Entries by equalityMM

အခြေခံလူ့အခွင့်အရေးအမြင်ဖွင့်သင်တန်းကိုရှားတောမြို့ ကယားပြည်နယ်တွင် ကျင်းပပြီးစီး

Equality Myanmar June 13, 2017 Equality Myanmar မန္တလေးရုံးမှ အခြေခံလူ့အခွင့်အရေးသင်တန်းကို ရှားတောမြို့ NLD ရုံးတွင် အောင်မြင် စွာကျင်းပပြီးစီးခဲ့ပါသည်။ ၃.၆.၂၀၁၇ မှ ၅.၆.၂၀၁၇ ထိ (၃ )ရက်တာသင်တန်းကို ရှားတောမြို့တွင်းရှိ ရပ်ကွက် အသီးသီးမှ သင်တန်းသား (၄) ဦးသင်တန်းသူ (၁၃) ယောက် စုစုပေါင်း (၁၇)ဦး ပါဝင်ခဲ့ကြပါသည်။ အခြေခံလူ့အခွင့်အရေးသဘောတရာများကိုနားလည်လာစေရန်၊ မိမိတို့အဖွဲ့အစည်းနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများချိတ်ဆက်အားကောင်းလာစေရန်၊ ၎င်းတို့ အချင်းချင်းကြားလူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများရှိလာစေရန် တို့ကိုရည် ရွယ်ြ ပီးပို့ချခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းသားသင်တန်းသူများမှ ၎င်းတို့ အမြင်များကိုအပြန် အလှန် ဆွေးနွေးမျှဝေကြရင်း အချင်းချင်းကြား ရင်းနှီးမှုများပိုမိုရရှိကြပါသည်။ အချင်းချင်းစိတ်ခံစားမှုများအတွေ့အကြုံများ ဖလှယ်ချင်းဖြင့် ၎င်းတို့၏ အပြန် အလှန် သင်ယူမှုများသည် […]

အစွန်းရောက်အတွေးအခေါ်များ ပြောင်းလဲလာခဲ့သည်ဟု ဆိုလာခဲ့သော အောက်မှော်ဖောင်းမှ လူ့အခွင့်အရေးသင်တန်း

Equality Myanmar June 11, 2017 “ သင်တန်းတတ်ရောက်ပြီးနောက်မှာ ကိုယ့်မှာရှိတဲ့ အစွန်းရောက်အတွေးအခေါ်တွေ ပြောင်းလဲခဲ့ပါတယ်…..” “ ဒီသင်တန်းက ကျွန်တော်တို့ လူငယ်များအတွက် အလွန်သိထား၊ တတ်ထားသင့်တဲ့ အကြောင်းအရာကို ပို့ချတဲ့ သင်တန်းဖြစ်ပါတယ်…”စသည်ဖြင့် တတ်ရောက်ပါဝင်ခဲ့သူများမှ ပြောကြားခဲ့သည်မှာ ကချင်ပြည်နယ် အော်မှော်ဖောင်း ဒေသတွင် ပြုလုပ်ခဲ့သော လူ့အခွင့်အရေးအသိအမြင်ဖွင့်သင် တန်းပင်ဖြစ်သည်။ ထိုသင်တန်းအား ညီမျှခြင်း မြန်မာ (မန္တလေး) နှင့် လူ့ အခွင့်အရေးအသိပညာပေးသူများကွန်ယက်တို့ပူးပေါင်း စီစဉ်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းတစ်လျှောက်တွင် လူ့အခွင့်အရေးအယူ အဆနှင့် အဓိပ္ပါယ်များ၊ သမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါအပိုင်များ၊ လူ့အခွင့်အရေး အမျိုး အစားများအပြင် အစိုးရတာဝန်ရှိမှုများ၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့်နေရာများကို သင်တန်းသားဗဟိုပြု နည်းစနစ်များဖြင့် လေ့လာသင်ကြားခဲ့ကြသည်။ အဆိုပါသင်တန်းကို […]

