အခြေခံလူ့အခွင့်အရေးအမြင်ဖွင့် ၅ ရက်တာသင်တန်း သရေခေတ္တရာမြို့ (ပြည်)မြို့တွင်ကျင်းပပြီးစီး

Equality Myanmar February 27, 2018
ညီမျှခြင်း မြန်မာအဖွဲ့မှ ဦးဆောင်ပြီး ဒေသခံ HREN နည်းပြများနှင့် ဒေသခံများ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၁၈ ခုနှစ်၏ ပထမဆုံး အခြေခံလူ့အခွင့်အရေးအမြင်ဖွင့်သင်တန်းကို ယခုလ ၁၉ – ၂၃ ဖေဖေါ်ဝါရီ ၂၀၁၈ ရက်နေ့တွင် ပြည်မြို့ ကမ်းနားလမ်း မြန်မာ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် သင်တန်းသား သင်တန်းသူ (၂၆) ဦးတို့နှင့် ပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။
သင်တန်းတွင် ညီမျှခြင်းမြန်မာအဖွဲ့မှ သင်တန်းနည်းပြ မကြည်ဖြူ နှင့် လူ့အခွင့်အရေးပညာပေးသူများ ကွန်ယက်မှ ကိုပိုင်ဆက်။ မဆုရတီတို့မှ လူ့အခွင့်အရေး အခြေခံသဘောတရားများ။ သမိုင်းကြောင်း UDHR ပေါ်ပေါက်လာမှှု နှင့်UDHR ကြေညာစာတမ်းပါအခွင့်အရေးအပိုဒ်များ အခွင့်အရေးအမျိုးအစားနှင့် အုပ်စုလိုက် အခွင့်အရေး နှင့်လူ့အခွင့်ရေးတွင် အစိုးရ၏ တာဝန်ရှိမှု တာဝန်ယူမှု လူအခွင့်အရေးလုပ်ငန်းစဉ် တိုင်ကြားနိုင် သည့်နေရာဌာနများ ကိုစိတ်ဝင်စားဖွယ် ဇာတ်လမ်းရုပ်ရှင်များ သမိုင်းမှတ်တမ်းပုံများနှင့် သင်တန်းသား ဗဟိုပြု ဆွေးနွေး ပို့ချမှုများကိုလုပ်ဆောင်ခဲ့ကြသည်။
ယခုသင်တန်းတွင် အရပ်ဖက်အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေသူများ အုပ်ချုပ်ရေးပိုင်းတွင် တာဝန် ယူထားသော ဆယ်အိမ်မှူး ရာအိမ်မှူးနှင့် ကျောင်းသား လူငယ်များတက်ရောက်ခဲ့ကြပြီး ၅ ရက်တာအတွင်း မိမိတို့၏ အမြင်သဘောထားများ အပြုအမှုများကို ပြောင်းလဲစေရန်နှင့် လူ့အခွင့်အရေးအသိများ သိရှိပြီး လိုက်နာကျင့်သုံးသွားကြရန် ထိုမှတဆင့်ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးလုပ်ငန်းစဉ်များတွင်လည်း လုပ်ဆောင်နိုင်ရန်အတွက်ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ ယခုသင်တန်းသည်လူတစ်ယောက်၏ ခံစားခွင့်လုပ်ဆောင်ခွင့်ကို သိရှိခဲ့ပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးပိုင်းတွင် အခြေခံလူတန်းစားများအတွက် အကူအညီလိုအပ်ရင် ဘယ်လိုကူညီဖြေရှင်းပေးရမလဲဆိုတဲ့ အတွေးအခေါ် တွေ ရရှိလိုက်တယ်။ တစ်ချိန်ထဲမှာ ယခင်က ဆိုလျှင် ရပ်ကွက်လူကြီးဖြစ်တာကြောင့် ရပ်ရွာအတွင်းရှိ လူထု အပေါ် တွင် ၎င်းတို့ဆန္ဒမပါပဲ လုပ်ဆောင်ခိုင်းတာများရှိခြင်း ယခုအချိန်မှာ လူ့အခွင့်အရေးကို နားလည်တာ ကြောင့် ဒီအရာတွေက ချိုးဖေါက်မှုဆိုတာကိုသိလာတယ် ကိုယ်ချင်းစာတရားထားဖို့နှင့် စာနာမှုတွေရှိ ဖို့လို အပ်လာတယ်ဆိုတာကိုလည်း နားလည်လာပါတယ်လို့ သင်တန်းတက်ရောက်လာသူ ဆယ်အိမ်မှုး အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ကိုအောင်ချစ်မင်းက ပြောဆိုခဲ့ပါသည်။”

“ လူတိုင်းအတွက် အခြေခံလိုအပ်ချက်များသည် တန်းတူညီမျှမှုရရှိသင့်သည်ကို ယခုသင်တန်းတွင်းပင် သိရှိ လိုက်ရပြီး အခြားအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်မှုပိုင်းတွင် ညှိနိုင်းဆွေးနွေး တိုင်ပင်ခြင်းဖြင့် အကျိုးများရ ရှိနိုင်ကြောင်းကိုလည်း သိရှိခဲ့ရသည်။ ယခုသင်တန်း၏ ခေါင်းစဉ်တခုဖြစ်သည့် လူ့အခွင့်အရေး လုပ်ငန်းစဉ် ဖြစ်သည့် ပညာပေး ။ မှတ်တမ်းတင် ။ စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများကို ရပ်ရွာအတွင်း ပြန်လည် ဖြန့်ဝေမှုများ လုပ်ဆောင်သွားပြီးဒေသတွင်းမှာပိုမိုလုပ်ဆောင်ဖို့အတွက်လိုအပ်နေကြာင်းထင်မြင်ယူဆမိပါသည်ဟု သင်တန်း တက်ရောက်သူ ကိုဆုမှလည်း ယခုကဲ့သို့ပြောဆိုခဲ့ပါသည်။ “