လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

Equality Myanmar June 5, 2017
Equality Myanmar အဖွဲ့မှ ဦးဆောင်ပြီး ရန်ကုန်မြို့ Orchid Hotel တွင်၂၉ ရက် မေ ၂၀၁၇ မှ ၃၁ ရက်မေ ၂၀၁၇ ရက်နေ့ထိ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုင်ရာ ၃ ရက်တာ အလုပ်ရုံဆွေးနွေးပွဲတခုကိုပြုလုပ်ကျင်း ပြီးစီးခဲ့သည်။ ၎င်းဆွေးနွေးပွဲကို Equality Myanmar ရန်ကုန်ရုံးမှ နည်းပြများဖြစ်သည် ဦးဝေဖြိုးအောင် နှင့် ဒေါ်ကြည်ဖြူတို့ မှဦးဆောင်ပြီး ရန်ကုန်မြို့ အပါအဝင်အောက်မြန်မာပြည် ပဲခူး၊ တနင်္သာရီတိုင်း ဧရာဝတီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ်တို့မှ ဘာသာ အသီးသီမှလူငယ်များနှင့် ဘာသာရေးခေါင်းဆောင်များ အပါအဝင် စုစုပေါင်း သင်တန်းသား သင်တန်းသူ (၂၂ )ဦးပါဝင်တက်ရောက်ပါဝင်ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။


ဆွေးနွေးပွဲရည်ရွယ်ချက်အရ မတူညီသည့် ဘာသာရေးအဖွဲ့များကြားတွင် ငြိမ်းချမ်းစွာအတူနေထိုင်နိုင်ရေးနှင့် ဘာသာတရားအလိုက် မိမိတို့၏ ယုံကြည်ကိုးကွယ်ခွင့်များကို FoRB စံသက်မှတ်ချက်များနှင့်အညီ ပြုလုပ် ဆောင်ရွက်နေထိုင်နေရန်ရည်ရွယ်ပြီးပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ဆွေးနွေးပွဲတွင် လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်ဆိုတာဘာလဲ ။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို တိုင်းတာနိုင်သည့် နိုင်ငံတကာ စံတန်ဖိုး သက်မှတ် ချက်(၈)ချက်နှုင့်ချိုးဖေါက်မှုဖြစ်ပေါ်လာသည့်ပုံစံများ ချိုးဖေါက်သူများနှင့် ချိုးဖေါက်မှုလုပ်ငန်းတွင် ပါဝင်ပါတ်သက်သူများ နိုင်ငံတကာ တွင်ဖြစ်ပျက်နေ သည့် လွတ်လပ်စွာယုံကြည် ကိုးကွယ်မှုကို ချိုးဖေါက်ခံ နေရသည့်အခြေအနေများ လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လွတ်လပ်စွာယုံကြည်ကိုး ကွယ်ခွင့်နှင့် ပတ်သက် ကြုံတွေ့နေရသည့် အခြေအနေများ ။ အစိုးရ၏ တာဝန်ဝတ္တရားများနှင့် မိမိတို့ ဒေသအတွင်း FoRB (Freedom of religion or belief)လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု အတွက်ဘာသာတိုင်းတန်းတူ အခွင့်အရေး ရရှိစေရန်လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


နိုင်ငံ တကာစံချိန်စံချိန်စံနှုန်းများနှင့် မြန်မာနိုင်ငံအတွင်း တွင်ဖြစ်ပေါ်နေသည့် ဘာသာရေးပေါ်အခြေခံသည့် ခွဲခြားဖိနှိပ်မှုများကို လေ့လာခြင်း သုံးသပ်ခြင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်ဆိုင်ရာ အဆင်မပြေမှုများတွင်ပါဝင်သူများ ဖြစ်ပေါ်နေသည့် အကြောင်းရင်းများ ဖြစ်နိုင်သည့် အကျိုးဆက်များကို သင်တန်းသား ဗဟိုပြု သုံးသပ်လေ့လာမှုများပြုလုပ်ဆောင်ရွက်ပြီး လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်အတွက် တစ်ဦးချင်း၏ ဆောင်ရန် ရှောင်ရန်။ လူမှုအဖွဲ့အစည်းများအနေနှင့် ဆောင်ရန် ရှောင်ရန် ။ အစိုးရအနေနှင့် ရှေ့ဆက်လုပ်ဆောင်သင့်သည့် အရာများကို ထုတ်ဖေါ်နိုင်ခဲ့ပြီး ၎င်းလုပ်ငန်းစဉ်များအကောင် အထည်ဖေါ်ဆောင်ရန်အတွက်လည်း လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များရေးဆွဲနိုင်ခဲ့သည် ။
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတာ လူတစ်ဦးတစ်ယောက်ထဲအတွက်သာမဟုတ်ပဲ မိမိတို့ တိုင်းပြ ည်၏ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလမ်းကြောင်းအတွက်အလည်းအလွန်ပင်အရေးကြီးကြောင်းလွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်သည်လူသားတို့အတွက်မရှိမဖြစ်လိုအပ်သည့်အခြေခံအရေး ကြီးသည့်အချက်တခုဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီအလုပ်ရုံဆွေးနွေးပွဲမှ တဆင့် ကျနော်တို့ အနေနှင့် လုပ်ဆောင်ရန် ဗဟုသုတများစွာ ကိုလည်းရရှိခဲ့သလို တစ်ဦးချင်းအနေနှင့်လည်း ဆောင်ရန် ရှောင်ရန် နည်းလမ်းများကိုသိရှိခဲ့ရတယ် ဟုပြည်မြို့ မှလာရောက်ခဲ့သည့် သင်တန်းသားတစ်ဦးကပြောဆိုခဲ့ပါတယ်။


ကျမတို့တွေ ဒီလိုဆွေးနွေးပွဲ မတက်ခင်က ကိုယ်တိုင်လည်း ချိုးဖေါက်မှုတွေရှိခဲ့တယ်
(အခြားဘာသာဝင်များကို ခွဲခြားမှုမှုများ) သတင်းအမှားများကို အမှန်ထင်ခဲ့သည့် အရာများလည်းရှိခဲ့ပြီးတော့ ဖြစ်ပျက်နေသည့် ဘာသာရေးဆိုင်ရာ ပြဿနာတိုင်းတွင် ကိုယ့်ဘက်ကသာ အမှန်ဟုထင်ခဲ့သည့်အရာများ လည်းရှိခဲ့တယ်။ အခု ဆွေးနွေးပွဲမှာ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုတာ ဘာသာတရားများကို ကာကွယ် ပေးတာမဟုတ်ပဲ ဘာသာကိုးကွယ်သူ တစ်ဦးချင်းတစ်ယောက်ချင်း လူသားများကိုသာကာကွယ်ပေးမှုဆိုတာ သိလိုက်ရတယ် ။ FoRB စံတန်းဖိုး (၈) ချက်အရလည်း လူတိုင်းက ၎င်းစံတန်ဖိုးတွေအတိုင်း လိုက်နာကျင့်သုံး ပြီးတော့ အစိုးရတွေအနေနှင့်လည်း ၎င်းအရာများကို တန်းတူညီမျှ အကောင်းအထည်ဖေါ် လုပ်ဆောင်သင့် ကြောင်းကို လေ့လာသုံးသပ်မိလိုက်ပါသည့်အတွက် များစွာအကျိုးကျေးဇူးများရရှိခဲ့သည် ဟု မွန်ပြည်နယ်မှ သင်တန်းသူ ၁ ဦးကလည်းပြောဆိုခဲ့ပါသည်။