About equalityMM
This author has yet to write their bio.Meanwhile lets just say that we are proud equalityMM contributed a whooping 410 entries.
Entries by equalityMM
မြန်မာနိုင်ငံက နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ် ICESCR ကို အတည်ပြုလက်မှတ်ရေးထိုး
October 10, 2017 in သတင်း /by equalityMMEquality MyanmarOctober 10, 2017 မြန်မာနိုင်ငံက နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ်ကို (International Covenant on Economic, Social and Cultural Rights – ICESCR) စာချုပ်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့မှာ အတည်ပြုလက်မှတ်ရေးထိုးလိုက်ပါတယ်… ဒါကြောင့် ဒီစာချုပ်အကြောင်း သိကောင်းစရာလေးတွေ ပြငဆင်ရေးသားပေးလိုက်ပါတယ်…. (၁) နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ်ကို (International Covenant on Economic, Social and Cultural Rights – ICESCR) စာချုပ်ဆိုတာ ဘာလဲ၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွန်းတွေကို လေးစားလိုက်နာဖို့ ပြဌာန်းထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွန်းတွေရှိပါတယ်။ ကြေညာစာတမ်းတခုနဲ့ […]
လူ့အခွင့်အရေးစကားသံ အပိုင်း(၁၀၇) နိုင်ငံတကာဒီမိုကရေစီနေ့ (ပထမပိုင်း)
October 3, 2017 in HR ပညာပေးရုပ်သံ, မာတီမီဒီယာ /by equalityMMလွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး
October 3, 2017 in သတင်း /by equalityMMEquality Myanmar October 3, 2017 ညီမျှခြင်း မြန်မာ အဖွဲ့မှ ဦးဆောင်ပြီး ရန်ကုန်မြို့ အခြေပြု လူငယ်လူထုများနှင့် လူ့အခွင့်ရေးစိတ်ပါဝင်စားသူ(၂၁) ဦးအား စက်တင်္ဘာလ ၂၈ မှ ၃၀ ရက်နေ့ထိ လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစာစုဝေးခွင့် စီ တန်းလှည့်လည်ခွင့် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခုကို ညီမျှခြင်း မြန်မာမှ နည်းပြများဖြစ်သည့် ဦးဝေဖြိုးအောင်နှင့် ဒေါ်ကြည်ဖြူတို့မှ ဦးဆောင်ပြီး ၃ရက်တာ ဆွေးနွေးပွဲတခုကိုပြုလုပ်ဆောင်ရွက်ပြီးစီးခဲ့သည်။ ဆွေးနွေးပွဲ ရည်ရွယ်ချက်အရ အခြေခံ လူ့အခွင့်အရေးသင်တန်းပြီးနောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း ပါပိုဒ်များဖြစ်သည့် လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် လွတ်လပ်စွာ သတင်းရယူခွင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာအချက်များပေါ် တွင် အသေးစိတ်လေ့လာမှုများထက်ဆင့်လုပ်ဆောင်နိုင်ရန်နှင့် ပြည်တွင်းဥပဒေများနှင့် ချိတ်ဆက်လေ့လာမှုများပြုလုပ် နိုင်ရန် ရွယ်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ဆိုင်ရာ နိုင်ငံတကာ စံသက်မှတ်ချက်များ ငြိမ်းချမ်းစွာ […]
အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးစီး
