နှစ်(၇၀)ပြည့် အပြည်ပြည်ဆိုရာလူ့အခွင့်အရေးနေ့ အခမ်းနားကို ပဲခူးတိုင်းဒေသကြီးတွင်ကျင်းပပြုလုပ်ပြီးစီး

ညီမျှခြင်းမြန်မာအဖွဲ့မှ ကူညီမှုဖြင့် လူ့အခွင့်အရေး ပညာပေးသူများကွန်ယက်( HREN )မှ ဦးဆောင်ပြီး ပြည်မြို့မှ အရပ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် မဟာလူမှုကူညီရေးအသင်း ၊ ရှင်သန်ခြင်းအင်အား အဖွဲ့၊ Myanmar Youth Stars Network ၊ Democracy Forward ၊ AAPP စသည့်အဖွဲ့များနှင့် ပူးပေါင်းပြီး အခမ်းအနား အစီအစဉ် (၈)ခုဖြင့် နှစ် ၇၀ ပြည့်လူ့အခွင့်အရေးနေ့ အခမ်းအနားကိုယနေ့ (၁၀ ဒီဇင်ဘာ ၂၀၁၈)ရက်နေ့တွင် သီရိရတနာခေတ္တရာခန်းမ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီးနံနက် ၉နာရီ မှ ၁၂နာရီထိ အောင်မြင်စွာကျင်းပခဲ့သည်။

အခမ်းအနားတွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌန။မြို့နယ်ရဲတပ်ဖွဲ့(အစိုးရအဖွဲ့အစည်းများ)နှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရအဟုတ်သောအဖွဲ့အစည်းများ များနှင့် ဒေသခံပြည်သူ ၁၅၀၀ ကျော်ခန့်တက်ရောက်ခဲ့သည်။

အစီအစဉ်များအဖြစ် ပြည်မြို့နယ် တိုင်ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားပေးခြင်း ။ မြို့နယ်အုပ်ချုပ်ရေးမှုမှ အဖွင့်စကားပြောကြားပေးခြင်းနှင့် လူ့အခွင့်အရေးနေ့ဖြစ်ပေါ်လာမှုသမိုင်းကြောင်းများ HREN ၏လုပ်ငန်းစဉ်များကိုရှင်လင်းတင်ပြခြင်း။

တေးသီချင်းများဖြင့်ဖျော်ဖြေခြင်း ဉာဏ်စမ်းမေးခွန်းများ နှင့်ဆုလက်ဆောင်ပေးအပ်ခြင်များကို လုပ်ဆောင်ခဲ့သည်။