ဥရောပသမဂ္ဂ – မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်း လူ့အခွင့်အရေးဆိုင်ရာဖိုရမ်

Equality Myanmar June 14, 2019
ဇွန်လ၊ ၁၂ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ ဥရောပသမဂ္ဂ – မြန်မာနိုင်ငံ အရပ်ဘက် အဖွဲ့အစည်း လူ့အခွင့်အရေးဆိုင်ရာဖိုရမ်ကို DCA-NCA ဦးစီးကျင်းပခဲ့ပါသည်။

ဖိုရမ်ပြုရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဥရောပသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာအထူးကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအစိုးရအဖွဲ့တို့ မတွေ့ဆုံမီ လူ့အခွင့်အရေးအတွက် လှုပ်ဆောင်ရွက်နေကြသော အရပ်ဘက်အဖွဲ့ အစည်းများနှင့်ကနဦးတွေ့ဆုံပြီး လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှား ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှု များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆွေးနွေးတင်ပြနိုင်ရန်ဖြစ်သည်။

အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့အစည်း ပေါင်း (၃၅)ဖွဲ့မှ ဆရာ၊ ဆရာမများတက်ရောက်ကာ (၁)နိုင်ငံရေးနှင် သက်ဆိုင်သော အခွင့်အရေး၊ (၂)မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်သော အခွင့်အရေး၊ (၃)အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးနှင့် (၄)တိုင်းရင်း သား လူနည်းစုများ၏ အခွင့်အရေး စသည့်အကြောင်းအရာခေါင်းစဉ်များ အလိုက်အုပ်စုခွဲကာ ဆွေးနွေးတင်ပြ ခဲ့ကြသည်။

ဖိုရမ်ကို DCA-NCA နှင့်အတူ ညီမျှခြင်းမြန်မာအဖွဲ့နှင့် ဖွံ့ဖြိုးရေးမဏ္ဍိုင်
အဖွဲ့တို့မှလည်း ပူးပေါင်းစီစဉ်ခဲ့ပါသည်။