လူ့အခွင့်အရေးနည်းပြ မွမ်းမံသင်တန်း

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ လူအခွင့်အရေး နည်းပြ မွမ်းမံ သင်တန်းကို ကျင်းပပြုလုပ်နေပြီ ဖြစ်ပါသည်။ ထိုလူအခွင့် အရေး နည်းပြမွမ်းမံသင်တန်းသို့ တက်ရောက် လာကြသူများမှာ ၂၀၁၉ ခုနှစ် မတ်လ ၁ရက်နေ့မှ ၃၀ ရက်နေ့ထိတွင် ကျင်းပခဲ့သော လူအခွင့် အရေး နည်းပြသို့ တက်ရောက်လာ ခဲ့ကြသူများ ကို လူအခွင့်အရေး ဘာသာရပ်များကို မွမ်းမံသည့် အနေဖြင့်တက် ရောက်ခဲ့သည်။ ထိုသူများ သည် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ကိုယ်စားပြု၍ သင်တန်းသား စုစုပေါင်း (၂၀) ယောက် တက်ရောက် လာကြပါသည်။

ယခု လူအခွင့်အရေး နည်းပြမွမ်းမံသင်တန်းတွင် ကမ္ဘာကုလသမဂ္ဂ အကြောင်းကို ညီမျှခြင်းမြန်မာဆရာ/ဆရာမ များက ဦးဆောင်ခဲ့ကြပါသည်။၊ နိုင်ငံတကာ နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ်၊ နိုင်ငံတကာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ သဘောတူ စာချုပ်တို့ကို ညီမျှခြင်းမြန်မာ သင်တန်းနည်းပြများကတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပါ သည်။ မသန်စွမ်းသဘောတူစာချုပ်နှင့် ပတ်သက်သည့် အကြောင်း အရာများ ကို MILI မှ ဆရာမ တဦးဖြစ်သော ဒေါ်ယုယသူမှ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။

SOGIE အကြောင်းကိုတော့ ဖြိုးသစ်လူတို့မှ ဦးဆောင်ဆွေးနွေးခဲ့ပါ သည်။ ထို့အပြင် နိုင်ငံတကာ နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် လက်ရှိ မြန်မာနိုင်ငံ အခြေအနေများလည်း ဆရာ ဦးအောင်မျိုးမင်း နှင့် သင်တန်းသားတို့မှ အပြန်အလှန် သုံးသပ်လေ့လာ ခဲ့ကြပါသည်။