အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းနားကို အမျိုးသမီးအဖွဲ့များမှ ဦးစီးကြီးကျင်းပ

Equality Myanmar March 12, 2018
မတ်လ၊ (၁၀)က်နေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းနားကို အမျိုးသမီးအဖွဲ့များမှ ဦးစီးကြီးမှူးပြီး မဟာဗန္ဓုလပန်းခြံတွင် ကျင်းပခဲ့သည်။

ထိုနေ့အခမ်းအနားတွင် ဒေါ်ငယ်ငယ်အေးမောင် – ZENITH (Association of Myanmar Disable Women Affairs) နှင့် ဒေါ်မို့မို့ဆွေ (နခံတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ လောင်းလုံးမြို့နယ်၊ ထားဝယ်ခရိုင်) တို့က အမျိုးသမီးကဏ္ဍမြင့်မားရေးအားလုံးဝိုင်းဝန်းတွန်းအားပေး ဆိုသည့်ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပြုလုပ်ခဲ့ရာ ညီမျှခြင်းမြန်မာအဖွဲ့မှ ကိုထိုက်ထိုက်( Advocacy Coordinator) သည်လည်း ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ပါဝင်ခဲ့ပါသည်။

ဆွေးနွေးပွဲ စကားဝိုင်းတွင်
၁- လက်ရှိအချိန်မှာ အမျိုးသမီးများဆုံးဖြတ်ချက်ချနိုင်သော အခန်းကဏ္ဍကိုရောက်ရှိဖို့ရန် မည်သို့သော် အတားအဆီးများ၊ စိန်ခေါ်ချက်များဖြစ်နေသနည်း။

၂- ထိုအတားအဆီးများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ရန် မည်ကဲ့သို့သော် လိုအပ်မှုမျိုးလိုအပ်ပါသနည်း၊ မည်သူများထံမှ ပံ့ပိုးမှုများ၊ တွန်းအားပေး ကူညီမှုများ လိုအပ်သနည်း။