မြန်မာအစိုးရနဲ့ ၂၀၂၀ UPR အစီရင်ခံစာပြင်ဆင်မှု

Equality Myanmar- June 21, 2019
မြန်မာအစိုးရနဲ့ ၂၀၂၀ UPR အစီရင်ခံစာပြင်ဆင်မှု

မြန်မာနိုင်ငံအနေနဲ့ Universal Periodic Review ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ၂၀၁၅ ခုနှစ်က ဒုတိယအကြိမ် သုံးသပ်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဝင်ရောက်အကြံပြုသလို အကြံပြုချက်တချို့ကိုလဲ မြန်မာနိုင်ငံအစိုးရက အကောင်အထည်ဖော်ပါမယ်လို့ လက်ခံခဲ့ပါတယ်။ အခုလာမဲ့ ၂၀၂၀ ဆိုရင် တတိယအကြိမ် သုံးသပ်မှု ခံယူရတော့မှာဖြစ်ပါတယ်။ ဒုတိယအကြိမ်သုံးသပ်ခံစဉ်က လက်ခံထားခဲ့တဲ့ အကြံပြုတင်ပြချက်တွေကို ဘယ်လောက်အကောင်အထည်ဖော်ခဲ့သလဲဆိုတဲ့အချက်တွေ၊ တိုးတက်လာမှုတွေ၊ ရင်ဆိုင်ရတဲ့ စိမ်ခေါ်မှုတွေကို အဓိကထား အစီရင်ခံရမှာဖြစ်ပါတယ်။

ကမ္ဘာနိုင်ငံအားလုံးရဲ့ လူ့အခွင့်အခြေအနေကိုပုံမှန်သုံးသပ်တဲ့လုပ်ငန်းစဉ် Universal Periodic Review- UPR) အရ ၂၀၁၅ ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့ ဒုတိယအကျော့သုံးသပ်မှု ခံယူခဲ့ပြီး အဲ့ဒီအချိန်မှာ ပါဝင်တဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃)နိုင်ငံက အကြံပြုချက်ပေါင်း (၂၈၁)ချက် ချမှတ်ခဲ့ပါတယ်။
 အဲ့ဒီအကြံပြုချက်အထဲက မြန်မာနိုင်ငံအနေနဲ့ –
 (က)လက်ခံခဲ့တဲ့ အကြံပြုတိုက်တွန်းချက်ပေါင်း ၁၃၅ ရပ်
 (ခ)မူအားဖြင့် လက်ခံခဲ့တဲ့ အကြံပြုချက်ပေါင်း ၃၀ ရပ်
 (ဂ)တစိတ်တပို်င်းလက်ခံခဲ့သော အကြံပြုတိုက်တွန်းချက်ပေါင်း ၁ ရပ်
 စုစုပေါင်း ၁၆၆ ရပ် ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အစပိုင်းလောက်မှာ မြန်မာနိုင်ငံအစိုးရက UPR နဲ့ ပြင်ဆင်မှုတွေ အနည်းငယ်စတင်လုပ်လာတာကို သတိထားမိတယ်။
လွှတ်တော်အတွင်းမှာလဲ ဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုတွေရှိလာခဲ့ပါတယ်။၂၀၁၉ ခုနှစ် မေလ (၂၁ )ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် Dr ခွန်ဝင်းသောင်းက နောက်လာမည့် UPR တတိယ အကြိမ် သုံးသပ်မှုအစီရင်ခံစာအတွက် အဆင့်သင့်ဖြစ်မဖြစ် လက်ရှိအနေအထား၏ လိုအပ်မှုရှိမရှိသိရှိုနိုင်ရန် ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လာရောက်ဖြေကြားခဲ့ပါတယ်။