October 3, 2017 in သတင်း /by equalityMMEquality Myanmar October 3, 2017 အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု အလုပ်ရုံဆွေးနွေးပွဲကို (Transitional Justice Workshop) စက်တင်ဘာလ ၁ ရက် မှ ၃ ရက်နေ အထိ သုံးရက်တိုင်ကျင်းပပြုလုပ်ခဲ့သည်။ အလုပ်ရုံ ဆွေးနွေး ပွဲကို ပုဇွန်တောင်မြို့နယ်၊ Orchid Hotel တွင် နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆွေးနွေး ပြုလုပ် ခဲ့ကြသည်။ တက်ရောက်သူသင်တန်းသားဦးရေ (၂၅) ဦးရှိခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ ကြသူများမှာ လူ့အခွင့်အရေးပညာပေးသူများကွန်ယက်(HREN)မှ နည်းပြများအများစုပါ ဝင်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်းရှိ NGOs၊ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများမှလည်းပါဝင်ဆွေးနွေးခဲ့ကြသည်။အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကိုဆရာ ဦးစိုင်းမြင့်သူ မှ ဦးဆောင်ဆွေးနွေးပေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် […]
လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူအကြား လွယ်လွယ်ကူကူ ဆက်သွယ်နိုင်မဲ့ ပွင့်လင်း လွှတ်တော် Application ကို စတင်မိတ်ဆက်
September 19, 2017 in သတင်း /by equalityMMEquality Myanmar September 19, 2017 ပြည်သူတွေအနေနဲ့ မဲဆန္ဒနယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေထံ လွယ်လွယ်ကူကူဆက်သွယ်နိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆက်သွယ်ရမဲ့ ဖုန်း ၊ အီးမေးလ်း လိပ်စာတွေအပါအဝင် လွှတ်တော် ဆိုင်ရာအချက်အလက်တွေ ပါဝင်တဲ့ ပွင့်လင်းလွှတ်တော် Applicationကို ဒီကနေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက်မှုနဲ့ လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း အဲဒီ Application ကနေ တဆင့်ကြည်ရှူ့နိုင်မှာ ဖြစ်ပါတယ်။ ချတ်ထရီယံ ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ အဲဒီအခမ်းအနားကို My Fifth Estate , Equality Myanmar နဲ့ နယ်သာလန်သံရုံးတို့က ပူးပေါင်းစီစဉ်တင်ဆက်ခဲ့တာဖြစ်ပါတယ်။ BBC News
လာရှိုးမြို့က အားလုံးအတွက် လူ့အခွင့်းအရေး
September 18, 2017 in သတင်း /by equalityMMEquality Myanmar September 18, 2017 ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက် မှ ၉ရက်နေ့ ထိ “အားလုံးအတွက်လူ့အခွင့်အရေး” သင်တန်းကို လားရှိုးမြို့တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေး အသင်းတောများမှ ကိုယ်စားလှယ်များဖြင့် လူ့အခွင့်အရေး၊ စည်းရုံးလှုံ့ဆော်ရေးနှင့် ခေါင်းဆောင်မှုစသည့် ခေါင်းစဉ်များကို ဆွေးနွေးလေ့လာမှု သင်တန်းတခု ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းသူ၊ သင်တန်းသား(၂၃)ဦးပါဝင်ပြီး၊ ၎င်းတို့မှာ Metta၊ နောင်လိုင် အမျိုးသမီးများ အဖွဲ့၊ လူမျိုးစုံလူငယ်ပေါင်းစုံအဖွဲ့၊ ဝ လူငယ်၊ ရှမ်းပြည်နယ် လီဆူးအသင်းတော်၊ မိန်ရွမ်း နှစ်ခြင်းအသင်း တော်၊ ကချင်နှစ်ခြင်းအသင်းတော်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ တအောင်းလူငယ် ယဉ်ကျေးမှု၊ နာဇရက်လားဟူ အမျိုးသမီးအဖွဲ့၊ ဝ နားဖ အမျိုးသမီးအဖွဲ့၊ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ ကလေးသူငယ်ကာကွယ်ရေးပြုစုရေးအဖွဲ့ စသောအဖွဲ့များမှ […]
ကရင်ပြည်နယ် ဘားအံမြို့က Gender & Women Rights Workshop
