လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတစ်ဦး၏ မိသားစုအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းအား အမှုဖော်ထုတ် အရေးယူရန် နှောင့်နှေးကြန့်ကြာမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတစ်ဦး၏ မိသားစုအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းအား အမှုဖော်ထုတ် အရေးယူရန် နှောင့်နှေးကြန့်ကြာမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ထုတ်ပြန်ချက် (၁/၂၀၁၈) နေ့စွဲ။ ။၂၀၁၈ ခုနှစ်၊ မေလ (၃၁) ရက်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊ ရပ်ကွက်ကြီး (၁၇) နေ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော ဒေါ်ယမင်းဝါဝါမောင်၏နေအိမ်သို့ (၁၀.၄.၂၀၁၈) ရက်နေ့တွင် ၎င်းအိမ်တွင်မရှိခိုက် အမည်မသိ အမျိုးသားတစ်ဦးမှ ဝင်ရောက်လာပြီး ၎င်း၏ဖခင်ဖြစ်သူနှင့်အတူ အသက်(၁၁)နှစ်နှင့်(၇)နှစ်အရွယ်ရှိသားသမီးနှစ်ဦးကို ဝင်ရောက်ရိုက်နှက်ခဲ့ပါသည်။ ထိုသို့ရိုက်နှက်မှုကြောင့် ဖခင်ဖြစ်သူနှင့် သားဖြစ်သူတို့မှာ ဦးခေါင်းတွင် ဖူးယောင်ဒဏ်ရာ များဖြင့် ပြင်ဦးလွင်ဆေးရုံသို့ တက်ရောက်ဆေးကုသခံခဲ့ကြရပါသည်။ ထိုအမှုနှင့်စပ်လျဉ်း၍ (၁၂.၄.၂၀၁၈) ရက်နေ့ တွင် ပြင်ဦးလွင်မြို့ရှိ ပြင်စာရဲစခန်းတွင် ရဲအုပ်ဝင်းဗိုလ်နှင့် အမှုစစ်ရဲအုပ်ဝဏ္ဍတိုးတို့ကို ပ/၆၀ ဖြင့် အမှုဖွင့် တိုင်ကြား ခဲ့သော်လည်း ယနေ့တိုင် တရားခံအဖြစ် ယူဆရသူအား လိုအပ်သလို စစ်ဆေးခြင်းများကို လုပ်ဆောင်ခြင်းမရှိသေးပါ။

အခင်းဖြစ်ပွားပြီးချိန်နောက်ပိုင်းတွင် ကျုးလွန်သောသူက ဒေါ်ယမင်းဝါဝါမောင်ထံ ဖုန်းဖြင့် ထပ်မံခြိမ်းခြောက် ခြင်း ပြုလုပ်လာခဲ့သဖြင့် ထိုဖုန်းနံပတ်ကိုရဲစခန်းသို့ ပေးအပ်တိုင်ကြားခဲ့သော်လည်း လိုအပ်သလိုစုံစမ်းစစ်ဆေးခြင်း မပြု လုပ်ခဲ့ကြောင်း ဒေါ်ယမင်းဝါဝါမောင်က ဆိုပါသည်။ ယခုအချိန်တွင် အခင်းဖြစ်ပွားခဲ့သည်မှာ တစ်လကျော်ကြာ မြင့်ခဲ့ပြီ ဖြစ်ပါသည်။ သို့သော် ယခုအချိန်အထိ ကျုးလွန်သူကိုအရေးယူနိုင်ခြင်းမရှိသေးပါ။ အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ကို မေးမြန်းပါကစုံစမ်းစစ်ဆေးဆဲဖြစ်ပြီး တရားခံအားဖမ်းမိသေးခြင်းမရှိသေးဟုသာ ပြန်လည်ပြောဆိုကြောင်း သိရှိရပါသည်။

မိမိတို့လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအနေဖြင့် ဒေါ်ယမင်းဝါဝါမောင်၏ မိသားစုအပေါ် ရန်ပြုတိုက်ခိုက်မှု သည် သူမ၏လယ်ယာမြေနှင့်ပတ်သက်၍ လုပ်ဆောင်နေသည့်လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု ယူဆသည်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအပါအဝင် ပြည်သူများအားလုံး၏ အသက်အိုးအိမ်နှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးရန်မှာ ရဲတပ်ဖွဲ့ဝင်များအပါအဝင် လုံခြုံရေးတာဝန်ရှိသူများ၏ တာဝန်ဖြစ်ပါသည်။ ထို့ပြင် ပြစ်မှုကျုးလွန်မှုများဖြစ်ပွားပါက ကျုးလွန်သူကို အလျင်အမြန်ဖော်ထုတ်၍ ဥပဒေအတိုင်းထိရောက်စွာ အရေးယူ နိုင်ရန်အတွက်လည်း တာဝန်ရှိပါသည်။

