လာရှိုးမြို့က အားလုံးအတွက် လူ့အခွင့်းအရေး

Equality Myanmar September 18, 2017
ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက် မှ ၉ရက်နေ့ ထိ “အားလုံးအတွက်လူ့အခွင့်အရေး” သင်တန်းကို လားရှိုးမြို့တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေး အသင်းတောများမှ ကိုယ်စားလှယ်များဖြင့် လူ့အခွင့်အရေး၊ စည်းရုံးလှုံ့ဆော်ရေးနှင့် ခေါင်းဆောင်မှုစသည့် ခေါင်းစဉ်များကို ဆွေးနွေးလေ့လာမှု သင်တန်းတခု ပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ၊ သင်တန်းသား(၂၃)ဦးပါဝင်ပြီး၊ ၎င်းတို့မှာ Metta၊ နောင်လိုင် အမျိုးသမီးများ အဖွဲ့၊ လူမျိုးစုံလူငယ်ပေါင်းစုံအဖွဲ့၊ ဝ လူငယ်၊ ရှမ်းပြည်နယ် လီဆူးအသင်းတော်၊ မိန်ရွမ်း နှစ်ခြင်းအသင်း တော်၊ ကချင်နှစ်ခြင်းအသင်းတော်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ တအောင်းလူငယ် ယဉ်ကျေးမှု၊ နာဇရက်လားဟူ အမျိုးသမီးအဖွဲ့၊ ဝ နားဖ အမျိုးသမီးအဖွဲ့၊ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ ကလေးသူငယ်ကာကွယ်ရေးပြုစုရေးအဖွဲ့ စသောအဖွဲ့များမှ လူငယ်များ၊ စေတနာ့ဝန်ထမ်းများ၊ တာဝန်ခံများ၊ အဖွဲ့ဝင်များ ပါဝင်ခဲ့ကြသည်။

သင်တန်းတက်ရောက်လာသူ တစ်ဦးမှ “စည်းရုံးလှုံဆော်သူတစ်ယောက်ရဲ့ ပြဿနာ အရင်းအမြစ်တွေ ဘယ်လိုသုံးသပ်ရမယ်ဆိုတာ သိလာတယ်။ ကိုယ်တိုင်က စည်းရုံးလှုံ့ဆော်သူတစ်ယောက် ဖြစ်ချင်လျှင် မိမိကိုယ်ကို အရင်ဆုံးပြောင်းလဲရမယ်ဆိုတာ သိမြင်မိပါတယ်”လို့ သင်တန်းမှလေ့လာမှုရရှိလိုက် ကြောင်းပြောပါသည်။

ထိုစီမံကိန်းကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့ရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ နှင့် အစိုးရဌာနဆိုင်ရာအဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြှင့် တင်ပေးခြင်း၊ လူ့အခွင့်အရေးနှင့်ပတ်သက် သော သင်တန်းများအပြင် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ကွန်ယက်အဖွဲ့များအား ၎င်းတို့၏ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးနှင့်ပတ်သက်သော စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှုများလည်း ပံ့ပိုးပေးသွား မည်ဖြစ်ပါသည်။

“အားလုံးအတွက် လူ့အခွင့်အရေး”စီမံကိန်းကို လူ့အခွင့်အရေး လှုပ်ရှားနေသော အရပ်ဘက်အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်မှု၊ ကွန်ယက်ချိတ်ဆက်မှုများနှင့် အပြန်အလှန်ဆက်သွယ်မှုများ အားကောင်း လာစေရန် ပြုလုပ်ပေးပြီး ထိုမှတဆင့် အစိုးရဌာနဆိုင်ရာများနှင့်လည်း ပူးပေါင်းဆောင် ရွက်လာစေရန်၊ ထိုမှ ပြည်နယ်တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့်နှင့် နိုင်ငံတကာ အဆင့်ညှိနှိုင်း၊ ချိတ်ဆက် ဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများအား ကောင်းလာစေရန် အဓိကရည်ရွယ်ပြီး လုပ်ဆောင် သွားကြမည်ဖြစ်သည်။
ထိုစီမံကိန်းကို ညီမျှခြင်းမြန်မာအဖွဲ့၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့နှင့် DCA-NCAအဖွဲ့တို့က ဥရောပသမဂ္ဂ၏ ရံပုံငွေအထောက်ပံ့ဖြင့် အကောင်အထည်ဖော်လုပ်ဆောင်းခြင်းဖြစ်သည်။