ကလေးသူငယ်အခွင့်အရေးဥပဒေမူကြမ်းထဲက ကလေးမွေးစားခြင်းဆိုတာ ဘာကို ဆိုလိုတာလဲ

မွေးစာရင်းရရှိခွင့်ဆိုတဲ့အကြောင်းရေးသားခဲ့ပြီး ကလေးသူငယ်အခွင့်အရေးဥပဒေမှာ အငြင်းပွားနေကြတဲ့ ကလေးမွေးစားခြင်းဆိုတဲ့အကြောင်း ထပ်ရေးဖို့ ပြင်ထားပေမဲ့ အကြောင်းအရာပေါင်းစုံတွေပေါ်လာတာကြောင့် ဒီစာကို စာရေးဖို့နောက်ကျသွားခဲ့ပါတယ်.. ကိုယ်မရေးနိုင်ပေမဲ့ ဒီအတောအတွင်း တခြားသူတွေက ရေးသားရှင်းပြတာတွေ၊ ဒေါက်တာမြဉာဏစိုးနဲ့ လဝက၀န်ကြီးကိုယ်တိုင်ရှင်းပြတာတွေရှိလာတော့ ကိုယ်တောင် ရှင်းပြစရာသိပ်မလိုတော့ဘူးဖြစ်သွားပါတယ်…

ကလေးများကို မွေးစားခြင်းနဲ့ပတ်သက်လို့ စိတ်ပူကန့်ကွက်နေတဲ့အကြောင်းအရာကို သေသေချာချာပြန်လေ့လာကြည့်တဲ့အခါ အခုလက်ရှိကလေးသူငယ်အခွင့်အရေးစာချုပ်မှာ ကလေးတွေကို မွေးစားခွင့်ပြုတဲ့ပုဒ်မကို ထည့်သွင်းထားတဲ့အတွက် နိုင်ငံသားမဟုတ်သူ ကလေးတွေကို နိုင်ငံသားဖြစ်တဲ့မိဘနှစ်ပါးက မွေးစားနိုင်တဲ့အတွက် နိုင်ငံခြားသားကလေးတွေအမြောက်အများ နိုင်ငံသားဖြစ်လာနိုင်ပြီး လူမျိုးရေးဝါးမျိုမှုဖြစ်နိုင်တယ်လို့ စိုးရိမ်နေတာကို တွေ့ရပါတယ်.. ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံသားမဟုတ်တဲ့ “ရိုဟင်ဂျာ” ကလေးတွေဟာ မွေးစားခွင့်ကိုအသုံးချပြီး မြန်မာနိုင်ငံသားဖြစ်လာမယ်.. နဂိုရှိပြီးသား လူမျိုးရေးပဋိပက္ခတွေ ပိုမိုကြီးထွားလာစေမယ်.. ကြာလာရင် လူမျိုးရေးဝါးမျိုမှုတွေ ဖြစ်စေမယ်ဆိုတဲ့ ကြောက်လန့်မှုရှိနေကြတာကို တွေ့ရပါတယ်.. ဒီကြားထဲမှာ နိုင်ငံရေးအရတိုက်ခိုက်မှုတွေဖြစ်တဲ့ လက်ရှိအစိုးရဟာ “ရိုဟင်ဂျာ” တွေကို နိုင်ငံသားဖြစ်လာစေဖို့ လမ်းဖွင့်ပေးဆိုတတာဖြစ်တယ်.. ဥပဒေထဲမှာ မိသားစုတယောက်ဟာ ရိုဟင်ဂျာ ကလေးနှစ်ယောက်ကို မွေးစားပိုင်ခွင့်ရှိတယ်ဆိုတဲ့ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာကိုလဲ သတိထားမိပါတယ်..

တချို့ဆိုရင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေထဲမှာ ကလေးများကိုကာကွယ်တဲ့ အခန်းပေါင်းများစွာပါဝင်တာကိုမသိဘဲ အခုဥပဒေဟာ ကလေးများကို မွေးစားခြင်းတခုထဲအတွက် ပေါ်ပေါက်လာတဲ့ဥပဒေလို့တောင် ယူဆနေတာတွေ့ရပါတယ်..

မကြာမှီမှာ အတည်ပြုနိုင်တော့မဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြမ်းဟာ မွေးစားခြင်းသက်သက်သာ ဖော်ပြထားတာမဟုတ်ပါဘူး.. တကယ်တော့ ကလေးသူငယ်အခွင့်အရေးတွေဖြစ်တဲ့ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်မှုခံပိုင်ခွင့်၊ ပါဝင်ခွင့်တွေအကြောင်းအရာတွေကို အခန်းပေါင်း (၃၀) အပိုဒ်ပေါင်း ရာကျော်ပါဝင်တဲ့ ဥပဒေကြီးတခုဖြစ်ပါတယ်..

