UPR တတိယအကြိမ် ကာလစက်ဝန်း အစီရင်ခံစာ (၂၀၂၀ ပြည့်နှစ်)

0

Burma/Myanmar UPR ဖိုရမ်သည် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးများကို ကောင်းမွန်အောင် မြှင့်တင်ရန် ဆောင်ရွက်နေသော အရမ်းဖက်လူမှုအဖွဲ့အစည်းပေါင်း ၂၉ဖွဲ့တို့နှင့် ဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့ဖြစ်ပါသည်။ ၂၀၁၀ ပြည့်နှစ် စတင်တည်ထောင်ခဲ့စဉ်က ဖိုရမ်သည် မြန်မာနိုင်ငံ၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် UPR စက်ဝန်းများအတွက် ညွှန့်ပေါင်းပါဝင် သက်ဆိုင်သူ အစီရင်ခံစာများကို ပူးပေါင်းတင်ပြခဲ့သည်။ ဖိုရမ်သည် မိမိတို့ လုပ်ငန်းများကြောင့် တာဝန်ယူမှု တာဝန်ခံမှု ဖြစ်ပေါ်စေရန် မျှော်မှန်း၍ မြေပြင်အခြေအနေရှိ လူ့အခွင့်အရေးများကို စောင့်ကြပ် ကြည့်ရှုပါသည်။
ဒုတိယအကြိမ် ကာလ စက်ဝန်းတွင် မြန်မာနိုင်ငံသည် အကြံပြုချက်ပေါင်း ၂၈၁ ခု လက်ခံရရှိခဲ့ပြီး ၁၆၆ ခုတို့ကို “လက်ခံ” ခဲ့ကာ ၁၅ခုကို “မှတ်သား”ခဲ့သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံး သုံးသပ် ဆန်းစစ်ချက် ပြီးဆုံးပြီးနောက် အပြုသဘောဆောင်သည့် အပြောင်းအလဲ အနည်းငယ်သာ ဖြစ်ပေါ်သေးပြီး ၎င်း၏ လူ့အခွင့်အရေး မှတ်တမ်းများသည် တိမ်ကောလျက်ရှိဆဲ ဖြစ်သည်။

Share.