အခြေခံလူ့အခွင့်အရေး အွန်လိုင်းသင်တန်း (Basic Human Rights Online Training) ဖိတ်ကြားခြင်း

ယခုလို Covid-19 ကာလတွင် အိမ်မှာနေကာ အချိန်ကို အကျိုးရှိရှိ အသုံးချ နိုင်ရန်အတွက် လူ့အခွင့်အရေးအကြောင်းအရာများကို လေ့လာနိုင်အောင် အွန်လိုင်းဖြင့် သင်ယူနိုင်မည့်အခွင့်အရေးကို Equality Myanmar က စီစဉ်ထားပါသည်။
 
စက်တင်ဘာလက စတင်ပြီး ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတို့တွင် လုပ်ဆောင်သွားမှာဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။စိတ်ပါ၀င်စားသူများအနေဖြင့် လျှောက်ထားနိုင်ပါသည်။
 
ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းနေထိုင်ပြီး လူ့အခွင့်အရေးအကြောင်း စိတ်ဝင်စားသူများကို “အခြေခံလူ့အခွင့်အရေး သင်တန်း”သို့ တက်ရောက်ဖို့ရန် ဖိတ်ကြား အပ်ပါသည်။
 
သင်တန်းလျှောက်ထားနိုင်မည့်သူများမှာ
 
– အသက် (၁၈) နှစ်နှင့်အထက်ရှိသူ
 
– လူ့အခွင့်အရေးသင်တန်း မတက်ဖူးသူဖြစ်ရမည်။
 
– လူမျိုးမရွေး၊ ဘာသာမရွေး၊ ဂျန်ဒါမခွဲခြားပါ၊ မသန်စွမ်းသူများလည်း လျှောက်ထားနိုင်ပါသည်။
 
– သင်တန်းကို အမှန်တကယ်စိတ်ဝင်စားပြီး တက်ရောက်လိုသူများ (လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လုပ်ဆောင်နေသူများကို ဦးစားပေးမည်။)
 
– သင်တန်းကို (၃) ရက်လုံး မပျက်မကွက်တက်ရောက်နိုင်ရမည်။
မှတ်ချက်။ ။ တက်ရောက်လိုသူများသည် မိမိကိုယ်ပိုင် ဖုန်း(သို့) ကွန်ပျူတာ အသုံးပြု၍ တက်ရောက်ရမည် ဖြစ်ပါသည်။
 
PS: အမည်စာရင်းသွင်းရန် ဆက်သွယ်ရမည့်ဖုန်းနံပါတ်ကို သင်တန်း ဖိတ်ကြားလွှာတွင် အသေးစိတ်ဖော်ပြ ထားပါသည်။