ဖလမ်းမြို့၊ချင်းပြည်နယ်တွင် လူ့အခွင့်အရေးဟောပြောပွဲ

Equality MyanmarJune 26, 2019
လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ချင်းပြည်နယ်၊ ဖလမ်းမြို့၊ FBC ခမ်းမတွင် ဇွန်လ ၂၆ ရက်နေ့က ဆွေးနွေးဟောပြော ခဲ့ပါသည်။

ဟောပြောပွဲသို့ CISSI မှ ကျောင်းသူ ကျောင်းသားများနှင့် FBC မှ တရားဟောဆရာများအပါအဝင် သင်တန်းသားဦးရေစုစုပေါင်း ၄၁ ဦးတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

“ကျောင်းမှာတော့ ကျမ သဘောအကျဆုံးဘာသာရပ်က လူ့အခွင့် အရေးဖြစ်တယ်။ အရင်ကသိထားတာက ကိုယ့်အခွင့်အရေးကိုပဲ သိထားတယ်။ ငါ့အခွင့်အရေးပဲ ငါနေချင်သလိုနေမယ်ဆိုပြီး ထင်တယ်။ ဒါပေမယ့် အခုသိလိုက်ရတာ က ကိုယ့်အခွင့်အရေးကို အသုံးချတဲ့အခါ အခြားသူတွေရဲ့ အခွင့်အရေးကိုလည်း လိုက်နာရမယ်ဆိုတာကို သိလိုက်တယ်။ နောက်ပိုင်းမှာလည်း အခြားသူတွေရဲ့ အခွင့်အရေး တွေကို မထိအောင် ဂရုတစိုက်နေထိုင် သွားမယ်လို့ ဆုံးဖြတ်ထား ပါတယ်။” လို့ပြောကြားထားပါတယ်။ (လီဒီယာဇာကျဲရ်ကျင်)

လူ့အခွင့်အရေး အဓိပ္ပါယ်များ၊ လူ့အခွင့်အရေးအယူအဆများ ဖွံ့ဖြိုးတိုး တက်လာပုံသမိုင်း၊ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချို့သော အပိုဒ်များကို မိမိတို့ဒေသတွင်း အခြေအနေများနှင့် နှိုင်းယှဉ်ေ ဆွးနွေး ခဲ့ကြပါသည်။ ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်ကြား နိုင်ရန် မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်ကြောင်း ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတဲ့အချက်တွေ၊ မြန်မာနိုင်ငံက လက်မှတ်ရေးထား တဲ့စာချုပ်တွေ ကိုသိလိုက်ရတယ်။ အစိုးရက လက်မှတ်ရေးထိုးပြီးဖြစ်တဲ့အတွက် သူတို့တွေမှာ တာဝန်ရှိတယ်ဆိုတာ လည်း သိလာတယ်။ ပြီးတော့ သင်ယူရတဲ့ အကြောင်းအရာ တွေကို ကိုယ့်ပတ်ဝန်းကျင်မှာလည်း ပြန်ပြောပြလို့ရတယ်၊ မျှဝေလို့ရပါတယ်။ (ကျင်ရှှင်ဟွေ့)

အဆိုပါဟောပြောပွဲတွင် ညီမျှ ခြင်းမြန်မာမှ သင်တန်းနည်းပြ ဒေါ်ဝါဝါပြုံးနှင့် လူ့အခွင့်အရေး ပညာပေးသူများ ကွန်ယက် (HREN) မှ မိုင်ထွေးထွေးဝင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။