လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း

Equality Myanmar December 22, 2017
လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ညီမျှခြင်းမြန်မာမှ လောကအလင်း သင်တန်းခမ်းမ၊ ထားဝယ်မြို့ ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီး(၁၃)ဦး၊ အမျိုးသား(၉)ဦး စုစုပေါင်း (၂၂) ဦးတက်ရောက်ဆွေးနွေးခဲ့ကြသည်။ သင်တန်းသားအများစုမှာ လူ့အခွင့်အရေး အခြေခံသင်တန်း တက် ရောက်ပြီးသော သူများဖြစ်ပြီး အချို့မှာ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု သင်တန်းဆင်းများ ဖြစ်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်(၁၈) အရ (Freedom of Religion and Belief- FoRB) လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် သက်ဆိုင်သော အကြောင်းအရာများကို အဓိကထားဆွေးနွေးခဲ့ကြသည်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် ပတ်သက်ပြီး နိုင်ငံတကာ စံချိန်စံညွှန်း များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေပါ အချက်အလက်များ၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ခွင့်နှင့် ပတ်သက်သည့်အခြေအနေများ၊ နိုင်ငံတစ်နိုင်ငံ၏ အစိုးရတစ်ရပ်အနေဖြင့် လွတ်လပ်စွာကိုး ကွယ်ယုံ ကြည်မှုကို လေးစားတန်ဖိုးရမည့် အကြောင်းအရာများကို သင်တန်းသားများနှင့် တက်ကြွစွာဝိုင်းဝန်းဆွေးနွေး ဖြစ်ကြသည်။


လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြသော သင်တန်းသားများထဲ အချို့မှာလည်း ၎င်းတို့၏ သင်ယူရရှိမှုများကို ပြန်လည်ပြောပြဖြစ်ခဲ့ကြသည်။ သရက်ချောင်းမြို့မှ လာရောက် တက်ရောက်သော သင်တန်းသူ ဒေါ်စံပယ်မှ “လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့် ပတ်သက်ပြီး ဖိနှိပ်ခြင်း ဆိုင်ရာဖြစ်စဉ်များနှင့် အတူ သတင်းအမှားများကြောင့် ခွဲခြားဆက်ဆံမှုဖြစ်ပြီး အကြမ်းဖက်မှုများဖြစ်ရသည်ကို သတိထားနားလည် သဘောပေါက်ခဲ့သည်။” ဟု ပြောကြားခဲ့သည်။ ထားဝယ်မြို့မှ မအေးမြတ်မိုးမှလည်း “ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုနှင့် အစိုးရ၏ တာဝန်ယူရမည့်အဓိကအချက်များ၊ သတင်းမီဒီယာတွေ လိုက်နာ မည့် အချက်များ၊ ပြည်သူတွေအနေဖြင့် ပါဝင်ပတ်သက်မှုအကြောင်းကိုသိရှိခဲ့ရပါတယ်” ဟုပြောကြား ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲကို ထားဝယ်၊သရက်ချောင်း၊ လောင်းလုံ၊ ရေဖြူ၊ ပုလော၊ မြိတ်၊ ကျွန်းစု တို့မှ အရပ်ဖက် ဆိုင်ရာအဖွဲ့စည်းများမှ အဖွဲ့ဝင်များဖြင့် အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။