August 29, 2017 in သတင်း /by equalityMMEquality Myanmar August 29, 2017 ကရင်ပြည်နယ် ဘားအံမြို့တွင် Gender & Women Rights Workshop တစ်ခုကို သြဂုတ်လ ၂၄ ရက် ၂၀၁၇ မှ ၂၆ ရက် ၂၀၁၇ ထိ (၃)ရက် တာ ဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာ (ရန်ကုန်)မှ ကိုနေလင်းထိုက်နှင့် မကြည့်ဖြူတို့က ဦးဆောင်ဆွေးနွေးသူများ အဖြစ်ကျင်းပပြုလုပ်ဆွေးနွေး ခဲ့သည်။ ဘာတွေဆွေးနွေးခဲ့သလဲ ဆိုတာကို မပြောခင် ယခုဆွေးနွေးပွဲကြောင့် ဘာတွေပြောင်းလဲသွားသလဲဆိုတာကို အရင်ဆုံးကြည့်လိုက်ကြရအောင် “ ကျွန်တော်အနေနဲ့ ဒီ အလုပ်ရုံဆွေးနွေးပွဲမှာ ထူးထူးခြားခြား သိလိုက်တာက လိင်နဲ့ လိင်အခြေပြု အမြင် နှစ်ခုရဲ့ ကွာခြားချက်ကို သိလိုက်တာပါပဲ။ လိင်အခြေပြုအမြင်တွေကြောင့်ပဲ ကျွန်တော်တို့ တွေဟာ ကျားဆိုတဲ့ ပုံစံခွက်နဲ့၊ […]
အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်း လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်၏ ထုတ်ပြန်ကြေညာချက်
August 29, 2017 in ထုတ်ပြန်ချက်များ /by equalityMMလူ့အခွင့်အရေးဆိုသည်မှာ လူသားအားလုံးနှင့် သက်ဆိုင်သည်။ မည်သူအပေါ်တွင် မည်သည့် အကြောင်း ကြောင့်နှင့်မှ ခွဲခြားခြင်းမပြုရဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁) နှင့် (၂) တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် ထိုကြေညာစာတမ်း၏ စကားချီးတွင် “လူခပ်သိမ်း၏ မျိုးရိုး ဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း” ဟု တိကျစွာရေးသားထားသည်။ လူ့အခွင့်အရေးသည် ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသည်။ လူပေါင်းများ စွာသေဆုံးခဲ့ရသော ကမ္ဘာစစ်ကြီးနှစ်ခုအပြီးတွင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသော အမုန်းတရားကို အခြေခံသည့် လူမျိုးတုန်းစစ်ပွဲများ၊ မတရားကျေးကျွန်ပြုမှုများ၊ သက်ဦးဆံပိုင်အာဏာရှင်စံနစ်များကို သမိုင်းသင်ခန်းစာယူလျက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကြီးကို ရေးဆွဲပြီး လူသားတို့၏ မူလအခွင့်အရေးဖြစ်သော လွတ်လပ်ခွင့်၊ ဂုဏ်သိက္ခာနှင့်အညီအသက်ရှင်သန်ပိုင်ခွင့်ကို နိုင်ငံတကာအနေဖြင့် ကာကွယ်တာဝန်ယူရန်ဆောင်ရွက်ဖေါ်ထုတ်လိုက်ခြင်းဖြစ်သည်။ […]
EQMM အကြောင်း
ညီမျှခြင်း–မြန်မာ” (ယခင်–လူ့အခွင့်အရေးပညာပေးဌာန-(မြန်မာနိုင်ငံ) HREIB)” သည် အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အခြေခံပြည်သူ လူထုများအတွက်ဦးတည်၍ လူ့အခွင့်အရေးပညာပေးခြင်း အစီအစဉ်များ၊ စည်းရုံးလှုံ့ဆော်ခြင်းအစီအစဉ်များနှင့် သုတေသနအစီအစဉ်များကို လုပ်ဆောင် နေလျက်ရှိသည်။
Business Hours
Our support Hotline is available 24 Hours a day: (555) 343 456 7891
- Monday-Friday: 9am to 5pm
- Saturday: 10am to 2pm
- Sunday: Closed
နောက်ဆုံးရသတင်း
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | ||||||
2 | 3 | 4 | 5 | 6 | 7 | 8 |
9 | 10 | 11 | 12 | 13 | 14 | 15 |
16 | 17 | 18 | 19 | 20 | 21 | 22 |
23 | 24 | 25 | 26 | 27 | 28 | 29 |
30 | 31 |