Entries by equalityMM

ရှမ်းမြောက် တိုက်ပွဲတွင်း အရပ်သားတွေကို အကာကွယ်ပေးဖို့ HRW တောင်းဆို

September 9, 2019မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ အပြစ်မဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့ လူသားချင်းစာနာမှု အဖွဲ့တွေကို တားဆီးပစ်ခတ်တာမျိုး မလုပ်ဖို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။ သြဂုတ်လ ၁၅ ရက်ကစလို့ စက်တာဘာလဆန်းအထိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ တရုတ်နယ်စပ်အခြေစိုက် ညီနောင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၃ ခု (TNLA/ AA/ MNDAA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အစပိုင်းမှာ တိုင်ရင်းသားလက်နက်ကိုင် တပ်တွေက မြန်မာစစ်တပ် အခြေစိုက်စခန်းတွေနဲ့ ကုန်သွယ်ရေးတံတားကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး မြန်မာစစ်တပ်ဘက်က လုံခြုံရေးတပ်သား ၁၀ ဦးလောက် […]

ကလေးစစ်သားဟောင်း အောင်ကိုထွေး အင်းစိန်ထောင်မှ ပြန်လွတ်

September 6, 2019 ကလေးစစ်သားဘဝ အတွေ့အကြုံများကို မီဒီယာအား ဖြေကြားခဲ့ခြင်းသည် တပ်မတော်၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရသူ ကိုအောင်ကိုထွေးသည် ယနေ့ မနက် ၈ နာရီ တွင် လွတ်ရက်စေ့၍ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသည်။ ゞင်းသည် ပုဒ်မ ၅၀၅(ခ) အမှုအတွက် ရင်ဆိုင်နေဆဲမှာပင် တရားသူကြီးအား “နွား” ဟု ခေါ်သည့်အမှု အတွက် ထောင်ခြောက်လ ချခံခဲ့ရသေးသူဖြစ်သည်။ စတင်ဖမ်းဆီးခံရချိန်မှ ပြန်လွတ်လာချိန်အထိ ထောင်ထဲတွင် နှစ်နှစ် နေခဲ့ရသည်။ ထောင်ဘူးဝမှထွက်ထွက်ချင်းတွင် ၂၀ဝ၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ ဖျက်သိမ်းရန် အမှန်တကယ် လိုအပ်နေကြောင်း အသက် ၂၈ နှစ်အရွယ် ゞင်းက ပြောသည်။ […]

လူ့အခွင့်အရေးစကားသံ အပိုင်း(၁၄၈) နှိပ်စက်ညှဉ်းပန်းခံရသူများကို အားပေးကူညီရေးနေ့

ဤရုပ်သံကိုထုတ်လွှင့်ရခြင်း ရည်ရွယ်ချက်မှာ ပြည်သူများ နှိပ်စက် ညှင်းပန်းခံရသူများကို အားပေးကူညီရေးနေ့ အကြောင်းသိစေရန် ဖြစ်ပါသည်။

ကော့သောင်းမြို့ စားသောက်ဆိုင်မှ အလုပ်သမား အမျိုးသမီးနှစ်ဦး ဖမ်းဆီးနှိပ်စက်ခံရမှု အတွက် အမှုဖွင့်

ကော့သောင်း၊ သြဂုတ် (၂၀) ။ ။ ကော့သောင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်သမားအမျိုးသမီးနှစ်ဦးကို ဆိုင်ပိုင်ရှင်မှ ဖမ်းဆီးချုပ်နှောင် ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ကော့သောင်း မြို့မ ရဲစခန်းသို့ လာရောက် အမှုဖွင့် ထားကြောင်း သိရသည်။ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်းရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် တစ်ခုမှ ဆိုင်အလုပ်သမားအမျိုးသမီး ၂ ဦးဖြစ်သော မစန်းစန်းဝင်းနှင့် မမြတ်မြတ်မိုးတို့ကို ဆိုင်ရှင်ဖြစ်သူက နေအိမ် အိပ်ခန်းအတွင်း နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။ “ဒီနေ့ပဲ နှိပ်စက်ခံရတဲ့ အလုပ်သမား အမျိုးသမီး နှစ်ဦး ဖြစ်တဲ့ မစန်းစန်းဝင်းနဲ့ မမြတ်မြတ်မိုးတို့ စခန်းမှာ လာရောက် အမှုဖွင့်ထားပါတယ်။ အမှုကိုတော့ ကျွန်တော်တို့ အသေးစိတ် စစ်ဆေးနေဆဲ ဖြစ်တယ်။ ဘယ်လိုကြောင့် အခုလိုမျိုး […]