တကယ်တော့ ကလေးတွေကို လိုအပ်ရင် ကလေးရဲ့အကောင်းဆုံးကို ကြည့်ပြီး မွေးစားနိုင်တယ်ဆိုတာ အပြည်ပြည်ဆိုင်ရာကလေးသူငယ်အခွင့်အရေးဆိုင်ရာစာချုပ် (CRC) မှာ ဖော်ပြထားတဲ့ အခွင့်အရေးအပိုဒ်ဖြစ်ပါတယ်.. ဒါကြောင့် မြန်မာနိုင်ငံရဲ့ ၁၉၉၃ ခုနှစ်မှာရော အခုလက်ရှိဥပဒေကြမ်းများရော ကလေးမွေးစားခွင့်ကို ထည့်သွင်းဖော်ပြထားတာကို တွေ့ကြရမှာပါ..

၁၉၉၃ ဥပဒေမှာကတော့ ကလေးများကို ဥပဒေဖြင့်မွေးစားပိုင်ခွင့်ကို အခန်း(၅) ကလေးသူငယ်၏ အခွင့်အရေးများအခန်း အပိုဒ် (၁ရ) မှာ ဖော်ပြထားပါတယ်။ ဒီအပိုဒ် ၁၇။(က) အရ “ကလေးသူငယ်တိုင်းသည် ဥပဒေနှင့်အညီ မွေးစားခံပိုင်ခွင့်ရှိသည်၊ “ ၁၇ (ခ) မှာ “မွေးစားခြင်းသည် ကလေးသူငယ်၏ အကျိုးစီးပွားအတွက်ဖြစ်စေရမည်” ၁၇(ဂ) မှာ “မွေးစားသူသည် မွေးစားခံရသည့် ကလေးသူငယ်အား ပြည်ပသို့ ခိုးထုတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ မတရားခြယ်လှယ်ခြင်း၊ မတရားအလုပ်ခိုင်းစေခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ မသမာမှုနှင့် တရားမဲ့ ပြုကျင့်ခြင်းများ မပေါ်ပေါက်စေန် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိသည်။” လို့ ဖော်ပြထားပါတယ်.. အခွင့်အရေးတရပ်အနေနဲ့ ဖော်ပြထားပေမဲ့ ဘယ်လို မွေးစားရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဘယ်သူတွေက မွေးစားမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်ဆိုတာကို တိတိကျကျမဖော်ပြထားပါဘူး..

လက်ရှိဥပဒေကြမ်းမှာကတော့ ကလေးမွေးစားခြင်းဆိုတာကို အခန်းတခန်းတနေနဲ့ ဖော်ပြထားပါတယ်.. နောက်ပြီးတော့ ကလေးမွေးစားမယ်ဆိုရင် ဘယ်ဝန်ကြီးဌာနနဲ့ ဆက်စက်တာဝန်ရှိပြီး ဘယ်လိုလုပ်ထုံးလုပ်နည်းတွေလုပ်ရမလဲဆိုတာကို တိတိကျကျဖော်ပြထားတာကို တွေ့ရပါတယ်.. ၁၉၉၃ နဲ့ လက်ရှိဥပဒေကြမ်းနှစ်ခုစလုံးမှာ တူညီတာကတော့ ကလေးတွေကို မွေးစားခွင့်ရှိတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်.. ဒီတော့ ကလေးမွေးစားခွင့်ဆိုတာ အခုမှ ပေါ်လာတဲ့အကြောင်းအရာသစ်မဟုတ်ဘဲ ၁၉၉၃ ခုှနစ်ကထဲက ကလေးသူငယ်ဥပဒေမှာ ပါဝင်ခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတခုသာဖြစ်ပါတယ်။

