လူ့အခွင့်အရေးနှင့် ကလေးအခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ
လူ့အခွင့်အရေးနှင့် ကလေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဥယျာဉ်လေးကျေးရွာ၊ စဉ်ကိုင်မြို့နယ် မန္တလေးတိုင်းတွင် ၁၁ ရက်၊ မတ်လ၊ ၂၀၁၉ ခုနှစ်မှ ၁၃ရက်၊ မတ်လ၊ ၂၀၁၉ခုနှစ်အထိ Equality Myanmar မှ ကျင်းပပြုလုပ်ခဲ့ပါသည်။ တက်ရောက်သူစုစုပေါင်း (၂၅) ရောက်ရှိခဲ့သည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် – အဖွင့်မိတ်ဆက်ခြင်း၊ လူ့အခွင့်အရေး အခြေခံအယူအဆ၊ ကလေးအခွင့်အရေး အယူအဆနှင့် ပေါ်ပေါက် လာပုံသမိုင်းကြောင်း၊ ကလေးအခွင့်အရေး အခြေခံ သဘောတရား များ၊ ကလေး အခွင့်အရေးစာချုပ်ပါ အပိုဒ်များ၊ ကလေးအခွင့်အ ရေးနှင့်ပတ်သတ်ပြီး တာဝန်ရှိသူများ၏ တာဝန် ဝတ္တရားများ၊ ကလေးများအား ရိုက်နှက်ဆုံးမခြင်းနှင့် ဥပဒေပါ ပြဌာန်းချက်များ အကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် လိုအပ်သောအထောက်ကူပစ္စည်း IEC များ ပေးအပ်ခြင်း၊ စိတ်ဝင်စာမှု […]