လူ့အခွင့်အရေးအမြင်ဖွင့် အစီအစဉ်

လူ့အခွင့်အရေးအမြင်ဖွင့် သင်တန်း

“ညီမျှခြင်း–မြန်မာ” သည် ၅ ရက်တာ စဉ်ဆက်မပြတ် လူ့အခွင့်အရေး အမြင်ဖွင့်သင်တန်းများကို မြန်မာပြည်တနံတလျားရှိ ပြည်နယ်နှင့် တိုင်း (၁၄)ခုတို့တွင် ပြုလုပ်လျက်ရှိသည်။ ဤသင်တန်းကို ရပ်ရွာလူထုများ၏ လိုအပ်ချက်များနှင့်ဆက်နွယ်ပြီး လူ့အခွင့်အရေး ဗဟုသုတများ သိရှိပြန့်ပွားလာစေရန် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

ခေါင်းစဉ်အလိုက် အလုပ်ရုံဆွေးနွေးပွဲ

“ညီမျှခြင်း–မြန်မာ” သည် ၃ ရက်တာ လူ့အခွင့်အရေးဆိုင်ရာ ခေါင်းစဉ်အလိုက် အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်နေလျက်ရှိသည်။ ပြည်နယ်နှင့် တိုင်း (၁၄)ခုတို့မှ လူ့အခွင့်အရေးအမြင်ဖွင့် သင်တန်းဆင်းများနှင့် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အထူးပြု လုပ်ဆောင်နေသော အဖွဲ့အစည်းများမှ အတွေ့အကြုံရှိသူများအကြား အသိအမြင်ဖလှယ်ခြင်း၊ ကွန်ယက်တည်ဆောက်ခြင်းနှင့် စွမ်ရည်မြှင့်မားလာစေရန် ရည်ရွယ်ပါသည်။

လူထုအခမ်းအနား

လူထုအခမ်းအနားများကို နိုင်ငံတကာရာထူးရမြတ်များတွင် လူ့အခွင့်အရေးကို အများပြည်သူသိရှိလာစေရန်နှင့် ကာကွယ်တတ်လာစေရန် ရည်ရွယ်ပြီး ကျင်းပသည်။ ဥပမာ – အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့၊ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့။