သူ့ရဲ့ဖြေကြားချက်ထဲမှာ UPR ဒုတိယအကြိမ်အကြံပြုတိုက်တွန်းချက်များကို အကောင်ထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် “Universal Periodic Review (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးအမျိုးသားအဆင့်ကော်မတီကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီအမျိုးသားအဆင့်ကော်မတီမှာ ဥက္ကဌအဖြစ် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အတွင်းရေးမှူး အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် အောင်သူ၊ အဖွဲ့ဝင် ၁၈ ဦး၊ ဥက္ကဌ မှတာဝန်ပေးသော အဖွဲ့ဝင်များမှ အတွင်းရေးမှုးများ၊ တွဲဖက်အတွင်းရေးမှုး ၂ ဦး၊ စုစုပေါင်း- အဖွဲ့ဝင် (၂၅) ဦးဖြင့် ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ဒုတိယအကြော့ အစီရင်ခံစာ အကြံပြုတိုက်တွန်းချက် ၁၆၆ ချက်မှ တူညီမှု၊ နီးစပ်မှုအလိုက် အခြေခံ၍ အဓိကကဏ္ဍ ၁၂ ရပ် ခွဲဝေသတ်မှတ်ခဲ့ပြီး အဆိုပါကဏ္ဍတစ်ခုချင်းအလိုက် တာဝန်ခံဌာနကြီးများကို သတ်မှတ်လျာထားခဲ့ကြောင်း၊ အဆိုပါ ကဏ္ဍ ၁၂ ရပ် တာဝန်ခွဲဝေလျာထားမှုကို လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ကဏ္ဍအလိုက် တာဝန်ခံ ဝန်ကြီးဌာနများမှ ဥက္ကဌ အဖြစ်ဥိးဆောင်တဲ့ အဖွဲ့များမှ ၃ လ တစ်ကြိမ် တိုးတက်မှုအစီရင်ခံစာကို အမျိုးသားအဆင့်ကော်မတီကိုတင်ပြရန်ပြင်ဆင်ထားကြောင်း၊ တတိယအဆင့်အစီရင်ခံစာအတွက် လုပ်ငန်းကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေအရ အင်္ဂလိမ်၊ မြန်မာ နှစ်ဘာသာဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ အခြေခံမှုကြမ်းပြုစုရန်နှင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ တွင်တတိယအကြော့ အစီရင်ခံစာအချောတင်ပြနိုင်ရေးဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဖြေဆိုသွားပါတယ်။

