လူ့အခွင့်အရေးအမြင်ဖွင့်ဆင့်ပွားသင်တန်း ရန်ကုန်မြို့တွင် ကျင်းပပြီးစီး

Equality Myanmar June 7, 2017
Equality Myanmar ၏ လူ့အခွင့်အရေးနည်းပြသင်တန်းဆင်းများမှ ပြုလုပ်သည့် လူ့အခွင့်အရေး အမြင်ဖွင့် ဆင့်ပွားသင်တန်းကို ရန်ကုန်မြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၂.၅.၂၀၁၇ မှ ၂၆.၅.၂၀၁၇ ထိ (၅) ရက်တာကျင်းပခဲ့ပြီး၊ ရန်ကုန်မြို့နယ် အသီးသီးမှ သင်တန်းသူ (၁၂) ဦး နှင့် သင်တန်းသား (၁၀) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။


သင်တန်းကို လူ့အခွင့်အရေးသဘောတရားများကို သိရှိနားလည်စေရန်။ လက်တွေ့ဘဝနှင့် ဆက်စပ် မိစေရန်။ မိမိအခွင့်အရေးတွေကိုသိရှိပြီး အခြားသူများ၏ အခွင့်အရေးကို ခံစားနားလည်းတတ်စေရန် စသည့်ရည် ရွယ်ချက်သုံးခုဖြင့် သင်တန်းပို့ချခဲ့ခြင်းဖြစ်သည်။
သင်တန်းနည်းပြများအနေဖြင့် သင်တန်းသူ/သားများနှင့် အပြန်အ လှန်ဆွေးနွေးသော လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ သင်တန်းသားများအား အုပ်စုဖွဲ့ဆွေးနွေးစေခြင်းနှင့် ပြန်လည်တင်ပြစေခြင်း၊ မှတ်တမ်း ရုပ်ရှင်များပြသခြင်းနှ င့် သင်ခန်းစာနှင့်ဆက်နွယ်သက်ဆိုင်သောအကြောင်းအရာများကို သရုပ်ဖော် စေခြင်း စသည့်သင်ကြားမှုနည်းလမ်းများ အသုံးကာ သင်တန်းကို ကျင်းပပြီးစီးခဲ့သည်။
ထိုကဲ့သို့သင်ကြားမှုနည်းလမ်းများအားဖြင့် သင်တန်းသူ/သားများမှလည်း ၎င်းတို့၏ အမြင်များ၊ အတွေ့ အကြုံများကို ဆွေးနွေးဝေမျှခွင့်နှင့် အချင်းချင်းသင်ကြားခွင့် ရရှိခြင်းများကြောင့် တစ်ဦးနှင့်တစ်ဦးပိုမို ရင်းနှီးမှုများ တည်ဆောက်နိုင်ခဲ့ကြပါသည်။ ထို့အပြင် သင်တန်းကာလတလျှောက်လုံးတွင် သင်တန်းသူ/ သားများသည် တက်ကြွစွာ ပါဝင်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ သည်။


သင်တန်းတက်ရောက်သူ ကိုဇင်ကို မှ “အရင်တုန်းက လူ့အခွင့်အရေးဆိုတာ ဘာမှကို မသိခဲ့ဘူး။ ဒီသင်တန်းတက်ရောက်ခဲ့တာ တော်တော်ကို သိလာပြီးပြောင်းလဲသွားတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကို တွေ့လာတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အရင်တုန်းက ချိုးဖောက်ခဲ့တာတွေကို သိသွားတယ်။ နောက်ဆို ချိုးဖောက် မှုတွေမဖြစ်အောင် အတတ်နိုင်ဆုံး နေသွား မယ်” ဟုပြောပြခဲ့သည်။
ကိုဖုန်ရမ် မှလည်း သင်တန်းအပြီးတွင် “လူ့အခွင့်အရေးဆိုတာ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက် အရွယ်မရွေး၊ အသားအရောင်မရွေး တန်းတူညီမျှခံစားခွင့်ရမယ့်အရာလို့မြင်တယ်” ဟုသူ၏အမြင်ကို ပြောပြခဲ့ပါသည်။
“လူ့အခွင့်အရေးက မွေးရာပါအခွင့်အရေးဖြစ်တဲ့အတွက် ကိုယ်မွေးလာကတည်းက ပိုင်ဆိုင်ပြီးသား၊ ဒီလို ပိုင်ဆိုင်ပြီးသားအချက်တွေကို ပိုင်ဆိုင်ဖို့ကအရေးကြီးဆုံးပဲ။ ဘယ်သူမဆို ကိုယ်ပိုင်ဆိုင်ပြီးသားကို ဆုံးရှုံး ချင်ကြတာ မဟုတ်ဘူးလေ။ အဲ့လိုပဲတန်ဖိုးထားတတ်ဖို့အရေးကြီးတယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးကို မသိလို့မရဘူး။” ဟု သင်တန်းတက်ရောက်သူ မမြင့်မိုရ် မှ ပြောပြခဲ့ပြီး သင်တန်းကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။