Entries by equalityMM

ကလေးသူငယ်အခွင့်အရေးဥပဒေမူကြမ်းထဲက ကလေးမွေးစားခြင်းဆိုတာ ဘာကို ဆိုလိုတာလဲ

မွေးစာရင်းရရှိခွင့်ဆိုတဲ့အကြောင်းရေးသားခဲ့ပြီး ကလေးသူငယ်အခွင့်အရေးဥပဒေမှာ အငြင်းပွားနေကြတဲ့ ကလေးမွေးစားခြင်းဆိုတဲ့အကြောင်း ထပ်ရေးဖို့ ပြင်ထားပေမဲ့ အကြောင်းအရာပေါင်းစုံတွေပေါ်လာတာကြောင့် ဒီစာကို စာရေးဖို့နောက်ကျသွားခဲ့ပါတယ်.. ကိုယ်မရေးနိုင်ပေမဲ့ ဒီအတောအတွင်း တခြားသူတွေက ရေးသားရှင်းပြတာတွေ၊ ဒေါက်တာမြဉာဏစိုးနဲ့ လဝက၀န်ကြီးကိုယ်တိုင်ရှင်းပြတာတွေရှိလာတော့ ကိုယ်တောင် ရှင်းပြစရာသိပ်မလိုတော့ဘူးဖြစ်သွားပါတယ်… ကလေးများကို မွေးစားခြင်းနဲ့ပတ်သက်လို့ စိတ်ပူကန့်ကွက်နေတဲ့အကြောင်းအရာကို သေသေချာချာပြန်လေ့လာကြည့်တဲ့အခါ အခုလက်ရှိကလေးသူငယ်အခွင့်အရေးစာချုပ်မှာ ကလေးတွေကို မွေးစားခွင့်ပြုတဲ့ပုဒ်မကို ထည့်သွင်းထားတဲ့အတွက် နိုင်ငံသားမဟုတ်သူ ကလေးတွေကို နိုင်ငံသားဖြစ်တဲ့မိဘနှစ်ပါးက မွေးစားနိုင်တဲ့အတွက် နိုင်ငံခြားသားကလေးတွေအမြောက်အများ နိုင်ငံသားဖြစ်လာနိုင်ပြီး လူမျိုးရေးဝါးမျိုမှုဖြစ်နိုင်တယ်လို့ စိုးရိမ်နေတာကို တွေ့ရပါတယ်.. ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံသားမဟုတ်တဲ့ “ရိုဟင်ဂျာ” ကလေးတွေဟာ မွေးစားခွင့်ကိုအသုံးချပြီး မြန်မာနိုင်ငံသားဖြစ်လာမယ်.. နဂိုရှိပြီးသား လူမျိုးရေးပဋိပက္ခတွေ ပိုမိုကြီးထွားလာစေမယ်.. ကြာလာရင် လူမျိုးရေးဝါးမျိုမှုတွေ ဖြစ်စေမယ်ဆိုတဲ့ ကြောက်လန့်မှုရှိနေကြတာကို တွေ့ရပါတယ်.. ဒီကြားထဲမှာ နိုင်ငံရေးအရတိုက်ခိုက်မှုတွေဖြစ်တဲ့ လက်ရှိအစိုးရဟာ “ရိုဟင်ဂျာ” တွေကို နိုင်ငံသားဖြစ်လာစေဖို့ လမ်းဖွင့်ပေးဆိုတတာဖြစ်တယ်.. […]

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

Equality MyanmarJune 28, 2019 ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဇွန်လ ၂၇ ရက်နေ့က လူ့အခွင့် အရေး အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ တီးတိန်မြို့နေ ပြည်သူလူထုမှ တက်ရောက်ခဲ့ကြပြီး သင်တန်းသားဦးရေစုစုပေါင်း ၆၂ ဦး တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။ အရင်ကသင်တန်းမတက်ဖူးတော့ ဘာမှမသိဘူးပေါ့နော်။ အခုသင်တန်း တက်လိုက်တော့ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိတယ်ဆိုတယ်ကို သိလိုက်ရတယ်။ ဘယ်သူ့ကိုမှ ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ မစွပ် စွဲရဘူး၊ အပြစ်မရှိဘူးဆိုတာကို သိလိုက်ရပါတယ်။ (ဟောက်ဒက်ဆုန်)ထိုဟောပြောပွဲတွင် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်း ပါအခွင့်အရေး များ ကိုဆွေးနွေးခဲ့ပြီး လူ့အခွင့် အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ အရင်က တစ်ခုခုလုပ်ချင်တယ်ဆိုရင် ဒါလူ့အခွင့်အရေးဆိုပြီး […]

