Gender နှင့်အမျိုးသမီးအခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

Equality Myanmar October 27, 2017
ရှမ်းပြည်နယ်၊လားရှိးမြို့၊မဇ္ဈိမတည်းခိုခန်း သင်တန်းခန်းမတွင် ဂျန်ဒါနှင့် အမျိုးသမီးအခွင့်အရေး သင်တန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၃)ရက်တိုင်တိုင်ကျင်းပခဲ့ကြပါတယ်။ သင် တန်းတွင် အမျိုးသား (၅)ဦးနှင့်အမျိုးသမီး(၁၇)ဦး၊ စုစုပေါင်း (၂၂)ဦးတက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် sex နှင့်gender ၏သဘောတရားများ၊ ပုံစံခွက်သွက်သွင်းမှုများ၊ ဂျန်ဒါပေါ်အခြေခံ၍ ခွဲခြားမှုများ၊ ကျားမအခန်းကဏ္ဍများ၊ CEDAW စာချုပ်နှင့် CEDAW ကော်မတီအကြောင်းကိုဆွေးနွေးခဲ့ ကြပါတယ်။ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍တက်ရောက်လာသော သင်တန်းသားများ၏ ပြောစကားများ“ဒီအလုပ်ရုံဆွေးနွေးပွဲကနေ Sex နှင့် Gender အကြောင်းကို ကွဲကွဲပြားပြားသိရှိခဲ့ရတယ်။ ဒီဆွေးနွေးပွဲ ပြီးသွားတဲ့အချိန်မှာလည်း စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားခဲ့တာက မိမိကိုယ်ကိုယ် ပုံစံခွက်သွတ်သွင်းတာတွေကို လျော့ချဖို့ အတွေးဝင်မိလာပါတယ်။ ပတ်ဝန်းကျင်ကနေ ကိုယ့်အပေါ် သွတ်သွင်းတာတွေကိုလည်း နားမယောင်မိအောင် တွေးမိပါတယ်”
မနန်းပြုံးကြည်


“Gender sex ကိုအစက မကွဲပြားခဲ့ပေမယ့် သင်တန်းပြီးနောက်မှာ သေသေချာချာကွဲကွဲပြားပြားသိရှိ ခဲ့ရပါတယ်။CEDAW စာချုပ်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေကနေ အမျိုးသမီးအခွင့်အရေးအကြောင်းကို သိရှိနားလည်သွားပါတယ်”
ကိုပြည့်ဖြိုးပိုင်
“လူ့အခွင့်အရေးရဲ့အခြေခံမူများနှင့် လူ့အခွင့်အရေးဖိနှိပ်မှုတွေ၊ခွဲခြားမှုတွေ၊ခေါင်းပုံဖြတ်မှုတွေကို နားလည်စွာသိရှိခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မိမိမျှော်လင့်ထားသော အနေအထားအထိ သိရှိခဲ့ရပါသည်။ အဲ့ဒီအပြင် ပုံစံခွက်သွတ်သွင်းမှုတွေ၊Sex နှင့် genderအကြောင်းတွေ၊ CEDAW ကော်မတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ အခြားအထွေထွေဗဟုသုတများလည်း သိရှိနားလည်လိုက်ပါတယ်”
ကိုအောင်မြတ်


ထိုအလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီး၊ကျောက်မဲ၊မန်တုံနှင့် လားရှိုးမြို့တို့မှ လာရောက်ဆွေးနွေးခဲ့ကြပြီး (၃)ရက်တာ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာပြီးဆုံးခဲ့ကြပါသည်။