သတ်မှတ်လျာထားတာဝန်ပေးခံရတဲ့ တာဝန်ခံဌာနကြီးတွေကတော့
– ၁။ အဓိကအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆိုရန်အကြံပြုချက် (၄၁) ချက် အား နိုင်ငံခြားရေးဝန်ကြီးဌာန မှ အဖွဲ့ဝင် (၂၁) ဦး
– ၂။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်စပ်လျဉ်းသည့် အကြံပြုချက်(၇)ချက်အား လူ့အခွင့်အရေးကော်မရှင်
– ၃။ ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန်အကြံပြုချက် (၄) ချက်အား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဖွဲ့ဝင် (၂၁) ဦး
– ၄။ ဒီမိုကရေးစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲရေးကိစ္စရပ် နှင့်ပတ်သက်၍ အကြံပြုချက် (၁၉) ချက် အား ပြည်ထောင်စုရှေ့နေရုံး
– ၅။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့်ပတ်သက်သည့်အကြံပြုချက် (၁၂) ချက်အား စီမံကိန်းဘဏ္ဍာရေးဝန်ကြီးဌာန မှအဖွဲ့ဝင် (၁၇) ဦး
– ၆။ ကောင်းမွန်သော အုပ်ချုပ်ရေးစတစ်ဖော်ဆောင်ရေးစနစ်၊ မြေသိမ်းမှုကိစ္စနှင့် ပတ်သက်သည့်အကြံပြုချက် (၁၀)ချက် အား ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင် (၁၇) ဦး
– ၇။ ကျား မ တန်းတူရည်တူရရှိမြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်စောင့်ရှောက်ရေးကိစ္စနှင့် ပတ်သက်သည့် အကြံပြုချက် (၁၅) ချက်အား လူဝင်မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဖွဲ့ဝင် (၂၄) ဦး
– ၈။ ခွဲခြားမှုမပြုရေးကိစ္စနှင့်ပတ်သက်သည့်အကြံပြချက် (၁၅)ချက်အား လူဝင်မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအဖွဲ့ဝင် (၂၃) ဦး
– ၉။ ကျန်းမာရေး၊ ပညာရေးနှင့်ပတ်သက်သည့် အကြံပြုချက် (၁၃)ချက်အား ပညာရေးဝန်ကြီးဌာနမှ အဖွဲ့ဝင် (၁၀) ဦး
– ၁၀။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် ကိစ္စနှင့်ပတ်သက်သည့်အကြံပြုချက် (၁၈) ချက်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး မှ အဖွဲ့ဝင် (၂၈) ဦး၊
– ၁၁။ နိုင်ငံသားစီစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ် စွန့်ခွာရွှေပြောင်းနေရသူများကိစ္စနှင့် လူကုန်ကူးခြင်းကိစ္စရပ်တို့နှင့် ပတ်သက်သည့် အကြံပြုချက် (၇) ချက်အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အဖွဲ့ဝင် (၁၅)ဦး
– ၁၂။ အပစ်ခတ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စနှင့် ပတ်သက်သည့်အကြံပြုချက် (၅) ချက်အား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ အဖွဲ့ဝင် (၁၀) ဦးတို့ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
အမျိုးသားအဆင့်ကော်မတီမှ ၃၀ ရက်၊ ၄ လ၊ ၂၀၁၉ ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၁/၂၀၁၉ ဖြင့် ပြည်ထောင်စုရှေ့နေချုပ်ကို ဥက္ကဌ၊ အဖွဲ့ဝင် ၂၃ ဦးပါဝင်တဲ့အစီရင်ခံစာ ပြုစုရေးလုပ်ငန်းကော်မတီကို၎င်း၊ ဒုတိယညွန်ကြားရေးမှုးချုပ် အထွေထွေအုပ်ချုပ်ရေးမှုးဦးစီးဌာနကို ဥက္ကဌ၊ အဖွဲ့ဝင်(၂၀)ဦး ပါဝင်တဲ့ စာတမ်းပြုစုရေးကော်မတီကို၎င်း၊ ညွန်ကြားရေးမှုး နိုင်ငံခြားရေးဝန်ကြီးဌာနကို ဥက္ကဌ၊ အဖွဲ့ဝင် (၇)ဦး ပါဝင်တဲ့ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီကို၎င်း ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိကော်မတီတွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်ပါဝင်မှုမရှိသေးပါဘူး။ ဒါပေမဲ့ အစိုးရအစီရင်ခံစာပြီးစီးခဲ့အခါမှာတော့ အသိပေးတိုင်ပင်မှုတွေ လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။
အရင်နှစ်တွေက တင်ပြခဲ့တဲ့ အစီရင်ခံစာတွေ ပြင်ဆင်မှုလုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ရမယ်ဆိုရင် တင်ပြအစီရင်ခံထဲမှာ သိသာမြင်သာတဲ့ တိုးတက်မှုတွေကို တိတိကျကျပါဝင်အောင် မရေးသားနိုင်တာကို တွေ့ရပါတယ်။
သက်ဆိုင်ရာဝန်ကြီးဌာနကတင်သွင်းလာတဲ့အချက်တွေက “အားလုံးကောင်းပါသည်ခင်ဗျား” ဆိုတဲ့ပုံစံလို လုပ်ဆောင်မှုသက်သက်သာ တင်ပြထားတာတွေ တွေ့ရပါတယ်။ သက်ရောက်မှု အောင်မြင်မှုတွေကို ထင်ထင်ရှားရှားမမြင်ရပါဘူး။ နောက်တခုက အစိုးရက တင်သွင်းတဲ့အစီရင်ခံစာဖြစ်တဲ့အတွက် အမှန်တကယ်မြေပြင်မှာ ကြုံတွေ့ရတဲ့အခက်အခဲမျိုးတွေ မအောင်မြင်မှုတွေကို ထည့်ရေးသားဖို့ စိတ်ဆန္ဒမရှိသလို တွေ့ရပါတယ်။ အမှန်တွေ UPR သုံးသပ်မှုလုပ်တယ်ဆိုတာ အောင်မြင်မှုတွေကို တင်ပြသလို စိမ်ခေါ်မှုတွေကို နိုင်ငံတကာနဲ့ ဘယ်လိုလက်တွဲလုပ်ဆောင်နိုင်ကြောင်း အကြံပြုပြန်ကြားနိုင်တဲ့ အခွင့်အလမ်းတခုဖြစ်ပါတယ်။ ဒီအခွင့်အလမ်းကို လက်မလွတ်သင့်ပါဘူး။
အရင်အစိုးရတွေ လက်ထက်တုံးက တကမ္ဘာလုံးက အမှန်အတိုင်းသိရှိနားလည်နေတဲ့အချက်ကို ပြောင်ပြောင်တင်းတင်းငြင်းဆိုတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာတွေ့ရမှာပါ။ အစိုးရရဲ့ “ဆင်သေကို ဆိတ်သားရေနဲ့ ဖုံး”တဲ့ နည်းလမ်းက နိုင်ငံတကာမှာ ပိုမိုအရှက်ကွဲစရာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုဘဲ ကျင့်သုံးရင်တော့ ပိုမိုသိက္ခာကျစရာဖြစ်နေအုန်းမှာပါဘြ၊
ဒါကြောင့် တိုင်းပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လူ့အခွင့်အရေးရူထောင့်ကနေ အဖြစ်မှန်တွေအတိုင်း တင်ပြစေချင်ပါတယ်။ အောင်မြင်မှုသက်သက်သာမဟုတ် စိမ်ခေါ်မှုတွေကိုလဲ ပွင့်ပွင့်လင်းလင်းတင်ပြစေချင်ပါတယ်။

