ရခိုင်တိုက်ပွဲတွေမှာ အရပ်သားတွေကို တိုက်ခိုက်သူတွေကို အရေးယူဖို့ လူ့အခွင့်အရေးအစီရင်ခံစာမှာထည့်ရေးမယ်
ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်သားတွေကို တိုက်ခိုက်တာတွေမလုပ်ဖို့နဲ့ လုပ်သူတွေကို အရေးယူဖို့ လူ့အခွင့်အရေးအလှည့်ကျသုံးသပ်မှု (UPR -Universal Periodic Review) အစီရင်ခံစာ ထဲမှာထည့်ရေးမယ်လို့ ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကိုပြောပါတယ်။ အဲဒီအစီရင်ခံစာကို မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့ ၂၀ လောက် စုပေါင်းထားတဲ့ Burma/Myanmar UPR Forum အဖွဲ့က ရရှိထားတဲ့ သတင်းအချက်အလက် အထောက် အထားတွေကို စုပေါင်းပြီး ရေးသားမှာလည်း ဖြစ်ပါတယ်။ အခုလို ရခိုင်ပြည်နယ်ထဲက စစ်ပွဲတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို UPR အစီရင်ခံစာ ထဲမှာ ထည့်သွင်းရေးသားတာက ဒီတခါပထမဆုံးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄နှစ်တုန်းကတော့ စစ်ပွဲတွေ မရှိခဲ့လို့ […]