လူ့အခွင့်အရေး အခြေခံ အမြင်ဖွင့်သင်တန်း ရန်ကုန်မြို့တွင် ကျင်းပပြီးစီး

Equality Myanmar March 15, 2018
လူ့အခွင့်အရေးကိုလေးစားလိုက်နာရန်၊ မိမိတို့၏အခွင့်အရေးများကို သိရှိတောင်းဆိုတတ်ရန်၊ တခြားသူများ၏ အခွင့်အရေးကို လေးစားတတ်ရန် ရည်ရွယ်၍ ညီမျှခြင်းမြန်မာမှ လူ့အခွင့်အရေး အခြေခံအမြင်ဖွင့် သင်တန်းကို ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျင်းပပြီးစီးခဲ့ပါသည်။ သင်တန်းသား ၁၂ ဦးနှင့် သင်တန်းသူ ၉ ဦး စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ကြပါသည်။
သင်တန်း (၅)ရက်တာကာလ အတွင်း သင်တန်းနည်းပြများမှ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စာချူပ်များ၊ လူ့အခွင့်အရေး သမိုင်းကြောင်း၊ အုပ်စုလိုက်အခွင့်အရေး၊ အစိုးရ၏တာဝန်များ၊ တိုင်ကြား ပုံအဆင့်ဆင့်ကို မှတ်မိလာစေရန် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ လှုပ်ရှားမှုများဖြင့် သင်ခန်းစာနှင့် သက်ဆိုင်သော ပြဇာတ်ဖန်တီးစေခြင်း၊ အစုအဖွဲ့ဖြင့်လုပ်ဆောင်တတ်စေရန်၊ ရည်ရွယ်၍ သင်ကြားပို့ချခဲ့ပါသည်။
သင်တန်းသား တစ်ဦး မအိချစ်သဲမှ “မသန်စွမ်းတွေရဲ့ အခြေအနေတွေကို သတိထားမိလာတယ်။ အရင်ကဆို သူတို့ကို နေရာပေးဖို့ မစဉ်းစားမိဘူး။ ခုအခြေအနေက သူတို့ရဲ့အခြေအနေတွေနဲ့ ဖြစ်တည်မှုတွေကို ထည့်စဉ်းစားမိလာတယ်။ Group Rights သင်ခန်းစာထဲမှာ ကိုယ်က မသန်စွမ်း ဇတ်ရုပ်ကိုကျလိုက်တဲ့အတွက် မသန်စွမ်းတွေရဲ့ သဘောကို ခံစားမိလာတာ။ သင်ထောက်ကူ Game တွေကို အရမ်းသဘောကျပါတယ်။”