လူ့အခွင့်အရေးအမြင်ဖွင့်သင်တန်း မြိတ်မြို့တွင် ကျင်းပပြီးစီး

Equality Myanmar May 2, 2017
အခြေခံလူ့အခွင့်အရေးအမြင်ဖွင့် သင်တန်းကို မြိတ်မြို့နယ်တွင် ၂၉.၄.၂၀၁၇ မှ ၁.၅.၂၀၁၇ အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။ ညီမျှခြင်းမြန်မာ နှင့် တနင်္သာရီတိုင်းဒေသကြီး လူ့အခွင့်အရေးပညာပေးကွန်ရက် (HREN) ပူးပေါင်း၍ မြိတ်မြို့နယ်၊ မြို့သစ်ရပ်ကွက်တွင် ၂၀၁၇ ခုနှစ် ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်နေ့အထိ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ သင်တန်းသားစုစုပေါင်း(၂၁)ဦး တက်ရောက်ခဲ့ကြပြီး ကျား(၁) မ(၂၀) ဖြစ်သည်။ လူငယ်အများစု နှင့် ကျောင်းမှ ဆရာမများအများစုတက်ရောက်ခဲ့ကြပြီး ပညာအရည်အချင်းအရ အထက်တန်းအဆင့်ရှိသူများ အများအပြားပါဝင်ခဲ့ကြသည်။

သင်တန်းပြုလုပ်သည့်ပုံစံမှာ သင်ယူသူဗဟိုပြု သင်ကြားနည်းဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် တက်ရောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများမှာမူ မိမိကိုယ်တိုင် လူ့အခွင့်အရေးဆိုသည့် အကြောင်းအရာ၊ အဓိပ္ပါယ်အယူအဆများကို မိမိတို့ဘာသာ သင်တန်း ကာလတစ်လျှောက် တက်ကြွစွာဆွေးနွေးနိုင်ခဲ့ကြလေသည်။ သင်တန်းကာလမှာ သုံးရက်ပင်ဖြစ် သော်ငြား လည်း ၎င်းတို့၏ လူ့အခွင့်အရေးအဓိပ္ပါယ်အပေါ် အထင်အမြင်လွဲမှုများ၊ အယူအဆများအား အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း (UDHR) သမိုင်းဆွေးနွေးမှုများအပြီးတွင် နားလည်သဘောပေါက်ကာ စိတ်နေသဘောထားများပြောင်းလဲသွားသည် ဟုမိမိအနေဖြင့် ယုံကြည်မိပါသည်။

သင်တန်းသားများအနေဖြင့်လည်း “ကျွန်မကိုယ်တိုင် လူ့အခွင့်အရေးဆိုတဲ့သင်တန်းကို တက်လိုက်ရတော့ ကိုယ်ကိုတိုင် လူ့အခွင့်အရေးချိုးဖောက်နေရတာတွေကို သိရှိလာရပြီး ချိုးဖောက်ခံရပါကလည် ဘယ်လိုတိုင် ကြားရမယ်ဆိုတာတွေကို သိရှိခဲ့ရပါတယ်” ဟုပြောကြားခဲ့ပါသည်။ အခြေခံလူ့အခွင့်အရေးအမြင်ဖွင့် သင်တန်း ကို ညီမျှခြင်းမြန်မာနှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ရက် (HREN)တို့ပူးပေါင်းကာ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်တွင် ပေးခြင်းမှာ ပထမဦးဆုံးအကြိမ်ပင်ဖြစ်လေသည်။ ဆက်လက်၍လည်း အခြေခံ လူအခွင့်အရေးအမြင်ဖွင့်သင်တန်းကို ၂ကြိမ်တိုင် တနင်္သာရီတိုင်းဒေသကြီးတွင် ထပ်မံဖွင့်လှစ်ရန် ရှိနေသေး သည်။ ယခုသင်တန်းတွင် အဓိကကူညီပံ့ပိုးဆွေးနွေးပေးခဲ့ကြသော နည်းပြများမှာ ကိုဆက်နိုင်ထွန်း (ညီမျှခြင်းမြန်မာ)၊ ကိုသန်းထိုက်ဦး(HREN) တို့ပင်ဖြစ်ကြသည်။