အစွန်းရောက်အတွေးအခေါ်များ ပြောင်းလဲလာခဲ့သည်ဟု ဆိုလာခဲ့သော အောက်မှော်ဖောင်းမှ လူ့အခွင့်အရေးသင်တန်း

Equality Myanmar June 11, 2017
“ သင်တန်းတတ်ရောက်ပြီးနောက်မှာ ကိုယ့်မှာရှိတဲ့ အစွန်းရောက်အတွေးအခေါ်တွေ ပြောင်းလဲခဲ့ပါတယ်…..”

“ ဒီသင်တန်းက ကျွန်တော်တို့ လူငယ်များအတွက် အလွန်သိထား၊ တတ်ထားသင့်တဲ့ အကြောင်းအရာကို ပို့ချတဲ့ သင်တန်းဖြစ်ပါတယ်…”စသည်ဖြင့် တတ်ရောက်ပါဝင်ခဲ့သူများမှ ပြောကြားခဲ့သည်မှာ ကချင်ပြည်နယ် အော်မှော်ဖောင်း ဒေသတွင် ပြုလုပ်ခဲ့သော လူ့အခွင့်အရေးအသိအမြင်ဖွင့်သင် တန်းပင်ဖြစ်သည်။ ထိုသင်တန်းအား ညီမျှခြင်း မြန်မာ (မန္တလေး) နှင့် လူ့ အခွင့်အရေးအသိပညာပေးသူများကွန်ယက်တို့ပူးပေါင်း စီစဉ်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းတစ်လျှောက်တွင် လူ့အခွင့်အရေးအယူ အဆနှင့် အဓိပ္ပါယ်များ၊ သမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါအပိုင်များ၊ လူ့အခွင့်အရေး အမျိုး အစားများအပြင် အစိုးရတာဝန်ရှိမှုများ၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့်နေရာများကို သင်တန်းသားဗဟိုပြု နည်းစနစ်များဖြင့် လေ့လာသင်ကြားခဲ့ကြသည်။
အဆိုပါသင်တန်းကို ကချင်ပြည်နယ်ရှိ လူငယ် ၂၆ ဦး ခန့်ပါဝင်တတ်ရောက်ခဲ့ကြပြီး ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ ငါးရက်တာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။