ဇာတ်လမ်းများမှ တစ်ဆင့် ကျွန်ုပ်တို့ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ခြင်း-မတူကွဲပြားမှုအပေါ် လေးစားရေးမြှင့်တင်ရန် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် လူငယ်များဦးဆောင်သည့် ဇာတ်ကြောင်းပြောအစီအစဉ်

United ACT ၏ အစီအစဉ်အောက်တွင် လူငယ်များဦးဆောင်ကာ ဇာတ်ကြောင်းပြောပြခြင်းဖြင့် မတူကွဲပြားမှုအပေါ် လေးစားခြင်းအား မြှင့်တင်ရန် “ဇာတ်လမ်းများမှ တစ်ဆင့် ကျွနု်ပ်တို့ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ခြင်း”အမည်ရ စီမံကိန်းတစ်ခုကို ကျွန်ုပ်တို့ရေးဆွဲခဲ့ပါသည်။ မတူကွဲပြားမှုအပေါ် လေးစားမှုရှိပြီး လက်ခံသော ယဉ်ကျေးမှုတစ်ခု ထွန်းကားရေးအား ဦးတည်လျက် သိမြင်မှုများကို ပြန်လည် ပုံဖော်ခြင်း နှင့် အသိပညာများဖြန့်ဝေခြင်း ဆောင်ရွက်ရန် အဆိုပါ စီမံကိန်းမှ ရည်ရွယ်ပါသည်။ မတူကွဲပြားမှုအပေါ် လေးစားရေး မြှင့်တင်ရာတွင် လူငယ်များ လေ့လာရရှိလိုက်သည့် အတွေ့အကြုံများ၊ အတွေးအမြင်များ နှင့် သင်ခန်းစာများကို မှတ်တမ်းတင်ရန် လည်း ရည်ရွယ်ပါသည်။ အဆိုပါ ရည်ရွယ်ချက်များ အောင်မြင်နိုင်ရန် ညီမျှခြင်းမြန်မာသည် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် လူငယ်များနှင့်အတူ ပူးတွဲချိတ်ဆက်လျက် ရပ်ရွာပြဇာတ်၊ ဇာတ်လမ်းတိုရုပ်ရှင်များ၊ နှင့် ပုံပြင်စာအုပ်တို့ကို သုံးကာ မတူကွဲပြားမှု ပြဿနာများကို ဆန်းသစ်တွေးတောမှုရှိစွာ ဆွေးနွေးပြောကြားဖြေရှင်းနိုင်ရန် လူငယ်များအား အားပေးကူညီခြင်းနှင့် စွမ်းရည်မြှင့်တင်ပေးခြင်းများကို လုပ်ဆောင်သွားပါမည်။ ပြဇာတ်၊ ဇာတ်ကြောင်းပြောခြင်းနှင့် ရုပ်ရှင်တည်းဖြတ်ခြင်းတို့တွင် ဆန်းသစ်ပြီး ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးသည့်အပြင် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်းဖြင့် တက်ရောက်ပါဝင်သူ လူငယ်များသည် မတူကွဲပြားမှု၏ ကောင်းကျိုးများကို နားလည်သဘောပေါက်လာရုံသာမက မတူကွဲပြားမှုနှင့် ပတ်သက်သည့် ယုံကြည်မှုများသည် လူ့အသိုင်းအဝိုင်းတွင်း ပဋိပက္ခများနှင့် ပတ်သက်ဆက်နွယ်မှု ရှိသောကြောင့် အဆိုပါ ပဋိပက္ခများကို ပြန်လည်သုံးသပ်ပြီး ခွဲခြားစိတ်ဖြာတတ်လာကြမည် ဖြစ်ပါသည်။ လှုပ်ရှားဆောင်ရွက်မှုတိုင်းတွင် ယခင်လုပ်ဆောင်ခဲ့မှုကို ကိုးကားတည်ဆောက်လျက်၊ ပြည်သူ့အခြေပြု ပြဇာတ်ဖျော်ဖြေမှုများ၊ ဇာတ်လမ်းတိုရုပ်ရှင်များ နှင့် ရပ်ရွာလူထုဆွေးနွေးပွဲများတွင် လူငယ်များ ပါဝင်ဆောင်ရွက်ခြင်းဖြင့် လူငယ်များအနေဖြင့် ၎င်းတို့၏ သဘောထားအမြင်များကို ဖော်ထုတ် တင်ပြရာတွင် ယုံကြည်မှု တည်ဆောက်သွားနိုင်မည် ဖြစ်သည်။ ယင်းစီမံကိန်းပြီးဆုံးချိန်တွင် ပူးပေါင်းပါဝင်သူ လူငယ်များသည် ဇာတ်ကြောင်းပြောခြင်းနှင့် ကပြဖျော်ဖြေခြင်းနည်းလမ်းများမှ တစ်ဆင့် ၎င်းတို့၏ ရပ်ရွာ အသိုက်အဝန်းများတွင် မတူကွဲပြားမှုအပေါ် လေးစားရေး ကို ဆက်လက်မြှင့်တင်နိုင်မည့် အသိပညာများ၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အထောက်အကူပြု အရင်းအမြစ်များကို ရရှိကြမည် ဖြစ်ပါသည်။ အဆိုပါ စီမံကိန်း၏ ဆင့်ပွား တစ်ခုအနေအဖြစ် လူငယ်များထံမှ စုဆောင်းရရှိခဲ့သည့် အတွေးအခေါ်များနှင့် ဇာတ်လမ်းများကို ပညာပေးနှင့် ဆက်သွယ်ဆက်ဆံရေးဟူသော သတင်းအချက်အလက်ကဏ္ဍနှစ်ခု တိုးတက်ရေးဆိုင်ရာ အထောက်အကူပြု စာစောင်များ တွင် ထည့်သွင်းသွားမည် ဖြစ်ပါသည်။ (၁) လူငယ်အရွယ် စာဖတ်ပရိသတ်ကို ဦးတည်ပြီး မတူကွဲပြားမှုနှင့် ပတ်သက်သည့် ပုံပြင်စာအုပ်ထုတ်ဝေခြင်း- ယင်းစာအုပ်ကို ဒေသခံ ဘာသာစကားများ(ရခိုင်၊ မွန်၊ ကရင်) ဖြင့် ဘာသာ ပြန်ဆိုပြီး ဦးတည်သတ်မှတ်ထားသော ဒေသများတွင် ဖြန့်ဝေသွားမည် ဖြစ်သည်။ (၂) မတူကွဲပြားမှု အပေါ် လေးစားရေး မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ရရှိခဲ့သည့် သင်ခန်းစာများနှင့် လူငယ်များ ရင်ဆိုင်ရသော လက်ရှိ အခြေအနေများကို အချက်အလက် မှတ်တမ်းကောက်ယူထားသည့် အစီရင်ခံစာ တစ်စောင် ကို ပညာရပ်ပိုင်းဆိုင်ရာ နည်းပြများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သံရုံးများနှင့် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ကိုးကား အသုံးပြုနိုင်ရန် ရည်ရွယ်ကာ ထုတ်ဝေသွားမည် ဖြစ်သည်။