လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

Equality Myanmar October 3, 2017
ညီမျှခြင်း မြန်မာ အဖွဲ့မှ ဦးဆောင်ပြီး ရန်ကုန်မြို့ အခြေပြု လူငယ်လူထုများနှင့် လူ့အခွင့်ရေးစိတ်ပါဝင်စားသူ(၂၁) ဦးအား စက်တင်္ဘာလ ၂၈ မှ ၃၀ ရက်နေ့ထိ လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစာစုဝေးခွင့် စီ တန်းလှည့်လည်ခွင့် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခုကို ညီမျှခြင်း မြန်မာမှ နည်းပြများဖြစ်သည့် ဦးဝေဖြိုးအောင်နှင့် ဒေါ်ကြည်ဖြူတို့မှ ဦးဆောင်ပြီး ၃ရက်တာ ဆွေးနွေးပွဲတခုကိုပြုလုပ်ဆောင်ရွက်ပြီးစီးခဲ့သည်။


ဆွေးနွေးပွဲ ရည်ရွယ်ချက်အရ အခြေခံ လူ့အခွင့်အရေးသင်တန်းပြီးနောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း ပါပိုဒ်များဖြစ်သည့် လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် လွတ်လပ်စွာ သတင်းရယူခွင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာအချက်များပေါ် တွင် အသေးစိတ်လေ့လာမှုများထက်ဆင့်လုပ်ဆောင်နိုင်ရန်နှင့် ပြည်တွင်းဥပဒေများနှင့် ချိတ်ဆက်လေ့လာမှုများပြုလုပ် နိုင်ရန် ရွယ်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ဆိုင်ရာ နိုင်ငံတကာ စံသက်မှတ်ချက်များ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် သက်ဆိုင်သည့် အချက်များ အခွင့်အရေးများနှင့် ကန့်သတ်ချက်များ အကျိုးရလာဒ်များကိုလေ့လာပြီး နိုင်ငံတွင်း ထုတ်ဖေါ်ပြောဆိုခွင့် သတင်းရယူခွင့် ဆက်သွယ်ရေးဆိုင်ရာနှင့် ငြိမ်းစုစီ ဥပဒေ များနှင့်ချိတ် ဆက်လေ့လာမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


ဆွေးနွေးမှုပြုလုပ်ခဲ့သည့် အချက်အလက်များပေါ်မူတည်ပြီး ရှေ့ဆက် အစိုးရကိုဘယ်လိုတောင်းဆိုမှုများပြုလုပ်သွားနိုင် မလဲဆိုသည့် လူငယ် လူထုများ၏ အသံများကိုလည်း ယခုဆွေးနွေးပွဲတွင်စုစည်းမှု နှင့် အကြုံပြုချက်များရယူနိုင်ခဲ့သည်။
လူငယ်တွေဘာတွေပြန်လုပ်ကြမှာလဲ သူတို့ ဘယ်လိုအကျိုးရလာဒ်တွေ ရပြီးတော့ ဘာတွေပြန်လုပ်ကြမှာလဲဆိုတာ Video လေးကိုဖွင့်ကြည့်ပြီး လူငယ်တွေရဲ့ အသံကို နားထောင်ကြည့်လိုက်ကြရအောင်နော်။


တချို့လူငယ်တွေရော ဘာတွေပြောသလဲ ထုတ်ဖေါ်ပြောဆိုခွင့် စုဝေးခွင့်တွေကြောင့် ဘယ်လိုအကျိုးရလာဒ်တွေရလာနိုင်မလဲ ဆိုတဲ့ သူတို့ရဲ့ အသံတွေကတော့
“လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ အခွင့်အရေးတွေ စာချုပ်တွေပြန်ပြီးတော့ လေ့လာခွင့်ရရှိခဲ့တယ်။နောက်ပြီး FoE နဲ့ပတ်သတ်တဲ့ အချက်တွေထဲမှာမှ ခွင့်ပြုထားတဲ့ အရာတွေ ကန့်သတ်ထားတဲ့ အရာတွေကိုလည်းလေ့လာ ခွင့်ရရှိခဲ့တယ် ဥပဒေ ပညာရှင် မဟုတ်ပင်မဲ့ ရှင်းလင်းပြသမှု ဆွေးနွေးမှု များကြောင့် ဥပဒေအကြောင်းအရာများကိုလေ့လာသိရပြီးတော့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဆိုတိုင်း အားလုံး ခွင့်ပြုရတာမဟုတ်ပဲနှင့် တချို့ ကန့်သတ်သင့်သည့် အရာများရှိနေကြောင်းကိုလည်းသိရှိခဲ့ရပါတယ်။ လောလောဆယ်မှာ ဥပဒေပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီးတော့ ကျောင်းတက်ဖို့ ပြင်ဆင်ထားတယ် နောက်ပိုင်းမှာတော့ ကိုယ်သာ ဥပဒေပညာရှင်း အတကယ်ဖြစ်ခဲ့တဲ့အခါမှာ ဘယ်လိုတွေလုပ်ဆောင်သွားရမယ် ဆိုတာကို စဉ်းစားတွေးခေါ်တက်လာတယ်ခဲ့ပါ တယ်လို့ ပထမနှစ် ဥပဒေကျောင်းသူ တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ မသဉ္ဖာဇော် ကအခုလိုပြောဆိုခဲ့ပါတယ် “