တိုင်ကြားမှုများ၊ အဖြစ်အပျက်များနှင့် တုံ့ပြန်ချက်များ

EQMM ၏ တိုင်ကြားစာများနှင့် တုံ့ပြန်မှုဆိုင်ရာမူဝါဒတွင် EQMM သို့ အွန်လိုင်းမှ တိုင်ကြားစာများ ပေးပို့နိုင်ပါသည်။

EQMM ၏ တိုင်ကြားစာများနှင့် တုံံပြန်မှုဆိုင်ရာမူဝါဒ ထုတ်ပြန်ဖော်ပြချက်

ကျွနု်ပ်တို့၏ အရေးကြီးသော ပါဝင်ပက်သက်သူအားလုံး အတွက် သမာသမတ်ကျမှု နှင့် တာဝန်ခံမှု ရှိမှု သေချာစေရန် ဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များအားလုံး ဘေးကင်းလုံခြုံခြင်း၊ မျှတမှု ရှိခြင်း။ အဖွဲ့အစည်း၏ မူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်စီမံကိန်း ရည့်မှန်းချက်များနှင့် အညီ ဖြစ်အောင် ဆောင်ရွက်ခြင်း တို့အတွက် EQMM တွင် တာဝန်ရှိပါသည်။

ကျွနု်ပ်တို့သည် တစ်ဦးချင်းစီ နှင့်အဖွဲ့အစည်းများ၏ တိုင်ကြားချက်များကို မြှင့်တင်ရန် နှင့် ကျွနု်ပ်တို့ လုပ်ငန်းများ နှင့် ကျွန်ုပ်တို့မှ ရံပုံငွေ ပံ့ပိုးပေးထားသော တခြားသော ပါတနာအဖွဲ့အစည်းများ ၏ လုပ်ငန်းများအပေါ် အကြံပြုချက်များ တုံ့ပြန်ချက်များကို ကျွန်ုပ်တို့မှ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိပြုပါသည်။ EQMM ဝန်ထမ်းများမှလည်း ၎င်းမူဝါဒ အတိုင်း တိုင်ကြားစာများ ပေးပို့ နိုင်ပါသည်။

ကျွန်ုပ်တို့သည် ပါဝင်ပက်သက်သူအားလုံး၏ မျှော်လင့်ချက်များအား မပြည့်မီသည့်အခါ (သို့) ကျွနု်ပ်တို့ ကတိပြုထားသည့်အတိုင်း မလုပ်ဆောင်နိုင်သည့်အခါ ကျွန်ုပ်တို့၏ ဝန်ထမ်းများ ပါတနာများ အကျိုးခံစားခွင့်ရှိသူများ နှင့် အခြားသော ပါဝင်ပက်သက်သူများမှ တိုင်ကြားပိုင်ခွင့် ရှိပါသည်။

တိုင်ကြားချက် တုံ့ပြန်ချက်များ လက်ခံရရှိခြင်းသည် ကျွန်ုပ်တို့၏ စီမံကိန်း ပရောဂျက် နှင့် စီမံခန့်ခွဲမှုများတွင် ထည့်သွင်းနိုင်သည့်အတွက် အကျိုးရှိစေပါသည်။ ၎င်းသည် ပြသာနာများကို ရှာဖွေဖော်ထုတ်ခြင်း နှင့် အချိန်နှင့် တပြေးညီ တုံ့ပြန်မှုများကို ပံ့ပိုးပေးမည် ဖြစ်ပြီး အရင်းအမြစ်များကို သုံးစွဲရာတွင်အလွဲသုံးစားမှု (သို့) အလွဲသုံးစား လုပ်နိုင်သည်များကို လျော့ချပေးမည် ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ ပါဝင်ပက်သက်သူများနှင့် ယုံကြည်မှု တည်ဆောက် နိုင်မည် ဖြစ်ပြီး ကျွန်ုပ်တို့ လုပ်ငန်းအပေါ် တိုင်ကြားချက်များကို တုံ့ပြန်ချက်များ အကြံပြုချက်များပေးခြင်းမှတဆင့်  ၎င်းတို့အား စွမ်းရည်မြှင့်တင်ခြင်းလည်း ဖြစ်စေပါမည်။

EQMM ၏ သတင်းပေးချက် တိုင်ကြားချက် လုပ်ဆောင်ချက်မှ ကြိုဆိုပါသည်။

EQMM သည် လက်တုံ့ပြန်ခြင်း (သို့) လက်စားချေခြင်း အတွက် စိုးရိမ်မှုများ မရှိသော ပတ်ဝန်းကျင်ဖြစ်အောင် ထိန်းသိမ်းထားရန် ကတိပြုပါသည်။

လူတစ်ဦးသည် ထိုသို့ ထုတ်ဖော်လိုက်သည့်အခါ ၎င်းတို့တွင် အောက်ပါအချက်တို့အား မျှော်လင့်ထားပိုင်ခွင့် ရှိပါသည်။

  • ၎င်းတို့၏ အထောက်အထားများ သည် ဥပဒေအရ ခွင့်ပြုထားသည့် အတိုင်းအတာအရ (သို့) လက်တွေ့ကျသော အခြေအနေများအတွက် အမြဲတမ်း လျှိူ့ဝှက်ထားပေးရမည်။
  • ထုတ်ဖော်ပြောဆိုခြင်းအတွက် ၎င်းတို့အား လက်တုံ့ပြန်ခြင်း၊ နှောင့်ယှက်ခြင်း (သို့) အဓမ္မ့ပြုခြင်းမှ အကာကွယ်ပေးရမည် ဖြစ်သည်
  • ထုတ်ဖော်ပြောဆိုခြင်းအတွက် လက်တုံ့ပြန်မှု ဖြစ်လျှင် EQMM သည် ၎င်း၏ HR policy အရ ဆိုးရွားသော အကျင့်ပျက်မှု အဖြစ် သတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်သည်။

EQMM သည် ဝန်ထမ်းများ၊ ကုန်ပစ္စည်းရောင်းချသူများ၊ ဝန်ဆောင်မှုပေးသူများ၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ နှင့် အခြားသော ပါဝင်ပက်သက်သူများအား သံသယဖြစ်ဖွယ် ဖြစ်ရပ်များကို သတင်းပေး တိုင်ကြားမှုများ ပြုလုပ်ရန် အားပေးပါသည်။

EQMM ၏ တိုင်ကြားစာများနှင့် တုံံပြန်မှုဆိုင်ရာမူဝါဒ ထုတ်ပြန်ဖော်ပြချက်

သင်၏ တိုင်ကြားချက်များ ပေးပို့ရန် ကျေးဇူးပြု၍ အွန်လိုင်း ဖောင်ပုံစံအား ဖြည့်စွက်ပါ။

ကျွနု်ပ်တို့၏ တိုင်ကြားမှု စနစ်နှင့် ပက်သက်၍ မေးခွန်းများ ရှိပါက info@equalitymyanmar.org သို့ အီးမေလ် ပေးပို့ ဆက်သွယ်နိုင်ပါသည်။