လုပ်ငန်းခွင်အတွင်း လိင်စိတ်ဝိသေသကွဲပြားမှုကို အဓမ္မဖော်ထုတ်ခံခဲ့ရပြီး နိုင်ထက်စီးနင့်ပြုကျင့်ခံခဲ့ရသည့် မောင်ကျော်ဇင်ဝင်းအတွက် တရားမျှတရေး စုပေါင်းတောင်းဆိုခြင်း

ထုတပွှနကွှညောခကွှ Equality Myanmar June 26, 2019 ရနကွုနွ၊ ဇှနလွ ၂၅ ရကနွေ့၊ ၂၀၁၉ ခုနှဈ မှနမွာ အငပွီးရီးယဲလတွကကြသိုလတွှငစွာကှည့တွိုကမွှူးအဖှဈတာဝနထွမွးဆောငနွသေော မောငကွှောဇွငဝွငွးသညွ၎င်းငျးငြးငွး၏လိငစွိတခွံယူမှုအား အဓမမြဖောထွုတဖွှင့ဟွစခှငွေး၊ ထိပါးနှောင့ယွှကခွံရခှငွး နှင့ွ အနိုငကွငှ့ခွံရခှငွးတို့အပှငလွုပငွနွးခှငအွတှငွး ဆိုးရှားစှာ ခှဲခှားဆကဆွံမှုနှင့နွိုငထွကစွီးနငွးပှုမူခံရမှုတို့၏ ဒဏကွှောင့မွိမိကိုယကွိုအဆုံးစီရငသွှားကှောငွး ကှားသိရသဖှင့မွှနမွာနိုငငွံလိငဝွိသသလကေခြဏာ၊ လိငစွိတခွံယူမှုကှဲပှားသူမှား လူမှုအသိုငွးအဝိုငွးအနဖှငေ့လွှနစွှာ ဝမွးနညွးကှကှေဲမိပါသညွ။အငြျဂလိပြ/မှနမြာ အပှညြ့အစုံရယူရနြ

ဖလမ်းမြို့၊ချင်းပြည်နယ်တွင် လူ့အခွင့်အရေးဟောပြောပွဲ

Equality MyanmarJune 26, 2019 လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ချင်းပြည်နယ်၊ ဖလမ်းမြို့၊ FBC ခမ်းမတွင် ဇွန်လ ၂၆ ရက်နေ့က ဆွေးနွေးဟောပြော ခဲ့ပါသည်။ ဟောပြောပွဲသို့ CISSI မှ ကျောင်းသူ ကျောင်းသားများနှင့် FBC မှ တရားဟောဆရာများအပါအဝင် သင်တန်းသားဦးရေစုစုပေါင်း ၄၁ ဦးတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ “ကျောင်းမှာတော့ ကျမ သဘောအကျဆုံးဘာသာရပ်က လူ့အခွင့် အရေးဖြစ်တယ်။ အရင်ကသိထားတာက ကိုယ့်အခွင့်အရေးကိုပဲ သိထားတယ်။ ငါ့အခွင့်အရေးပဲ ငါနေချင်သလိုနေမယ်ဆိုပြီး ထင်တယ်။ ဒါပေမယ့် အခုသိလိုက်ရတာ က ကိုယ့်အခွင့်အရေးကို အသုံးချတဲ့အခါ အခြားသူတွေရဲ့ အခွင့်အရေးကိုလည်း လိုက်နာရမယ်ဆိုတာကို သိလိုက်တယ်။ နောက်ပိုင်းမှာလည်း အခြားသူတွေရဲ့ အခွင့်အရေး တွေကို မထိအောင် ဂရုတစိုက်နေထိုင် သွားမယ်လို့ ဆုံးဖြတ်ထား ပါတယ်။” လို့ပြောကြားထားပါတယ်။ […]

ကလေးသူငယ် ဥပဒေမူကြမ်းကို ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်း သုံးသပ်ချက်

