ကလေးများတွေ့ဆုံပွဲကို ပြည်သူ့ရင်ပြင်တွင် မတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်
Equality Myanmar March 3, 2018
ညီမျှခြင်းမြန်မာအဖွဲ့၏ ကလေးသူငယ် အခွင့်အရေး ပရိုဂရမ်(United ACT)မှ ဦးစီးပြီး ကလေးများနှင့်အတူ ကလေးများတွေ့ဆုံပွဲကို ပြည်သူ့ရင်ပြင်တွင် မတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် စီမံကိန်းနေရာများဖြစ်ကြသည့် လှိုင်သာယာ(၇) ရပ်ကွက်နှင့် ကျုံစုရွာမှ ကလေး များပါဝင်ခဲ့ကြသည်။
အဆိုပါကလေးများကိုယ်တိုင် ဦးဆောင်ပြီး ကလေးများအကြား၌ ကလေးအခွင့်အရေးနှင့်ပတ်သက်ပြီး အသိပညာပေးဆွေးနွေးမှု စကားဝိုင်းပြုလုပ်မည့် အစီစဉ်များဆွေးနွေးခြင်း၊ ၎င်းတို့ပါဝင် စေချင်သည့် ကလေးများ၏ အမည်စာရင်းများပြုစုခြင်း၊ ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်မှုအားကောင်းစေရန် နှင့် ရပ်ကွက်များတွင် ကလေးများအသင်းအဖွဲ့(Child Club)များ ဖွဲ့စည်းနိုင်ရန် အစီစဉ်များ ချမှတ်ခဲ့ကြသည်။







ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