ကလေးမွေးစားခြင်းနဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြထားတဲ့ လက်ရှိဥ့ဒေကြမ်းရဲ့ အပိုဒ် (၂၆) ကနေ (၃၃) အရဆိုရင် မြန်မာနိုင်ငံသား တဦးဦးက ကလေးမွေးစားမယ်ဆိုရင် ကလေးမွေးစားမှုကို လူမှုဝန်ထမ်းဦးစီးဌာန ၊ တိုင်း/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချပ်ခွင့် တိုင်း/ဒေသ၊ ခရိုင်ဦးစီးမှူးရုံးက မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိထံမှာ သတ်မှတ်ချက်များနဲ့ အညီ လျှောက်မှာဖြစ်ပါတယ်… ဒါမှမဟုတ်ရင်တော့ နောက်တနည်းကတော့ မွေးစားလိုတဲ့သူအနေနဲ့ သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ တည်ဆဲ ကိတ္တိမမွေးစားခြင်းဆိုင်ရာအက်ဥပဒေပြဌာန်းချက်များ နဲ့အညီ မွေးစားစာချုပ်ကို မှတ်ပုံတင်ပြီးတော့လဲ မွေးစားနိုင်တယ်လို့လဲ ဖော်ပြထားပါတယ်.. ဒီအတိုင်းဆိုရင် ဥပဒေကြမ်းအရ ကလေးမွေးစားနိုင်တဲ့ နည်းလမ်းနှစ်သွယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်… တကယ်လို့ ခွင့်ပြုလိုက်ပြီဆိုရင် သတ်မှတ်ချက်တွေနဲ့အညီ မွေးစားစာချုပ်ချုပ်ပြီး မွေးစားခြင်းကို သက်ဆိုင်ရာလူမှုဖူရေး ဦးစီးမှူးရုံးမှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်.. မှတ်ပုံတင်စာရင်းနဲ့အတူ မွေးစားတဲ့ကလေးကို ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေကို ပုံမှန်အစီရင်ခံရမယ်ဆိုတဲ့အချက်တွေ၊ လူမှုဝန်ထမ်းဌာနက သတ်မှတ်ထားတဲ့ တာဝန်နဲ့ စည်းကမ်းတွေကို လိုက်နာပါ့မယ်ဆိုတဲ့အချက်တွေ၊ မွေးစားခံရတဲ့ကလေးကို ပြည်မခိုးထုတ်တာ၊ ရောင်းဝယ်တာ၊ အဓမ္မအလုပ်စေခိုင်းတာ၊ နှိပ်စက်ညှင်းပမ်းတာတွေကိုမလုပ်ပါဘူးဆိုတဲ့အချက်တွေကို မွေးစားသူက ဂတိပြုလက်မှတ်ထိုးရပါမယ်..

လူမှုဝန်ထမ်းအရာရှိဖက်ကလဲ ဒီလိုစည်းကမ်းချက်တွေကို ဖောင်ဖျက်တာရှိမရှိ စောင့်ကြည့်တာ၊ စုံစမ်းစစ်ဆေးရမဲ တာဝန်ရှိပါတယ်.. တကယ်လို့ဖောက်ဖျက်တယ်ဆိုရင် သဘောထားမှတ်ချက်တင်ပြပြီး သင့်လျော်သောအမိန့် ထုတ်ပြန်နိုင်ပါတယ်.. ဒါကတော့ လက်ရှိဥပဒေကြမ်းထဲမှာဖော်ပြထားတဲ့ ကလေးမွေးစားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဘဲ ဖြစ်ပါတယ်..

