ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အလုပ်ရုံဆွေးနွေးပွဲ

မတ်လ၊ ၁၀ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်အလုပ်ရုံဆွေးနွေးပွဲ ကို နေပြည်တော်ရှိ Horizontal Lake View Resort ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

Equality Myanmar အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်းက အလုပ်ရုံဆွေးနွေးပွဲကို “ကလေးသူငယ်အခွင့်အရေးဆိုင်ရာစာချုပ်ကို ဘယ်လိုအားကောင်းအောင်လုပ်ကြမလဲ၊ ဘယ်လိုအခြေအနေမျိုးရှိနေကြလဲ၊ ဌာနဆိုင် ရာဖြစ်ပါစေ၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ပါစေ၊ အရပ်ဖက်အဖွဲ့အစည်းများဖြစ်ပါစေ ပူးပေါင်းဆောင်ရွက်ကြဖို့ နည်းလမ်းတွေကို
ရှာဖွေဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်”။

ဆက်လက်ပြီး ထိုအလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ဆွေးနွေးချက်၊ ဗဟုသုတ၊ တင်ပြချက်များဟာ လွှတ်တော်ကိုယ်စားလှယ်ကြီးများအား ပိုပြီး တာဝန်ကျေပွန်စွာနှင့် ထိရောက်စွာ ထမ်းဆောင်နိုင်ဖို့ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းများကလည်း ဒေသတွင်းမှာ လုပ်ဆောင်နေသည့် ကလေးအခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ၊ ကာကွယ်ရေး၊မြှင့်တင်ရေး လုပ်ဆောင်သည့်အချိန်မှာ ဘယ်လိုမျိုးကြုံတွေ့နေလဲ၊ လုပ်ဆောင်နေလဲ ဆိုသည့်အချက်များကို တင်ပြသွားနိုင်မည်ဖြစ်ကြောင်းမျှော်လင့်သည်ဟု အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါက်တာ တင်တင်ဝင်း၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၊နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ (၁၅)ဦး တက်ရောက် ခဲ့ကြသည်။

အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါက်တာ တင်တင်ဝင်းက“ ဒီWork shopက အကျိုးသက်ရောက်မှုရှိပါတယ်၊ CRC ကို ပိုနားလည်လာတယ်၊ ကလေးကိစ္စ အခုထက်ပိုပြီး စွမ်းဆောင်နိုင်ဖို့တွန်းအားလည်း ဖြစ်စေပါတယ်”လို့ ပြောပါသည်။

ထို့အပြင် ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ တနင်္သာရီတိုင်းနှင့် မန္တလေးတိုင်း(၆)ခုမှ ကလေးသူငယ်အခွင့်အရေး လုပ်ဆောင်နေသော အရပ်ဖက်အဖွဲ့အစည်းများမှ Kachin Bag Pack၊ ချယ်ရီနှလုံးသား၊ အင်းစိမ်းမေ အမျိုးသမီးအဖွဲ့၊ Justice for All ၊ Grip Hands၊ HREN ၊ United Act၊ MWCUC ၊ Zwekabin Image ၊ NCRWG အဖွဲ့များမှ ကိုယ်စားလှယ်များ(၂၇)ဦး တက်ရောက်ခဲ့သည်။

ဦးဝေယံလင်းနိုင်(National Child Rights Working Group – စီမံရေးရားအဖွဲ့ဝင်)မှ အလုပ်ရုံဆွေးနွေးပွဲအပေါ် “CRC ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အစီရင်ခံစာ တင်သွင်းမှုနဲ့သက်ဆိုင်တဲ့ Key Stakeholders တွေကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရတဲ့အတွက်
Child Rights Situation ကို ပွင့်လင်းမြင်သာမှု ဖြစ်စေတဲ့အပြင်၊ စည်းရုံးလှုံ့ဆော်မှုလုပ်ဖို့ လမ်းစတွေ သိလိုက်ရတယ်”။

အလုပ်ရုံဆွေးနွေးပွဲတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့်ပတ်သက်ပြီး အစိုးရဌာနများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားဆောင်ရွက်သူများ၏ လုပ်ဆောင်မှု လုပ်ငန်းစဉ် အခြေအနေများကိုတင်ပြသော စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion)အစီအစဉ်လည်းပါဝင်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို အားလုံးအတွက်လူ့အခွင့်ရေးစီမံကိန်းမှ ဦးစီးကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ စီမံကိန်းကို ဥရောပသမဂ္ဂရန်ပုံငွေဖြင့်
ညီမျှခြင်းမြန်မာ၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်၊ DCA-NCA အဖွဲ့တို့အမှ အကောင်အထည်ဖော်ဆောင်ရွက်ပါသည်။