မြောက်ဦးမြို့ပစ်ခတ်မှုအပေါ် Equality Myanmar ဦးအောင်မျိုးမင်း ရဲ့သုံးသပ်ချက်
Equality Myanmar January 19, 2018 &မောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်နှိမ်နှင်းမှုအပေါ် Equality Myanmar ဦးအောင်မျိုးမင်း ရဲ့ ပြောဆိုချက်အပြည့်အစုံ
This author has yet to write their bio.Meanwhile lets just say that we are proud equalityMM contributed a whooping 410 entries.
Equality Myanmar January 19, 2018 &မောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်နှိမ်နှင်းမှုအပေါ် Equality Myanmar ဦးအောင်မျိုးမင်း ရဲ့ ပြောဆိုချက်အပြည့်အစုံ
Equality Myanmar January 12, 2018 ဓနုဖြု ကလေးနှိပ်စက်ညှင်းပမ်းမှုမှာ ကျူးလွန်သူ ရဲလေးကို ဓနုဖြုူမြို့နယ်တရားရုံးကနေ ကလေးသူငယ်ဥပဒေ (၁၉၉၃) ပုဒ်မ (၆၆) (ဃ) ကလေးသူငယ်အပေါ် နှိပ်စက်ခြင်းပုဒ်မအရ ထောင်ဒဏ် (၂) နှစ် ဒီနေ့ချမှတ်လိုက်ပါတယ်… နောက်ထပ် ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ ၅၀၆ တို့အရ ဆက်လက် စစ်ဆေးဆဲဖြစ်ပါတယ်…… ကလေးတွေကိုတော့ ပုသိမ်က လူကယ်ပြန်ဌာနက စောင့်ရှောက်ထားပါတယ်…. ဒီလို တရားဥပဒေအတိုင်း ထိရောက်စွာ အရေးယူနိုင်အောင် သတင်းပေး၊ စုံစမ်း၊ တာဝန်ယူပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်….တိုင်ကြားသူမရှိခဲရင် ဒီလိုအမှုတွေကို ဖော်ထုတ်နိုင်မှာမဟုတ်ပါဘူး.. ဒီလိုကလေးပေါင်းမြောက်များစွာဟာ လူမဆန်တဲ့ နှိပ်စက်ညှင်းပမ်းမှုတွေကို လူမသိသူမိဘယ်လောက်ကြာကြာ ဆက်ခံစားနေရမလဲဆိုတာ မစဉ်းစားဝံ့စရာပါ… လူထုရဲ့ တာဝန်သိစွာ သတင်းပေးမှုနှင့် တာဝန်ရှိရာဌာနတွေရဲ့ အရေးယူဆောင်ရွက်မှုတွေကြောင့် အခုလို အဆင်ပြေတာဖြစ်ပါတယ်.. […]
Equality Myanmar January 10, 2018 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၃၆/ကာကွယ်/၂၀၁၇) ၁။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီး အနောက်ဘက်ရွာတွင် ကလေးငယ်နှစ်ဦးကို ရဲလေးဆိုသူက ရက်စက်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေခြင်းကြောင့် အကာကွယ်မဲ့နေသည့် ကလေးသူငယ်များကို ကူညီကယ်တင် ပေးပါရန် လူမှုကွန်ရက်များတွင် ဖော်ပြထားသည်ကို ၁၃-၁၂-၂၀၁၇ ရက်နေ့ ည ၁၀:၃၀ နာရီ အချိန်တွင် စတင်တွေ့ရှိခဲ့ရပါသည်။ ၂။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓနုဖြူ မြို့နယ်ရဲတပ်ဖွဲ့သို့ အဆိုပါ ရဲလေးဆိုသူအား ဥပဒေနှင့်အညီ အရေးယူရန်နှင့် ဧရာဝတီတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ အဆိုပါကလေးငယ်များအား အမြန်ဆုံးကယ်တင်ထိန်းသိမ်း စောင့်ရှောက်ရန် ၁၄-၁၂-၂၀၁၇ ရက်နေ့တွင် […]
လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတစ်ဦး၏ မိသားစုအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းအား အမှုဖော်ထုတ် အရေးယူရန် နှောင့်နှေးကြန့်ကြာမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ချက် (၁/၂၀၁၈) နေ့စွဲ။ ။၂၀၁၈ ခုနှစ်၊ မေလ (၃၁) ရက်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊ ရပ်ကွက်ကြီး (၁၇) နေ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော ဒေါ်ယမင်းဝါဝါမောင်၏နေအိမ်သို့ (၁၀.၄.၂၀၁၈) ရက်နေ့တွင် ၎င်းအိမ်တွင်မရှိခိုက် အမည်မသိ အမျိုးသားတစ်ဦးမှ ဝင်ရောက်လာပြီး ၎င်း၏ဖခင်ဖြစ်သူနှင့်အတူ အသက်(၁၁)နှစ်နှင့်(၇)နှစ်အရွယ်ရှိသားသမီးနှစ်ဦးကို ဝင်ရောက်ရိုက်နှက်ခဲ့ပါသည်။ ထိုသို့ရိုက်နှက်မှုကြောင့် ဖခင်ဖြစ်သူနှင့် သားဖြစ်သူတို့မှာ ဦးခေါင်းတွင် ဖူးယောင်ဒဏ်ရာ များဖြင့် ပြင်ဦးလွင်ဆေးရုံသို့ တက်ရောက်ဆေးကုသခံခဲ့ကြရပါသည်။ ထိုအမှုနှင့်စပ်လျဉ်း၍ (၁၂.၄.၂၀၁၈) ရက်နေ့ တွင် ပြင်ဦးလွင်မြို့ရှိ ပြင်စာရဲစခန်းတွင် ရဲအုပ်ဝင်းဗိုလ်နှင့် အမှုစစ်ရဲအုပ်ဝဏ္ဍတိုးတို့ကို ပ/၆၀ ဖြင့် အမှုဖွင့် တိုင်ကြား ခဲ့သော်လည်း […]
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ကျင်းပရေး ကော်မတီ (ရန်ကုန်) ဒီဇင်ဘာလ (၁၀) ရက် ၂၀၁၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း မဖြစ်မနေ လိုက်နာသင့်သည့် လူ့အခွင့်အရေးဆိုင်ရာ အပိုဒ်(၃၀)ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ကို အတည်ပြုပြဌာန်းနိုင်ခဲ့ပါသည်။ ၁၉၅၀ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ထိုဒီဇင်ဘာလ ၁၀ ရက်နေ့ကို လေးစားဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထို့အတူ လူသားအားလုံး၏အခွင့်အရေးကို တန်ဖိုးထား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ရောက်တိုင်း ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးတွင် လူ့အခွင့်အရေးနေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန်၊ ကာကွယ်စောင့်ရှောက်ရန်နှင့် […]
Equality Myanmar December 22, 2017 လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ညီမျှခြင်းမြန်မာမှ လောကအလင်း သင်တန်းခမ်းမ၊ ထားဝယ်မြို့ ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီး(၁၃)ဦး၊ အမျိုးသား(၉)ဦး စုစုပေါင်း (၂၂) ဦးတက်ရောက်ဆွေးနွေးခဲ့ကြသည်။ သင်တန်းသားအများစုမှာ လူ့အခွင့်အရေး အခြေခံသင်တန်း တက် ရောက်ပြီးသော သူများဖြစ်ပြီး အချို့မှာ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု သင်တန်းဆင်းများ ဖြစ်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်(၁၈) အရ (Freedom of Religion and Belief- FoRB) လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် သက်ဆိုင်သော အကြောင်းအရာများကို အဓိကထားဆွေးနွေးခဲ့ကြသည်။ လွတ်လပ်စွာ […]
