Equality Myanmar မှ တောငငွူမှှို့တှငွ အခှခေံလူ့အခှင့အွရေးအမှငဖွှင့သွငတွနွး ကငွှးပပှီးစီး

Equality Myanmar April 30, 2017
၂၅.၄.၂၀၁၇ မှ ၂၉.၄.၂၀၁၇ ထိ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ချမ်းသာကြီးဓမ္မာရုံ တွင် ၅ရက်တာ အခြေခံလူအခွင့်အရေးသင်တန်း အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ သင်တန်းသို့ နိုင်ငံရေးပါတီများမှ တက်ကြွလှုပ်ရှားသူ လူငယ်များ နိုင်ငံရေးစိတ်ပါဝင်စားသူလူငယ်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပြီး အမျိုးသား ၈ ဦး အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၉ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်များမှာ အခြေခံလူ့အခွင့်အရေး သဘောတရားများကို နားလည်လာစေရန်၊ မိမိတို့အဖွဲ့အစည်းနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ ချိတ်ဆက် အားကောင်းလာစေရန်၊ နှင့် ၎င်းတို့ဒေသတွင်းရှိလူ့အခွင့်အရေးချိုးဖောက်မှုများကိုသိရှိလာပြီး ချိုးဖောက်ခံနေရမှုများ လျော့နည်းလာစေရန် တို့ကိုရည်ရွယ်ပြီး ပြုလုပ်ခဲ့ပါသည်။
တိုင်ကြားမှုယန္တယားတွေကိုသိလိုက်ရတာတော်တော်အကျိုးရှိသွားတယ်၊ မိမိအနေနှင့်ယခင်ကလည်း ပတ်ဝန်းကျင် မှာဖြစ်နေတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကူညီတိုင်ကြားပေး မှုများရှိခဲ့တယ် ၊ ဒါပေမဲ့ စိတ်တိုင်းကျမှုသိပ်မရှိခဲ့ဘူး ၊ အခုတော့တိုင်ကြားနိုင်တဲ့နေရာများ အပြင် တိုင်စာကိုပါ လက်တွေ့ ရေးသား လေ့လာခဲ့ရသည့်အတွက် နောက်နောင် အကူ ညီတောင်းခံလာပါက ပိုမိုထိရောက်စွာလုပ်ပေးနိုင်တော့မည်ဟု သင်တန်းသားတဦးမှ ပြောဆိုဆွေးနွေးသွားပါသည် ။


သင်တန်းတွင်းတွင် သင်ခန်းစာနှင့်ဆက်စပ်သော ဗီဒီယိုများပြသဆွေးနွေးခြင်း အုပ်စုငယ်များခွဲ၍ဆွေးနွေး စေခြင်း သင်ခန်းစာများကိုပိုမိုထိရောက်စေရန် လှုပ်ရှားမှုများဖြင့် ပုံဖော်ဆွေးနွေးစေခြင်းများဖြင့် သင်တန်းကို ၅ရက်တာကာလအတွင်း တက်ကြွစွာဆွေးနွေးမှုများ ပြုလုပ်ဖော်ဆောင်ခဲ့ကြပါသည်။
သင်တန်းသားတဦးမှလည်း ယခုသင်တန်းမှရရှိသော ဗဟုသုတများသည်မိမိတို့အတွက်များစွာအကျိုးရှိကြောင်း ၊ မိမိတို့နယ်တွင်ယခင် ကသင်တန်းများလာလုပ်ဖူးသော်လည်း သင်တန်းဆရာ၏ဦးဆောင်ဆွေးနွေးမှုက သာများကြောင်း ယခုသင်တန်းတွင် သင်တန်းသားများအချင်းချင်းကြားတွင်၎င်း သင်တန်းဆရာများနှင့်၎င်း အချင်းချင်းဆွေးနွေး ပြောဆိုမှုများပြုလုပ်ကြခြင်းများသည် မိမိတို့အချင်းချင်းကြား ဗဟုသုတများအတွေ့ အကြုံများ သင်ခန်းစာများကိုဖလှယ်ပြီးသားဖြစ်သောကြောင့် ပိုမိုကောင်းမွန်ပါသည်။


သင်တန်းသူတဦးမှလည်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းကိုလေ့လာရသည်ကိုအကြိုက် ဆုံးဖြစ်ပါသည်။မိမိတို့အနေဖြင့်လူ့အခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ်များကို တပိုဒ်ချင်းလေ့လာရသည်တွင် မိမိတို့ယခင်ကမသိရှိခဲ့သောအခွင့်အရေးများ မိမိတို့အပေါ်တွင်ချိုးဖောက်နေ ကြသော ဖြစ်ရပ်များကို ချိန်ထိုးသုံး သပ်မိလာပါသည် ။ တခါတရံတွင်မိမိတို့ကိုယ်တိုင်ကချိုးဖောက်မိသွားသောကိစ္စများကိုပါ သတိထားမိလာသဖြင့် မိမိတို့ကိုယ်တိုင်အနေဖြင့်လည်း ယခုသင်တန်းပြီးနောက်တွင် အခြားသူများ၏အခွင့်အရေးများကိုလေးစား သွားပါတော့မည် ဖြစ်ကြောင်းပြော
ဆိုဆွေးနွေးခဲ့ပါသည်။