ဘာကှောင့ြ ဒီလိုထည့သြှငြးလာရသလဲဆိုတာကို ကှည့တြဲ့အခါ အခှအနေအကှေောငြးအမွိုးမွိုးကှောင့ြ ခိုကိုးရာမဲ့ကလေးတှေ ကနွေြာတို့ နိုငငြံထဲမှာ အမွားကှီးရှိလာပါတယြ… စဈဘေး၊ သဘာဝဘေးတှအေပှေငြ ရငခြှငမြဲ့ကလေးတှအဖှေဈ စှန့ပြဈမှုတှကေို အရငထြကကြ ပိုကှားလာရပါတယြ.. ဒီလိုကလေးတှကေို လူငယပြှနဌြာနအောကမြှာရှိတဲ့ ဌာနကွောငြးတှကေို ပေးပို့နိုငသြလို သူတို့အတှကြ အကောငြးဆုံးအကွိူးကို ရှေ့ရှပှီး မှေးစားလိုတဲ့သူတှရှေိရငြ မှေးစားနိုငအြောငြ ထည့သြှငြးစဉြးစားခဲ့တာဖှဈပါတယြ… ဒါပမေဲ့ မှေးစားမှုဟာ စနဈတကဖွှဈဖို့အတှကြ (သတမြှတခြကွနြှင့အြညီ) ဆိုတဲံ စကားကိ ထည့သြှငြးထားတာဖှဈပါတယြ..
ဥပဒကှမြေးမှာ မှေးစားယုံတငမြကဘဲ မှေးစားခံရတဲ့ကလေးကို မှေးစားပှီးနောကပြိုငြးမှာ စောင့ကြှည့ကြာကှယပြေးတဲ့အပိုငြးအထိ တိတိကကွပွါဝငလြာတာကို တှေ့ကှမှာပါ.. မှေးစားသူလကထြဲမှာ ဖှံ့ဖှိုးတိုးတကမြှုရှိရဲ့လား၊ ကလေးဘဝတိုးတကပြွောရြှှငရြဲ့လား။ ကလေးအပေါြ စောကြားအမှတထြုတမြှုတှရှေိလာကိုပါ လူမှုဝနထြမြးဌာနက စောင့ကြှပပြှီး လိုအပသြလို ကာကှယမြှုပှုနိုငပြါတယြ.. ကလေးမှေးစားမှုကို စနဈတကမွှတပြုံတငထြားတဲ့အတှကြ အခုလိုစောင့ကြှပကြာကှယပြေးမှုတှေ လုပလြာနိုငမြှာဖှဈပါတယြ..
မှေးစားပှီးနောကပြိုငြး မှေးစားခံကလေးကို စောင့ကြှပကြာကှယပြေးမှုဟာ အရေးကှီးတယြ.. ဘာကှောင့လြဲဆိုတော့ ကလေးမှေးစားမှုတခွို့မှာကလေးကို မှေးစားပှီးမှ နှိပစြကတြာ၊ အမှတထြုတတြာတှေ ရှိတတလြို့ပါဘဲ.. အိမမြှာ ခိုငြးစရာလူလိုတယြ.. အိမဖြောကြိုငှားမဲ့အစား မှေးစားတဲ့ဟနပြှပှီး ကလေးမိဘကို ငှပေေးပှီး ကလေးကို ထမငြးစားကွှနခြံသဘောမွိုးထားတာတှကေို တှေ့နရပေါတယြ.. မှေးစားခှင့ပြှုလိုကတြဲ့မိဘရငြးတှကတေော့ ကိုယ့သြားသမီးဘစကောငြးစားနပှေီးလို့ ထငပြမေဲ့ ကလေးဟာ အိမထြဲမှာ ပိတလြှောငခြံထားပှီး နှိပစြကမြှု၊ အကှမြးဖကစြောကြားမှုအမွိုးမွိုးကို ခံစားနရပှေီး ပှေးစရာမှမရှေိတဲ့ ဘဝမွိုးတှရေောကနြကှတော ဒုနဲ့ဒေးပါ.. တခွို့ဆိုရငြ ““မှေးပှီးစားတယြ“ ဆိုတဲ့စကားအတိုငြး လိငပြိုငြးဆိုငရြာစောကြားမှုတှအထေိ၊ လူကုနကြူးရောငြးစားရတဲ့အဖှဈအထိရောကရြှိသှားတာတှလေဲရှိပါတယြ… ဒါကှောင့ြ ဥပဒမေူကှမြးမှာပါဝငတြဲ့ လုပထြုံးလုပလြုပနြညြးအဆင့ဆြင့ဟြာ ကလေးတှကေို ကာကှယပြေးမဲ့ရညရြှယခြကွနြဲ့ ထည့သြှငြးထားတာလို့ ဆိုနိုငပြါတယြ..

မွေးစားမှုနဲ့ ပတ်သက်လို့ မှတ်တမ်းတင်ခြင်းဟာ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ သက်ဆိုင်သော အကြောင်းအရာဖြစ်ပါတယ်. လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ လုံးဝမသက်ဆိုင်ပါဘူး.. ဒါကြောင့် မွေးစားခံရတဲ့ကလေးရဲ့ နိုင်ငံသားဖြစ်မှုနဲ့ မသက်ဆိုင်ဘူးဆိုတာ ရှှုင်းလင်းလှပါတယ်.. အခုပြောနေတဲ့ “ရိုဟင်ဂျာ” ကလေးတွေကို မွေးစားနိုင်အောင် လုပ်ဆောင်ပြီး နိုင်ငံသားဖြစ်အောင် တဖက်လှည့်ကြံနေတယ်ဆိုတဲ့ စွပ်စွဲချက် ပြောဆိုချက်တွေက အခြေအမြစ်မရှိလှပါဘူး..

တချို့ဆိုရင်တရားမဝင်ကလေးတွေကို တစ်ဦးကို နှစ်ယောက်နှုန်းမွေးစားပြီး နိုင်ငံသားမဖြစ်ဖြစ်အောင်လုပ်ပေးတဲ့ဥပဒေလိုပြောကြားချက်ကလဲ မမှန်ကန်ပါဘူး.. ဥပဒေကို သေသေချာချာလေ့လာထားခြင်းမရှိဘဲ စွပ်စွဲချက်များသာဖြစ်ပါတယ်..

