လူ့အခွင့်အရေးပညာပေး နည်းပြသင်တန်းလျှောက်လွှာခေါ်ယူခြင်း

၂၀၁၉ ခုနှစ် မတ်လမှာ ပြုလုပ်မည့် လူ့အခွင့်အရေးနည်းပြ သင်တန်းကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်တို့မှ စိတ်ပါဝင်စားသောသူများအနေဖြင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ပါသည်။

သင်တန်းလျှောက်လွှာကို အပြည့်အစုံရေးဖြည့်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ နောက်ဆုံးထား၍ hrtot.eqmm@gmail.com သို့ အီးမေးလ်ဖြင့်လည်းကောင်း၊ ညီမျှခြင်းမြန်မာရုံး အမှတ် (၃၃၄/၃၄၄) ဒုတိယထပ် ပုဂံအိမ်ယာ၊ အနော်ရထာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်သော်လည်း၊ စာတိုက်မှသော် လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။