လူ့အခွင့်အရေးအမြင်ဖွင့်ဆင့်ပွားသင်တန်း ရန်ကုန်မြို့တွင် ကျင်းပပြီးစီး

Equality Myanmar June 7, 2017 Equality Myanmar ၏ လူ့အခွင့်အရေးနည်းပြသင်တန်းဆင်းများမှ ပြုလုပ်သည့် လူ့အခွင့်အရေး အမြင်ဖွင့် ဆင့်ပွားသင်တန်းကို ရန်ကုန်မြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၂.၅.၂၀၁၇ မှ ၂၆.၅.၂၀၁၇ ထိ (၅) ရက်တာကျင်းပခဲ့ပြီး၊ ရန်ကုန်မြို့နယ် အသီးသီးမှ သင်တန်းသူ (၁၂) ဦး နှင့် သင်တန်းသား (၁၀) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ သင်တန်းကို လူ့အခွင့်အရေးသဘောတရားများကို သိရှိနားလည်စေရန်။ လက်တွေ့ဘဝနှင့် ဆက်စပ် မိစေရန်။ မိမိအခွင့်အရေးတွေကိုသိရှိပြီး အခြားသူများ၏ အခွင့်အရေးကို ခံစားနားလည်းတတ်စေရန် စသည့်ရည် ရွယ်ချက်သုံးခုဖြင့် သင်တန်းပို့ချခဲ့ခြင်းဖြစ်သည်။ သင်တန်းနည်းပြများအနေဖြင့် သင်တန်းသူ/သားများနှင့် အပြန်အ လှန်ဆွေးနွေးသော လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ သင်တန်းသားများအား အုပ်စုဖွဲ့ဆွေးနွေးစေခြင်းနှင့် ပြန်လည်တင်ပြစေခြင်း၊ […]

နိုင်ငံတကာ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွှေးပွဲ

Equality Myanmar June 7, 2017 နိုင်ငံတကာ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွှေးပွဲကို ညီမျှခြင်းမြန်မာ(Equality-Myanmar) မှဦးဆောင်ပြီး ဇွန်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မြောက်ဦးမြို့ နဝရတ်ဟော်တယ်တွင် ပြုလုပ်ခဲ့ပါသည်။ အဓိကဆွေးနွေးခဲ့သောအကြောင်းအရာများမှာ International Covenant on Civil and Political Right (အတိုကောက်-ICCPR) ဟုခေါ်သော နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူညီစာချုပ်ဆိုတာဘာလဲ၊ လက်ရှိမြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံအတွင်းတွင် ရှိနေကြသောနိုင်ငံသားများ၏ လုံခြုံမှု၊ နိုင်ငံရေးဆိုင်ရာလွတ်လပ်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အဘယ့်ကြောင့် ထိုစာချုပ်တွင် မြန်မာနိုင်ငံအစိုးရ လက်မှတ်ထိုးရန်လိုအပ်သလဲ ဆိုသည့်အကြောင်းအရာများကို သုံးသပ်ခဲ့ကြသည်။ လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောကိစ္စရပ်များဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အကြပ်အတည်း၊ ဘာသာရေးအသွင်ဆောင်နေသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့်ပတ်သတ်၍လဲ ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါသည်။ သင်တန်းသို့တက်ရောက်သူ […]

လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

Equality Myanmar June 5, 2017 Equality Myanmar အဖွဲ့မှ ဦးဆောင်ပြီး ရန်ကုန်မြို့ Orchid Hotel တွင်၂၉ ရက် မေ ၂၀၁၇ မှ ၃၁ ရက်မေ ၂၀၁၇ ရက်နေ့ထိ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုင်ရာ ၃ ရက်တာ အလုပ်ရုံဆွေးနွေးပွဲတခုကိုပြုလုပ်ကျင်း ပြီးစီးခဲ့သည်။ ၎င်းဆွေးနွေးပွဲကို Equality Myanmar ရန်ကုန်ရုံးမှ နည်းပြများဖြစ်သည် ဦးဝေဖြိုးအောင် နှင့် ဒေါ်ကြည်ဖြူတို့ မှဦးဆောင်ပြီး ရန်ကုန်မြို့ အပါအဝင်အောက်မြန်မာပြည် ပဲခူး၊ တနင်္သာရီတိုင်း ဧရာဝတီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ်တို့မှ ဘာသာ အသီးသီမှလူငယ်များနှင့် ဘာသာရေးခေါင်းဆောင်များ အပါအဝင် စုစုပေါင်း သင်တန်းသား သင်တန်းသူ (၂၂ )ဦးပါဝင်တက်ရောက်ပါဝင်ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲရည်ရွယ်ချက်အရ မတူညီသည့် ဘာသာရေးအဖွဲ့များကြားတွင် ငြိမ်းချမ်းစွာအတူနေထိုင်နိုင်ရေးနှင့် […]