ကလေးတွေကို မွေးစားခွင့်ပြုလိုက်တဲ့အပိုဒ်ကြောင့် တရားမဝင်သူတွေ တရားဝင်နိုင်ငံသားဖြစ်ကုန်ကြမယ်ဆိုတဲ့ စိုးရိမ်ချက်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်တုန့်ပြန် ရှှုင်းလင်းပြခဲ့ပါတယ်။ ‘‘ဒါ ဥပဒေနဲ့အညီ ဆောင်ရွက်တယ်ဆိုရင်တော့ ဒါတိုင်း ပြည်အန္တရာယ်ရှိတယ်လို့ ပြောလို့ မရပါဘူး။ ဒါဟာ နိုင်ငံတကာမှာ လည်း ဆောင်ရွက်နေတယ်။ အခု လည်း ဆောင်ရွက်နေတယ်။ နောက် ကိစ္စတစ်ခုချင်းအလိုက် သက်ဆိုင်ရာ ဥပဒေများနဲ့အညီ စေ့စေ့စပ်စပ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါ ဘူးလို့ ပြောချင်ပါတယ်’’ဟု ဇွန်လ (၁၆) ရက်က မီဒီယာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်.. .. ဥပဒေရေးရာ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြဉာဏစိုးကလဲ မွေးစားခွင့်ရှိပေမဲ့ နိုင်ငံသားဖြစ်ခွင့်မပေးထားဘဲ (၁၉၈၂) ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ ကိတ္တိမမွေးစားခြင်းဆိုင်ရာ ဥပဒေများအတိုင်းသာ လိုက်နာသွားမှာဖြစ်တယ်လို့ ဇွန်လ (၁၉) ရက်မှာ မီဒီယာများကို ပြောကြားခဲ့ပါသေးတယ်…

တကယ်လို့သာ (၁၉၈၂) မြန်မာနိုင်ငံ နိုင်ငံသားဥပဒေ အပိုဒ် (၇၃) မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတို့၏ မွေးစားခံရသော နိုင်ငံခြားသားတဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို မရရှှိစေရလို့ ဖော်ထားပါတယ်.. ဒီနိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်စရာတွေ ရှိတေယ်ဆိုတဲ့ အသံတွေရှိနေပေမဲ့ ဒီဥပဒေက လက်ရှိ တည်ဆဲဥပဒေဖြစ်နေတုန်းပါဘဲ..

ကလေးသူငယ်အခွင့်အရေးဥပဒေဟာ အကြောင်းအရာတော်တော်စုံလင်ပါတယ်.. အပိုဒ် တပိုဒ်ချင်းစီကလဲ ဆက်စပ်နေတာတွေ့ရပါတယ်.. ဒါကြောင့် ဥပဒေထဲမှာ ပါတဲ့ စာကြောင်းတကြောင်းနှစ်ကြောင်းလောက်ကိုဘဲ ဖတ်ရူပြီး လိုရာတွေးယူလို့မရနိုင်ပါဘူး.. မပြည့်စုံတဲ့စာကြောင်းတကြောင်းလောက်ဘဲ ဖော်ပြပြီး အများပြည်သူအထင်အမြင်မှားအောင် ဒါမှမဟုတ် မူလဥပဒေရဲ့ မူလရည်ရွယ်ချက်အဓိပ္ပာယ်ကို တလွဲဖြစ်သွားအောင် လုပ်ဆောင်တာမျိုးဟာ အန္တရာယ်ကြီးမားလွန်းလှပါတယ်..

ဒါကြောင့် သေသေချာချာလေ့လာပြီး မှန်မှန်ကန်ကန်သုံးသပ်မှုလုပ်ဆောင်မှ အများပြည်သူလဲ ဘဘောပေါက်နားလည်ပါလိမ့်မယ်.. အမှန်တကယ်ကောင်းမွန်တဲ့ ဥပဒေလဲ ထွက်ပေါ်လာနိုင်မှာဖြစ်တယ်..

ကလေးများရဲ့အကောင်းဆုံးအကျိုးအတွက် မျှော်တွေးပြီး ရေးဆွဲထားတဲ့ ကလေးအခွင့်အရေးဥပဒေကို ဘယ်လိုနိုင်ငံရေးရည်ရွယ်ချက်နဲ့မှ တလွဲအသုံးချတာမလုပ်ကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်..
အောင်မျိုးမင်း (ညီမျှခြင်းမြန်မာ)