်ရွက်သွားရန်။

ဦးတည်အုပ်စုများ

မိမိအဖွဲ့အစည်းအတွင်း၊ ရပ်ရွာအသိုင်းအဝိုင်းအတွင်းနှင့် နယ်ပယ်အတွင်း တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်မည့်သူများကို စွမ်းရည်မြင့်တင်ပေးနိုင်ရန်အတွက် ဦးတည်အုပ်စုများအား မဟာဗျူဟာကျကျ ရွေးချယ် ပါသည်။

ကျွန်ုပ်တို့၏ လူ့အခွင့်အရေး ပညာပေးသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ ရပ်ရွာလူထုခေါင်းဆောင်များနှင့် အမျိုးသမီးအုပ်စုများ၊ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ လိင်တူချစ်သူအရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ တိုင်းရင်းသားများနှင့် ဘာသာရေး လူနည်းစုဝင်များ၊ ကျောင်းဆရာ၊ဆရာမများ၊ လယ်သမားနှင့် အလုပ်သမား သမဂ္ဂဝင် များအားရည်ရွယ်၍ ပြုလုပ်ပါသည်။

အကျိုးခံစားသူများနှင့် လက်တွဲဖော် လုပ်ဖော်ကိုင်ဖက်များကို ရွေးချယ်ရာတွင် လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်ခြင်း ရှုထောင့်သည် လူမှုအသိုင်းအဝိုင်းအတွင်းရှိ ကဏ္ဍတိုင်းနှင့် နေရာတိုင်းတွင် အရေးပါသောအရာဖြစ်ပြီး ထိုရူထောင့်သည် တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ တိုးတက်မြင့်မားစေရေးအတွက် လိုအပ်သောအဆင့်တစ်ခုဖြစ်သည်ဟု လက်ခံယုံကြည် သောအချက်အပေါ် အခြေခံထားရွေးချယ်ပါသည်။

သင်ကြားရေးနည်းနာများ

“ညီမျှခြင်း–မြန်မာ” သင်ယူသူကို ဗဟိုပြုသင်ကြားပြီး သမရိုးကျသင်ကြားမှုပုံစံမဟုတ်သောချဉ်းကပ်မှုများအား အသုံးပြုကာ သင်ယူသူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ဗဟုသုတများကို ပိုမိုအားကောင်းစေသည့် နည်းလမ်းများကို စတင်မိတ်ဆက် အသုံးပြုခဲ့သည်။ မိမိတို့အသုံးပြုသော နည်းလမ်းများသည် အသိအမြင်၊ သဘောထားနှင့်အပြုအမူ ဆိုင်ရာအဆင့် သုံးဆင့်စလုံးတွင်ပြောင်းလဲလာအောင် အလေးထားသင်ကြားသောနည်းလည်းဖြစ်ပါသည်။ အချုပ်အားဖြင့် ၎င်းအဆင့်သုံးဆင့် ပြောင်းလဲခြင်းစေကြောင့် မြန်မာပြည်သူများအနေနှင့် လက်ရှိ လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပွားနေသော လူမှုပြဿနာများကို ဖော်ထုတ် သုံးသပ်တတ်စေပြီး ထိုမှတဆင့် လူ့အခွင့်အရေးအခြေပြုသော ဖြေရှင်းမှုများဖြင့် တုန့်ပြန်ဖြေရှင်းတတ်လာစေအောင် စွမ်းရည်မြှင့်ပေးနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ ဆန်းသစ်တီထွငပြီး နှင့် ပူပေါင်းပါဝင်မှုဖြစ်စေသော သင်ရိုးညွန်းတမ်းပုံစံများသည် ပါဝင်သူများကို သူတို့၏ ဗဟုသုတ အတွေ့အကြုံများကို ပြန်လည်သုံးသပ်နိုင်ပြီး အပြန်အလှန်ဆွေးနွေးနိုင်စေမည့် အခွင့်အလမ်းရရှိစေပါသည်။ ဤသင်ကြားမှု လမ်းစဉ်သည် ပါဝင်သူများအပေါ်အခြေပြု၍ လုပ်ဆောင်မည့်လုပ်ငန်းများအပေါ် အဓိကပြုပါသည်။ လေ့လာသူတဦးချင်းစီကို သူတို့၏ကိုယ်ပိုင်လုပ်ငန်းနယ်ပယ်များနှင့် ဘဝအတွေ့အကြုံများဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် လက်ခံထားပါသည်။

“ညီမျှခြင်း–မြန်မာ” သည် လူ့အခွင့်အရေးဆိုသည်မှာ ပြောင်းလဲဖြစ်ပေါ်လျက်ရှိပြီး ဆင့်ကဲပြောင်းလဲတတ်ကြောင်းကို အသိအမှတ်ပြုလက်ခံသည်။ သင်တန်းသူသင်တန်းသားများအား လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ဆောင်နိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို ပံ့ပိုးပေးပါသည်။ ထိုနည်းလမ်းများကနေ၍ သူတို့၏ ကိုယ်ပိုင်ရပ်တည်ဆုံးဖြတ်နိုင်မှုများ၊ လူမှုပြုပြင်ပြောင်းလဲမှုနှင့် လူထုနှင့်ထိစပ်နိုင်မှုပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု များကို အားကောင်းလာစေမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ လူ့အခွင့်အရေးပညာပေးအစီအစဉ်သည် သင့်လျော်၍ လက်တွေ့ကျသော လူ့အခွင့်အရေး အခြေခံမူများ အပေါ် ဗဟိုပြီး သင်ယူသူများအား ၎င်းတို့၏ ရပ်ရွာအသိုင်းအဝိုင်းနယ်ပယ်နှင့် လုပ်ငန်းခွင်များတွင် ပြောရေးဆိုခွင့်ရှိ သူများဖြစ်ေစေရန် စွမ်းရည်မြှင့်တင်ပေးပါသည်။ သင်တန်းသူသင်တန်းသားမျာကနေ၍ မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှား သူများအကြားကွန်ယက်ကျယ်ပြန့်လာစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင် လျက်ရှိသည်။ လူ့အခွင့်အရေးသင်တန်း တခုပြီးတိုင်း မြန်မာပြည်သူလုထုအတွင်း လူ့အခွင့်အရေးကိုသိရှိပြီး လေးစား လာသူဦးရေ တိုးပွားလာလျက်ရှိပါသည်။