အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား မန္တလေးမြို့ တွင် ကျင်းပပြီးစီး

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုပြ ဌာန်းနိုင်ခဲ့သော ဒီဇင်ဘာလ ၁၀ ရက်နေ့ကို လူ့အခွင့် အရေးနေ့ အဖြစ်သတ်မှတ်ခဲ့ပြီး ကမ္ဘာနှင့် အဝှမ်းအထိမ်း အမှတ် အခမ်းအနား များ ကျင်းပခဲ့သည်မှာ ယခုဆိုလျင် နှစ်ပေါင်း ၇၀ တိုင်ခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင်လည်း မြန်မာနိုင်ငံတနှံတလျားတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား များကို ကျင်းပပြုလုပ်လျက်ရှိကြသည်။

မန္တလေးမြို့တွင်လည်း ညီမျှခြင်းမြန်မာအဖွဲ့အပါအဝင် မန္တလေးမြို့ရှိ အရပ်ဖက်အဖွဲ့အစည်း များပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ညီမျှခြင်းမြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း လူ့အခွင့်အရေး ရှေ့နေ ဦးသိန်းသန်းဦး၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်တို့မှ အဖွင့်အမှာ စကားနှင့် အမှတ်တရ စကား များ ပြောကြားပေးခဲ့ကြသည်။

ထို့နောက် Myanmar Deaf Society မှ လူငယ်များ၏ တေးသရုပ် ဖော်တင်ဆက်မှုဖြင့် တင်ဆက်ခဲ့သည်။
၎င်းလူငယ်များ၏ ဖျော်ဖြေတင်ဆက်ပြီးအပြီးတွင် မန္တလေးမြို့ အရပ် ဘက်အဖွဲ့အစည်းများ ကိုယ်စား ဒေါ်မေအေးသန္တာကြွယ်မှ စစ် အတွင်းပိတ်မိပြည်သူများကို ကယ်ဆယ်ပေးရန် ဆန္ဒပြတောင်းဆို သူများကို ထောင်ဒဏ်ချ မှတ်ခြင်းအပေါ် အရပ်ဖက်အဖွဲ့အစည်း များ၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားပေးခဲ့သည်။

ထို့အနောက် “ လူ့အခွင့်အရေးအတွက်ရပ်တည်ကြစို့” စကားဝိုင်း အစီစဉ်တွင် ဦးသိန်းသန်းဦး၊ ဦးရဲထွဋ် (ခ) စာရေးဆရာ သူရိန်ထက်လင်း၊ စောဖိုးခွား၊ မစုပုံချစ် နှင့် စောချစ်သက်ထွန်းတို့မှ ပါဝင်ဆွေးနွေးပြောကြားခဲ့ကြသည်။
စကားဝိုင်းအစီအစဉ်ပြီးသည့်နောက်တွင် အနုပညာရှင်များမှ ဖျော်ဖြေ တင်ဆက်ကြပြီး လူ့အခွင့်အရေးနေ့အခမ်းအနား အတွက် အမှတ် တရစကားများပြောကြားပေးခဲ့ကြသည်။
အခမ်းအနားတွင် မန္တလေးမြို့အရပ်ဖက်အဖွဲ့အစည်းများမှ အသိ ပညာပေးပြခန်းများ ပြသခဲ့ကြပြီး ဉာဏ်စမ်းအစီစဉ်များ၊ ကမ်ပိန်း အစီအစဉ်များပြုလုပ်ခဲ့ကြသည်။