ကလေးများတွေ့ဆုံပွဲကို ပြည်သူ့ရင်ပြင်တွင် မတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်

Equality Myanmar March 3, 2018
ညီမျှခြင်းမြန်မာအဖွဲ့၏ ကလေးသူငယ် အခွင့်အရေး ပရိုဂရမ်(United ACT)မှ ဦးစီးပြီး ကလေးများနှင့်အတူ ကလေးများတွေ့ဆုံပွဲကို ပြည်သူ့ရင်ပြင်တွင် မတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် စီမံကိန်းနေရာများဖြစ်ကြသည့် လှိုင်သာယာ(၇) ရပ်ကွက်နှင့် ကျုံစုရွာမှ ကလေး များပါဝင်ခဲ့ကြသည်။

အဆိုပါကလေးများကိုယ်တိုင် ဦးဆောင်ပြီး ကလေးများအကြား၌ ကလေးအခွင့်အရေးနှင့်ပတ်သက်ပြီး အသိပညာပေးဆွေးနွေးမှု စကားဝိုင်းပြုလုပ်မည့် အစီစဉ်များဆွေးနွေးခြင်း၊ ၎င်းတို့ပါဝင် စေချင်သည့် ကလေးများ၏ အမည်စာရင်းများပြုစုခြင်း၊ ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်မှုအားကောင်းစေရန် နှင့် ရပ်ကွက်များတွင် ကလေးများအသင်းအဖွဲ့(Child Club)များ ဖွဲ့စည်းနိုင်ရန် အစီစဉ်များ ချမှတ်ခဲ့ကြသည်။