ယခုကဲ့သို့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတဦးအပေါ် ကျုးလွန်သော အကြမ်းဖက်ရာဇဝတ်မှုကို ဖော်ထုတ် အရေးယူရန် နှောင့်နှေးနေခြင်းအပေါ် မိမိတို့ လူ့အခွင့်အရေးကာကွယ်စာင့်ရှောက်သူများအနေဖြင့် အထူးစိုးရိမ်မိ ပါသည်။ အဘယ်ကြောင့်ဆိုသော် တရားခံကိုမဖော်ထုတ်ခြင်းကြောင့် အကြမ်းဖက်ချိုးဖောက်ခံရသူအနေဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းမလုံခြုံမှုကိုခံစားနေရပါသည်။ ထိုသို့ခံစားနေရသောကြောင့် လုပ်ဆောင်နေသော လူထုအကျိုးပြု လုပ်ငန်းများ ကိုလုပ်ဆောင်ရာတွင် များစွာထိခိုက်မှုရှိစေပါသည်။ ကျုးလွန်သူများကိုမဖမ်းဆီးနိုင်ခြင်းကြောင့် ထိုသူများအနေဖြင့် လည်း ပိုမိုလက်ရဲဇက်ရဲဖြင့် အလားတူဖြစ်ရပ်များကို ကျုးလွန်နိုင်သည့် အခြေအနေကို ဖန်တီးပေးရာရောက်ပါသည်။ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုအခြေအနေအားနည်းနေကြောင်း ဖော်ပြရာရောက်နေပါသည်။

ထို့အတွက်ကြောင့် ယခုကိစ္စနှင့်ပတ်သက်၍ ကျုးလွန်သူများကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖော်ထုတ်အရေး ယူဆောင်ရွက်ပေးပါရန် မိမိတို့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအနေဖြင့် လေးစားစွာတိုက်တွန်း အပ်ပါ သည်။ရာဇဝတ်မှုကျုးလွန်သူများကို နှောင့်နှေးမှုမရှိဘဲဖော်ထုတ်အရေးယူခြင်းဖြင့်ပြည်သူလူထု၏လုံခြုံရေးကို စောင့် ရှောက်ကူညီပေးရန်နှင့်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတစ်ဦးကိုလုံခြုံစေခြင်းဖြင့်လူ့အခွင့်အရေး လေးစား သောတာဝန်ရှိသူများဖြစ်ကြောင်း သက်သေပြပေးပါရန် ပန်ကြားအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက

ဦးအောင်မျိုးမင်း၊ Executive Director of Equality Myanmar (09- 448015306)

ဒေါ်ယမင်းဝါဝါမောင် (09- 790719543)

သဘောထားထုတပြှနခြကွအြပေါြ ထောကခြံပါဝငသြော အဖှဲ့အစညြးမွား

  1. Second Tap Root
  2. Generation Wave (Mandalay)
  3. Peace, Development and Civic Education
  4. Association of Human Rights Defenders and Promoters (HRDP)
  5. Mon state Women and Children Upgrade Conduct Organization (MWCUC)
  6. Karen Information Center (KIC)
  7. CAN Myanmar
  8. မသေရဖူလူမှုပရဟိတအသငျး
  9. Taw Win Thazin Women Group
  10. Kayin Open Group (KOG)
  11. Ray of Light
  12. Metta Campaign
  13. Kings & Queens (K&Q)
  14. Kachin Baptist Convention (KBC)
  15. Grip Hands
  16. Local Resource Center (LRC)
  17. Equality Myanmar (EQMM)
  18. LGBT Rights Network
  19. Human Rights Educators Network (HREN)
  20. National Youth Congress (NYC)
  21. Northern Shan State CSO Network
  22. Human Rights Defenders Forum (HRDF)
  23. အလငျးမီးအိမျ
  24. Daw Moe Moe San
  25. Daw Nyo Nyo San
  26. Daw Yamin Wah Wah Maung
  27. U Kyaw Soe Lin
  28. U Sein Lin