လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ နည်းပြသင်တန်း

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ညီမျှခြင်းမြန်မာအဖွဲ့က မတ်လ၊ ၁၆ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို မတ်လ၊ ၁၆ ရက် မှ ၃၁ ရက်နေ့ အထိကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “အားလုံးတွေ့ရတာ ဝမ်းသာပါတယ်။ ကျနော်ရဲ့ အတွေ့အကြုံတွေကို ဖြန့်ဝေရင်းနဲ့ ဒီခေါင်းစဉ်နဲ့ပတ်သက်တာလေးပြောပါမယ်။ ကျနော်တို့ လူ့အခွင့်အရေးလို့ ပြောရင် လူတိုင်းနီးပါးက မိမိရဲ့ ရပိုင်ခွင့်ကိုပဲ စဉ်းစားတယ်။ တခြားလူအတွက် မစဉ်းစားပေးဘူး။ အစိုးရက ပြည်သူကို ချိုးဖောက်မှ ချိုးဖောက်မှုမဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ချိုးဖောက် နေတာတွေ ရှိပါတယ်။ ကိုယ့်အခွင့်အရေး အပြင် လူတွေရဲ့အခွင့်အရေး တွေကိုပါ လေးစားပေးဖို့ (မီးပွိုင့်တွေမှာ ကားတံခါးဖွင့်ပီး ကွမ်းတံတွေးထွေးတာ ကလည်း ချိုးဖောက်မှုတ

စ်ခုပဲ ဒါတွေကအစ သတိထားဖို့လိုတယ်) ဒီခေါင်းစဉ်က အရေးကြီးတဲ့ အရာဖြစ်တဲ့ အတွက် သေချာစွာလေ့လာစေချင်ပါတယ်” လို့ အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဤဒီသင်တန်းတွင် နည်းပြသင်တန်းဆင်းချည်းမဟုတ်ပဲ မြေပြင်မှာ အမှန်တကယ် အလုပ်လုပ်နေကြသည့် သူများကိုပါ ဖိတ်ကြားထား ကြောင်းနှင့် “သင်တန်းပြီးရင် နောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေ ပါလာ ပါတယ်။ ကျနော်တို့ ရည်မှန်းချက်က ဒီသင်တန်းမှာပဲ ပြီးသွား တာမျိုး မဟုတ်ပဲ ကိုယ့်ဒေသမှာ ဘာသာရေးအခြေခံတဲ့ ပြဿနာတွေကို အကောင်းဆုံးပြန်လည် ဖြေးရှင်းနိုင် ဖို့ပဲဖြစ်ပါတယ်” လို့ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

သင်တန်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု၊ အမုန်းစကား အဓိပွါယ်၊ အမုန်းစကားကို မည်သို့တုန့်ပြန်ဆောင်ရွက်ရမည်၊ စောင့်ကြည့်လေ့လာ သွားမည်နှင့် စေ့စပ်ဆော်ဪမှု ဆိုင်ရာ ခေါင်းစဉ်များကို ဆွေးနွေး သွားမည် ဖြစ်ပါသည်။

သင်တန်းတာဝန်ခံ မဧပရယ်( Program Coordinator – Yangon) က “ ဒီသင်တန်းရည်ရွယ်ချက်ကတော့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဆိုတဲ့ အနှစ်သာရ အဓိပ္ပာယ်ကို သိရှိလာဖို့၊ လွပ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ ချိတ်ဆက်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အမုန်းစကားစတဲ့ အကြောင်းရာတွေရဲ့ အယူအဆတွေကို နားလည် လာစေဖို့ဖြစ်ပါတယ်။ ပြီးတော့လက်ရှိမြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေက လွပ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်ကို အဟန့်အတားဖြစ်စေသလား၊ ဘယ်လိုကာကွယ်ပေးထာသလဲ ဆိုတာတွေလေ့လာပြီး အမုန်းစကား နဲ့ပတ်သက်ပြီး အမုန်းစကားက ဘာတွေလဲ ဆိုတာသိရှိကာ ကိုယ့်ဒေသတွင်း၊ နိုင်ငံအတွင်းမှာ ပြန်လည် ဆောင်ရွက်သွားနိုင်ဖို့ လုပ်ဆောင် ခြင်းဖြစ်ပါတယ်” လို့ ဆိုပါသည်။

သင်တန်းသို့ လူ့အခွင့်အရေးအကြောင်းအရာများကို လုပ်ဆောင် နေကြသော နယ်ပယ်အသီးသီးက လူ့အခွင့်အရေး နည်းပြများ၊ အရပ်ဘက်အဖွဲ့အစည်းများက ကိုယ်စားလှယ်များ ၂၄ ဦးနှင့် အလုပ်သင် နှစ်ဦး စုစုပေါင်း(၂၆)ဦးတက်ရောက်လာပါသည်။ သင်တန်းသားများသည် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ တက်ရောက်လာကြသူများဖြစ်ပါသည်။