အခြေခံလူ့အခွင့်အရေးအမြင်ဖွင့်သင်တန်း နေပြည်တော်ကောာင်စီနယ်မြေ တပ်ကုန်းမြို့တွင် ကျင်းပပြုလုပ်ပြီးစီး

Equality Myanmar June 15, 2017
ညီမျှခြင်းမြန်မာနှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ယက်တို့ပုူးပေါင်းပြီး နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့တွင် ၉ ဇွန် ၂၀၁၇ မှ ၁၁ ဇွန် ၂၀၁၇ အထိ(၃)ရက်တာကျင်းပပြုလုပ်ပြီးစီးခဲ့သည်။ ထိုသင်တန်းတွင်ရပ်ရွာတွင်း တက်ကြွလှုပ်ရှားသူများ လူငယ်များ ကျေးရွာလူကြီးများနှင့် နိုင်ငံရေးပါတီအချို့မှအဖွဲ့ဝင် အမျိုးသား ( ၁၆) ဦး အမျိုးသမီး (၁၂ ) စုစုပေါင်း (၂၈) ဦးတက်ရောက်ဆွေးနွေးမှုပြုလုပ်နိုင်ခဲ့သည်။


သင်တန်းတွင် လူ့အခွင့်အရေးသဘောတရားများ သမိုင်းကြောင်းများ လူ့အခွင့်အရေးကြေညာစာတမ်းများ အခွင့်အရေးအပိုင်းများနှင့် လူ့အခွင့်အရေးအမျိုးအစား ရရှိခံစားခွင့်ရှိသူအုပ်စုဝင်များအစိုးရနှင့် ပြည်သူတို့၏ လူ့အခွင့်အရေးဆိုင်လုပ်ငန်းစဉ်များတိုင်းကြားနိုင်သည့်နေရာများကိုသင် တန်းသားဗဟိုပြုနည်းစနစ်များ အသုံးပြုပြီး ညီမျှခြင်းမြန်မာ ရန်ကုန်မှ နည်းပြ မကြည်ဖြူနှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ယက် နေပြည်ေ တာ် တာဝန်ခံ မလင်းဖြူပြာဘို နှင့် အလုပ်သင်နည်းပြ နော်အေးသဌ္ဇမြတို့က ကူညီပါဝင်ဦးဆောင် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ကျနော်တို့ဘဝမှာ အခုလိုသင်တန်းမျိုးဆိုတာ အခုမှ တစ်ကြိမ်ပဲကြုံတွေဘူးတယ် သင်ကြားပို့ချတဲ့အကြောင်း အရာတွေကလည်း ကျနောတို့ ဘဝတွေ့အတွက် အခြေခံလိုအပ်ချက်တွေဆိုတာသိရှိလိုက်ရတယ် တစ်ဆက် ထဲမှာပဲ လူ့အခွင့်အရေးဆိုတာအရာက လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာကိုလည်း နားလည် သိရှိလာခဲ့တဲ့အတွက် အမတန်မှ အကျိုးကျေးဇူးရှိတဲ့သင်တန်းတစ်ရက်ဖြစ်တယ်ဆိုတာ သိလိုက်ရတယ် ဒါပင်မယ့် ရက်တိုတောင်းမှုအတွက် ကျနော်တို့ အားမလိုအားမ ရဖြစ်တယ် ဒီထက်ပိုပြီးတော့ သိချင်သေး ပါတယ်လို့ သင်တန်းတက်ရောက်သူ တစ်ဦးကလည်း ရင်ဖွင့်ပြောကြားခဲ့ပါတယ်။
မသိသေးတဲ့ မကြောင်းအရာများကိုသိရှိခဲ့တယ်။ မသိနားမလည်တဲ့ အရာတွေသိရှိတယ် အရင်က HR ဆိုတာ ဘာမှန်း မသိဘူး သင်တန်း တက်ပြီးနောက်လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေအများကြီးသိရှီခဲ့ရ
တယ်။ လူနေမှုဘ၀ လူမှူဖူလုံရေးအကြောင်းအရာတွေ တောင်တမှုများကင်းရမယ်(ဆိုတာအခြေခံလူမှုဘဝလိုအပ် ချက်များ ဖူလုံမှုရှိရမယ်ဆိုတာမျိုး )ကြောင့်ကြမှုများကင်ရမယ်ဆိုတာ လူတွေအကြောက်တရားကင်းကင်းနဲ့ လုံခြုံစွာနေထိုင်ရမှုဆိုသည့် အကြောင်းအရာများကိုသိရှိလိုက်ရတယ်။
ကိုယ်တိုင်လည်းလူ့အခွင့်အရေးချိုးဖေါက်မှုများမလုပ်မိအောင်လည်း သတိပြုရမယ်ဆိုတာကိုလေ့လာမှတ်သားမိလိုက်ပါတယ် ဟု သင်တန်း တက်ရောက်သူ မောင်နေထက်အောင်မှလည်း ပြောဆိုခဲ့ပါတယ်။