မျှော်မှန်းချက်
ကျွန်ုပ်တို့၏ အခြေခံ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံရှိ ဘာသာစကား၊ ဘာသာတရားနှင့် တိုင်းရင်းသားလူမျိုးစုအားလုံး၏ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသော ငြိမ်းချမ်းသော၊ သည်းခံနိုင်သော၊ လူမှု့သဟဇာတရှိသော ဖက်ဒရယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းကိုတည်ဆောက်ရန် ဖြစ်ပါသည်။
ရည်မှန်းချက်
“ညီမျှခြင်း-မြန်မာ”သည် လူ့အခွင့်အရေး၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခြင်းနှင့် တာဝန်ခံမှုတို့အား မြှင့်တင်ခြင်း၊ ကာကွယ်ခြင်း နှင့် ပံ့ပိုးခြင်းများ၊ မြန်မာနိုင်ငံသားတို့၏ ရပိုင်ခွင့်များ၊ တရားမျှတမှုများ၊ဆောင်ရွက်သည့်အပြင် လူမှုရေး နိုင်ငံရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အလေးထားဆောင်ရွက်ပါသည်။
ပန်းတိုင်
ကျွန်ုပ်တို့၏ ပန်းတိုင်မှာ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ယဉ်ကျေးမှု၊ တရားမျှတမှု၊ တာဝန်ခံမှုနှင့် လူ့အခွင့်အရေး စည်းရုံး လှုံ့ဆော်ရေးယန္တရားများ အားကောင်းလာစေရန်။














ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။