အခြေခံလူ့အခွင့်အရေးအမြင်ဖွင့်သင်တန်းကိုရှားတောမြို့ ကယားပြည်နယ်တွင် ကျင်းပပြီးစီး

Equality Myanmar June 13, 2017
Equality Myanmar မန္တလေးရုံးမှ အခြေခံလူ့အခွင့်အရေးသင်တန်းကို ရှားတောမြို့ NLD ရုံးတွင် အောင်မြင် စွာကျင်းပပြီးစီးခဲ့ပါသည်။ ၃.၆.၂၀၁၇ မှ ၅.၆.၂၀၁၇ ထိ (၃ )ရက်တာသင်တန်းကို ရှားတောမြို့တွင်းရှိ ရပ်ကွက် အသီးသီးမှ သင်တန်းသား (၄) ဦးသင်တန်းသူ (၁၃) ယောက် စုစုပေါင်း (၁၇)ဦး ပါဝင်ခဲ့ကြပါသည်။

အခြေခံလူ့အခွင့်အရေးသဘောတရာများကိုနားလည်လာစေရန်၊ မိမိတို့အဖွဲ့အစည်းနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများချိတ်ဆက်အားကောင်းလာစေရန်၊ ၎င်းတို့ အချင်းချင်းကြားလူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများရှိလာစေရန် တို့ကိုရည်
ရွယ်ြ ပီးပို့ချခဲ့ခြင်းဖြစ်ပါသည်။
သင်တန်းသားသင်တန်းသူများမှ ၎င်းတို့ အမြင်များကိုအပြန် အလှန် ဆွေးနွေးမျှဝေကြရင်း အချင်းချင်းကြား ရင်းနှီးမှုများပိုမိုရရှိကြပါသည်။ အချင်းချင်းစိတ်ခံစားမှုများအတွေ့အကြုံများ ဖလှယ်ချင်းဖြင့် ၎င်းတို့၏ အပြန် အလှန် သင်ယူမှုများသည် သင်တန်းအပေါ် ပိုမိုအသက် ဝင်စေခဲ့ပါသည်။
မရိုစီအေးမှ “အရင်ကလူအခွင့်အရေးဆိုတာရှိတယ်ဆိုတာသိခဲ့သော်လည်းဒါပေ့မယ် တခါမှမသင်ရဘူး၊ အခုလိုသင်ယူခဲ့ပြီးသည့်အခါ လူအခွင့်အရေးကိုနားလည်ပေးတတ်လာတယ်၊ အပိုဒ်ထဲမှာပါဝင်တဲ့ တရား ဥပဒေနဲ့ ပတ်သက်ပြီးပွင့်လင်းမြင်သာသောတရားစီရင်မှုမျိုး ဖြစ်ရမယ်၊ လူတိုင်းကြားနားနိုင်တဲ့ တရားရုံးများ ဖြစ်ရမယ် ဆိုတာနားလည်လိုက်ပါသည်။ အခြားသော CEDAW, CRC, CRPD စသည့် အခွင့်အရေး သင်တန်း များကို
လည်းထပ်ပြီးပေးထားစေချင်ပါတယ်၊ ရာသီဥတုများပူတာကလွဲလို့ ကျန်တာအဆင်ပြေပါတယ်၊” ထိုနည်း တူဒေါ်တင်တင်ဌေးမှလည်း “ လူအခွင့်အရေးဆိုတာရပိုင်ခွင့်ပာုသိလိုက်ရတယ်၊ ကိုယ့်အခွင့်အရေးပဲရှိတာ မပာုတ်ပဲနဲ့ သူများမှာလည်းအခွင့်အရေးရှိတယ် ဆိုတာသိလာတယ်၊ ကျွန်မ ပတ်ဝန်းကျင်မှာရှိတဲ့ သူများကို လည်း ပြန်လည်ဝေမျှပေးပါမည်၊ ကျွန်မအနေနဲ့ လူငယ်များကိုအများဆုံးသင်တန်းပေးစေချင်တယ်၊ ကလေး တွေကိုလည်းသိစေချင်ပါတယ်၊ လူငယ်တွေသိမှ မိဘများကို ပြန်ပြောနိုင်မည်၊ သူတို့ကပိုပြီးလက်လှမ်းမှီမယ်၊ နောက်ထပ် သင်တန်းများရှိလျှင် ချိတ်ဆက်စေချင်လိုပါသည်၊” နောက်ထပ် သင်တန်းသူ တစ်ဦးဖြစ်သော မမေရီလင်းမှလည်း “
လူအခွင့်အရေးဆိုတာ တာဝန်ခံမှု၊ တာဝန်ယူမှု နှင့် တူပါသည်၊ သူများကို အခွင့်အရေး လေးစားပေးရမယ်၊ လူကို လူလို ဆက်ဆံရမှုမျိုး ဖြစ်သည်၊ လူမ ဆန်စွာမဆက်ဆံရဘူး၊ ကိုယ်ပိုင်ပစ္စည်း ပိုင်ဆိုင်ခွင့် ရှိရမယ်၊ ပြီးတော့ လက်ထပ်ထိမ်းမြှားမှုနှင့် ပတ်သက်ပြီးချစ်သောသူ နှင့်လည်း အတူနေချင်ပါသည်၊ မချစ်သောသူနဲ့ မနေချင်ဘူးပေါ့နော်၊ ကျွန်မကိုယ်တိုင်ကအမျိုး သမီးဖြစ်နေသည့်အတွက်ကြောင့် အမျိုးသမီး များနှင့် ပတ်သက်တဲ့
အခွင့်အရေးမျိုးကိုသိချင်ပါသည်။ ရှားတောမြို့လိုခေါင်ခိုက်တဲ့ နေရာဒေသမျိုးမှာ သင်တန်းများများပေးသင့်ပါသည်” ပာုသင်တန်းသူများမှ မှတ် ချက်ပေးပြီး သင်တန်းပြီးဆုံးခဲ့ပါသည်။