Equality Myanmar December 5, 2017 “ မိမိတို့လက်တွေ့လုပ်ဆောင်နေသော လုပ်ငန်းများအား ပြန်လည်သုံးသပ်မိသွားသည်ဟု ဆိုလာခဲ့သော လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကုသိုလ်ဖြစ်အခြေပြုချဉ်းကပ်မှု၊ လိုအပ်မှုအခြေပြုချဉ်းကပ်မှု၊ အခွင့်အရေး အခြေပြု ချဉ်းကပ်မှုဆိုင်ရာများ နှင့် ဖွံ့ဖြိုးတိုးတက်မှု နှင့် လူ့အခွင့်အရေး အကြောင်းများ ဆွေးနွေးခဲ့ကြသည့် လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ညီမျှခြင်းမြန်မာ အဖွဲ့မှ မန္တလေးမြို့တွင်ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိပြုလုပ်ခဲ့ရာ အထက် မြန်မာ ပြည်တစ်ဝှမ်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၂၀ ဦးခန့်တတ်ရောက်ပါဝင် ခဲ့ကြသည်။ ဆွေးနွေးပွဲတစ်လျှောက် ဆွေးနွေးလေ့လာခဲ့ရမှုများကြောင့် မိမိတို့၏ လုပ်ငန်းများအား ပြန်လည်သုံးသပ်မိ ကြောင်း တတ်ရောက်ပါဝင်ခဲ့သူများမှ […]
Equality Myanmar October 27, 2017 ရှမ်းပြည်နယ်၊လားရှိးမြို့၊မဇ္ဈိမတည်းခိုခန်း သင်တန်းခန်းမတွင် ဂျန်ဒါနှင့် အမျိုးသမီးအခွင့်အရေး သင်တန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၃)ရက်တိုင်တိုင်ကျင်းပခဲ့ကြပါတယ်။ သင် တန်းတွင် အမျိုးသား (၅)ဦးနှင့်အမျိုးသမီး(၁၇)ဦး၊ စုစုပေါင်း (၂၂)ဦးတက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် sex နှင့်gender ၏သဘောတရားများ၊ ပုံစံခွက်သွက်သွင်းမှုများ၊ ဂျန်ဒါပေါ်အခြေခံ၍ ခွဲခြားမှုများ၊ ကျားမအခန်းကဏ္ဍများ၊ CEDAW စာချုပ်နှင့် CEDAW ကော်မတီအကြောင်းကိုဆွေးနွေးခဲ့ ကြပါတယ်။ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍တက်ရောက်လာသော သင်တန်းသားများ၏ ပြောစကားများ“ဒီအလုပ်ရုံဆွေးနွေးပွဲကနေ Sex နှင့် Gender အကြောင်းကို ကွဲကွဲပြားပြားသိရှိခဲ့ရတယ်။ ဒီဆွေးနွေးပွဲ ပြီးသွားတဲ့အချိန်မှာလည်း စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားခဲ့တာက မိမိကိုယ်ကိုယ် ပုံစံခွက်သွတ်သွင်းတာတွေကို လျော့ချဖို့ အတွေးဝင်မိလာပါတယ်။ ပတ်ဝန်းကျင်ကနေ ကိုယ့်အပေါ် သွတ်သွင်းတာတွေကိုလည်း […]
ညီမျှခြင်း–မြန်မာ” (ယခင်–လူ့အခွင့်အရေးပညာပေးဌာန-(မြန်မာနိုင်ငံ) HREIB)” သည် အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အခြေခံပြည်သူ လူထုများအတွက်ဦးတည်၍ လူ့အခွင့်အရေးပညာပေးခြင်း အစီအစဉ်များ၊ စည်းရုံးလှုံ့ဆော်ခြင်းအစီအစဉ်များနှင့် သုတေသနအစီအစဉ်များကို လုပ်ဆောင် နေလျက်ရှိသည်။
Our support Hotline is available 24 Hours a day: (555) 343 456 7891
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | ||||||
2 | 3 | 4 | 5 | 6 | 7 | 8 |
9 | 10 | 11 | 12 | 13 | 14 | 15 |
16 | 17 | 18 | 19 | 20 | 21 | 22 |
23 | 24 | 25 | 26 | 27 | 28 | 29 |
30 | 31 |