Equality Myanmar June 24, 2019 ကလေးသူငယ် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆုံးဖြတ်ပြီး သမ္မတစီ လက်မှတ်ထိုးဖို့ ပို့ဆောင်ထားတုံး ဒီဥပဒေမူကြမ်းကို ကန့်ကွက်ပါတယ်ဆိုတဲ့ အသံတွေထွက်လာတာ၊ ဆန့်ကျင်ကန့်ကွက်ပါတယ်ဆိုတဲ့ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းနဲ့ နောက်ပိုင်းမှာ ကလေးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အမြတ်ထုတ် ခေါင်းပုံဖြတ်မှုတွေ၊ လစ်လျူရူမှုတွေ ကမ္ဘာနဲ့တဝှမ်း များပြားလာခဲ့တဲ့အတွက် ကလေးတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်ဆိုတာ နိုင်ငံအသီးသီးက လက်ခံလာခဲ့ကြပါတယ်။ နိုင်ငံအစိုးရအသီးသီးကို ကလေးတွေနဲ့ပတ်သက်လို့ အထူးလုပ်ဆောင်ဖို့ ၁၉၇၉ ခုနှစ်ကို ကမ္ဘာ့ကလေးများနှစ်အဖြစ်သတ်မှတ်ပြီး “တစ်ကိုးခွန်ကိုး ဘက်စုံတိုး ဖွံ့ဖြိုးမာန်သစ် ကလေးများနှစ်” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တပ်လှန့်ခဲ့ပါတယ်။ ဒီလိုကြိုးပမ်းမှုတွေကြောင့် ၁၉၈၉ ခုနှစ်မှာ နိုင်ငံတကာ ကလေးသူငယ်များအခွင့်အရေးစာချုပ် (Convention on the Rights […]

မြန်မာအစိုးရနဲ့ ၂၀၂၀ UPR အစီရင်ခံစာပြင်ဆင်မှု

Equality Myanmar- June 21, 2019 မြန်မာအစိုးရနဲ့ ၂၀၂၀ UPR အစီရင်ခံစာပြင်ဆင်မှု မြန်မာနိုင်ငံအနေနဲ့ Universal Periodic Review ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ၂၀၁၅ ခုနှစ်က ဒုတိယအကြိမ် သုံးသပ်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဝင်ရောက်အကြံပြုသလို အကြံပြုချက်တချို့ကိုလဲ မြန်မာနိုင်ငံအစိုးရက အကောင်အထည်ဖော်ပါမယ်လို့ လက်ခံခဲ့ပါတယ်။ အခုလာမဲ့ ၂၀၂၀ ဆိုရင် တတိယအကြိမ် သုံးသပ်မှု ခံယူရတော့မှာဖြစ်ပါတယ်။ ဒုတိယအကြိမ်သုံးသပ်ခံစဉ်က လက်ခံထားခဲ့တဲ့ အကြံပြုတင်ပြချက်တွေကို ဘယ်လောက်အကောင်အထည်ဖော်ခဲ့သလဲဆိုတဲ့အချက်တွေ၊ တိုးတက်လာမှုတွေ၊ ရင်ဆိုင်ရတဲ့ စိမ်ခေါ်မှုတွေကို အဓိကထား အစီရင်ခံရမှာဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံအားလုံးရဲ့ လူ့အခွင့်အခြေအနေကိုပုံမှန်သုံးသပ်တဲ့လုပ်ငန်းစဉ် Universal Periodic Review- UPR) အရ ၂၀၁၅ ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့ ဒုတိယအကျော့သုံးသပ်မှု ခံယူခဲ့ပြီး အဲ့ဒီအချိန်မှာ […]

ဥရောပသမဂ္ဂ – မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်း လူ့အခွင့်အရေးဆိုင်ရာဖိုရမ်

Equality Myanmar June 14, 2019 ဇွန်လ၊ ၁၂ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ ဥရောပသမဂ္ဂ – မြန်မာနိုင်ငံ အရပ်ဘက် အဖွဲ့အစည်း လူ့အခွင့်အရေးဆိုင်ရာဖိုရမ်ကို DCA-NCA ဦးစီးကျင်းပခဲ့ပါသည်။ ဖိုရမ်ပြုရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဥရောပသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာအထူးကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအစိုးရအဖွဲ့တို့ မတွေ့ဆုံမီ လူ့အခွင့်အရေးအတွက် လှုပ်ဆောင်ရွက်နေကြသော အရပ်ဘက်အဖွဲ့ အစည်းများနှင့်ကနဦးတွေ့ဆုံပြီး လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှား ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှု များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆွေးနွေးတင်ပြနိုင်ရန်ဖြစ်သည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့အစည်း ပေါင်း (၃၅)ဖွဲ့မှ ဆရာ၊ ဆရာမများတက်ရောက်ကာ (၁)နိုင်ငံရေးနှင် သက်ဆိုင်သော အခွင့်အရေး၊ (၂)မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်သော အခွင့်အရေး၊ (၃)အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးနှင့် (၄)တိုင်းရင်း […]