အစစ်အမှန်လား၊ ရွှေရည်စိမ်လား (သို့မဟုတ်) သူများယောင်လို့ယောင်ရတယ်၊ အမောင်တောင်မှန်းမြောက်မှန်းမသိ

Aug 19, 2019 LGBT တွေကို အမှန်တကယ်လက်ခံလာတဲ့ စစ်မှန်တဲ့ပြောင်းလဲမှုလား။ ဒါမှမဟုတ်ရင် ဖက်ရှင်လိုမျိုး ထင်မြင်ပြီး ဘာမသိညာမသိ ထောက်ခံနေတာလားဆိုတာကတော့ ဝေခွဲမရဖြစ်နေဆဲပါ LGBT ဆိုတဲ့ အတိုကောက်စကားလုံးလေးကို လွန်ခဲ့တဲ့ နှစ်(၂၀)လောက်က မြန်မာပြည်က လူတွေကို မေး ကြည့်မယ်ဆိုရင် ဖြေဆိုနိုင်မဲ့သူတွေ မရှိသလောက်နည်းပါးပါလိမ့်မယ်။ ဒါပေမဲ့ L ဆိုတာ Lesbian (အမျိုးသမီးချင်းစုံမက်သူ)၊ G ဆိုတာ Gay (အမျိုးသားချင်းစုံမက်သူ)၊ B ဆိုတာ Bisexual (ကျားမနှစ်မျိုး စလုံးကို စုံမက်သူ)၊ T ဆိုတာ Transgender (ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူ) တွေကို ဆိုလိုတယ်လို့ ရှင်းပြလိုက်ရင် သိလာပါလိမ့်မယ်။ ဒီစကားလုံးရဲ့အဓိပ္ပါယ်ကို သိသွားပြီးတဲ့နောက် ဒီလူတွေကို LGBT လို့မခေါ်ဘဲ မြန်မာလို ဘယ်လိုခေါ်ကြသလဲဆိုတဲ့ […]

ကျော်ဇင်ဝင်းသေဆုံးမှု နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် မဟုတ်ဟု MNHRC ပြော

Equality Myanmar August 16, 2019 By ဇူးဇူး 16 August 2019Want create site? Find Free WordPress Themes and plugins.ကျော်ဇင်ဝင်း သေဆုံးမှုတွင် လုပ်ငန်းခွင်အတွင်း လိင်ဝိသေသကွဲပြားမှုကို အဓမ္မဖော်ထုတ်ခံရပြီး နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟူသော အထောက်အထားများ မတွေ့ကြောင်း မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)မှ ဦးယုလွင်အောင်က ဆိုသည်။ “အများဝိုင်းပြီးတော့ စွပ်စွဲပြောဆိုနေကြသလို သူ့ကို LGBT ဖြစ်တယ်။ Gay ဖြစ်တယ်ဆိုပြီး ဖိနှိပ်ပြောဆို အနိုင်ကျင့် (Bully) လုပ်တယ်ဆိုတဲ့ အဲဒါမျိုး အထောက်အထားတွေကတော့ မတွေ့ဘူး။ လူအုပ်စုနဲ့ဝိုင်းပြီး သူ့ကို သိက္ခာကျ အောင်၊ စိတ်ဓာတ်ကျအောင် […]