နောက်ဆုံးတခုကတော့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ပါဝင်အကြံပြုနိုင်ခွင့်ဖြစ်ပါတယ်။ အစိုးရရဲ့ အစီရင်ခံစာ တခုလုံးအားလုံးပြီးဆုံးသွားပြီးမှ NGO/CSO တွေကို ဘာတွေပါဝင်ပါတယ်လို့ ထုတ်ပြတာမျိုးဆိုရင် အဓိပ္ပာယ်ရှိသော ပါဝင်မှုလို့ သတ်မှတ်လို့မရပါဘူး။ ဟန်ပြသက်သက်သာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးအမျိုးသားအဆင့်ကော်မတီတွေ၊ လုပ်ငန်းကော်မတီတွေထဲမှာ စစ်မှန်တဲ့ NGO/CSO ကိုယ်စားလှယ်တွေပါဝင်နိုင်အောင် ခန့်ထားတာ၊ အစီရင်ခံစာရေးဆွဲတဲ့လုပ်ငန်းအဆင့်တိုင်းမှာ ပါဝင်အကြံပြုခွင့်ရှိမှ ပူးပေါင်းဆောင်ရွက်မှုကောင်းတွေ ဖြစ်နိုင်မှာ ဖြစ်ပါတယ်လို့ အကြံပြုလိုပါတယ်။

မြန်မာအစိုးရနဲ့ ၂၀၂၀ UPR အစီရင်ခံစာပြင်ဆင်မှု
မြန်မာနိုင်ငံအနေနဲ့ Universal Periodic Review ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ၂၀၁၅ ခုနှစ်က ဒုတိယအကြိမ် သုံးသပ်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဝင်ရောက်အကြံပြုသလို အကြံပြုချက်တချို့ကိုလဲ မြန်မာနိုင်ငံအစိုးရက အကောင်အထည်ဖော်ပါမယ်လို့ လက်ခံခဲ့ပါတယ်။ အခုလာမဲ့ ၂၀၂၀ ဆိုရင် တတိယအကြိမ် သုံးသပ်မှု ခံယူရတော့မှာဖြစ်ပါတယ်။ ဒုတိယအကြိမ်သုံးသပ်ခံစဉ်က လက်ခံထားခဲ့တဲ့ အကြံပြုတင်ပြချက်တွေကို ဘယ်လောက်အကောင်အထည်ဖော်ခဲ့သလဲဆိုတဲ့အချက်တွေ၊ တိုးတက်လာမှုတွေ၊ ရင်ဆိုင်ရတဲ့ စိမ်ခေါ်မှုတွေကို အဓိကထား အစီရင်ခံရမှာဖြစ်ပါတယ်။

ကမ္ဘာနိုင်ငံအားလုံးရဲ့ လူ့အခွင့်အခြေအနေကိုပုံမှန်သုံးသပ်တဲ့လုပ်ငန်းစဉ် Universal Periodic Review- UPR) အရ ၂၀၁၅ ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့ ဒုတိယအကျော့သုံးသပ်မှု ခံယူခဲ့ပြီး အဲ့ဒီအချိန်မှာ ပါဝင်တဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃)နိုင်ငံက အကြံပြုချက်ပေါင်း (၂၈၁)ချက် ချမှတ်ခဲ့ပါတယ်။
– အဲ့ဒီအကြံပြုချက်အထဲက မြန်မာနိုင်ငံအနေနဲ့ –
– (က)လက်ခံခဲ့တဲ့ အကြံပြုတိုက်တွန်းချက်ပေါင်း ၁၃၅ ရပ်
– (ခ)မူအားဖြင့် လက်ခံခဲ့တဲ့ အကြံပြုချက်ပေါင်း ၃၀ ရပ်
– (ဂ)တစိတ်တပို်င်းလက်ခံခဲ့သော အကြံပြုတိုက်တွန်းချက်ပေါင်း ၁ ရပ်
– စုစုပေါင်း ၁၆၆ ရပ်
၂၀၁၉ ခုနှစ် အစပိုင်းလောက်မှာ မြန်မာနိုင်ငံအစိုးရက UPR နဲ့ ပြင်ဆင်မှုတွေ အနည်းငယ်စတင်လုပ်လာတာကို သတိထားမိတယ်။
လွှတ်တော်အတွင်းမှာလဲ ဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုတွေရှိလာခဲ့ပါတယ်။၂၀၁၉ ခုနှစ် မေလ (၂၁ )ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် Dr ခွန်ဝင်းသောင်းက နောက်လာမည့် UPR တတိယ အကြိမ် သုံးသပ်မှုအစီရင်ခံစာအတွက် အဆင့်သင့်ဖြစ်မဖြစ် လက်ရှိအနေအထား၏ လိုအပ်မှုရှိမရှိသိရှိုနိုင်ရန် ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လာရောက်ဖြေကြားခဲ့ပါတယ်။
UPR ဒုတိယအကြိမ်အကြံပြုတိုက်တွန်းချက်များကို အကောင်ထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် “Universal Periodic Review (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးအမျိုးသားအဆင့်ကော်မတီကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။