ပြည်တက္ကသိုလ်၌ အခြေခံလူ့အခွင့်အရေး အမြင်ဖွင့်သင်တန်းကျင်းပ

Equality Myanmar June 14, 2019ဇွန်လ ၅ ရက်မှ ၇ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ပြည်တက္ကသိုလ်တွင် Diakonia (People Change The World) ၏ ထောက်ပံ့မှုဖြင့် (၃)ရက်တာ “အခြေခံ လူ့အခွင့်အရေး အမြင်ဖွင့် သင်တန်း” ကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ တောင်ငူနည်း ပညာတက္ကသိုလ်၏ ဌာန(၁၃)ခုမှ စိတ်ပါဝင်စားသူ ဆရာ/ဆရာမပေါင်း (၂၅)ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ လူ့အခွင့်အရေးအယူအဆနှင့် အဓိပ္ပါယ်၊ လူ့အခွင့်အရေး အယူ အဆ သမိုင်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာ စာတမ်း ပေါ်ပေါက်လာပုံသမိုင်း ကြောင်းများ၊ အခွင့်အရေး အပိုဒ်များ အသေး စိတ်၊ လူ့အခွင့် အရေးအမျိုးအစားများ၊ အုပ်စုလိုက်အခွင့်အရေး၊ ပညာရေး […]

မြန်မာနိုင်ငံအတွက် တန်ပြန်အမုန်းစကား

တစ်ဦးထက်ပိုသော, ငြိမ်းချမ်းသောဒဏ်ခံနှင့်ဒီမိုကရေစီလူ့အဖွဲ့အစည်းဆီသို့လူ့အခွင့်အရေးဆိုင်ရာစွမ်းရည်တည်ဆောက်ရေးပြုကြရန်တွန်းအားပေးရန်မြန်မာနိုင်ငံ၏ဒေသခံအခြေအနေတွင်အမုန်းတရားမိန့်ခွန်းတန်ပြန်၏နည်းလမ်းများနှင့်စိန်ခေါ်မှုများအပေါ်အစီရင်ခံစာနှင့်အဓိကအချက်။

မြစ်ကြီးနား NLD အမျိုးသမီးလုပ်ငန်းကော်မတီနှင့် ညီမျှခြင်းမြန်မာတို့ ပူူူးပေါင်း ကျင်းပသော လူ့အခွင့်အရေး အမြင်ဖွင့်သင်တန်း

မေလ၊ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ မြစ်ကြီးနားမြို့၊ 101 စားသောက် ဆိုင်တွင် အမျိုးသမီးလုပ်ငန်း ကော်မတီနှင့် ညီမျှခြင်းမြန်မာတို့ ပူူူးပေါင်း ကျင်းပသော လူ့အခွင့်အရေးအမြင်ဖွင့်သင်တန်းကျင်းပပြီးစီးခဲ့ပါသည်။ သင်တန်းသို့ တနိုင်း၊ ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း၊ ရွှေကူ၊ လုံးခင်းမြို့နယ်တို့မှ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များနှင့် ဥက္ကဌ များပါဝင် စုစုပေါင်း (၄၀)ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ သင်တန်းဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် အစိုးရဌာနမှ ဝန်ကြီးများ တက်ရောက်၍ အားပေးစကားပြောကြားခဲ့ပါသည်။ “မိမိကိုယတှိုငှ လူ့အခှင့အှရေးမှားကို ခှိုးဖောကခှံနရပေါတယှ။ မိမိအကှိုး၊ မိသားစုအကှိုး၊ ရပရှှာအကှိုး၊ တိုငှးပှညှ နိုငငှံအကှိုး ရှိအောငှ လူ့အခှင့အှရေးသငတှနှးတကရှောကခှှငှးဖှင့ှ မှားစှာအကှိုး ရှိခဲ့ပါ တယှ။ လူ့အခှင့အှရေးသိရှိပှီးတဲ့ အခှိနကှစ ကိုယတှိုငလှညှး ခှိုးဖောကမှှု မဖှဈရလအေောငှ […]