လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူအကြား လွယ်လွယ်ကူကူ ဆက်သွယ်နိုင်မဲ့ ပွင့်လင်း လွှတ်တော် Application ကို စတင်မိတ်ဆက်

Equality Myanmar September 19, 2017
ပြည်သူတွေအနေနဲ့ မဲဆန္ဒနယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေထံ လွယ်လွယ်ကူကူဆက်သွယ်နိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆက်သွယ်ရမဲ့ ဖုန်း ၊ အီးမေးလ်း လိပ်စာတွေအပါအဝင် လွှတ်တော် ဆိုင်ရာအချက်အလက်တွေ ပါဝင်တဲ့ ပွင့်လင်းလွှတ်တော် Applicationကို ဒီကနေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက်မှုနဲ့ လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း အဲဒီ Application ကနေ တဆင့်ကြည်ရှူ့နိုင်မှာ ဖြစ်ပါတယ်။

ချတ်ထရီယံ ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ အဲဒီအခမ်းအနားကို My Fifth Estate , Equality Myanmar နဲ့ နယ်သာလန်သံရုံးတို့က ပူးပေါင်းစီစဉ်တင်ဆက်ခဲ့တာဖြစ်ပါတယ်။

BBC News