လူ့အခွင့်အရေးစကားသံ အပိုင်း (၁၄၁) စွန့်ပစ်ခံက လေးငယ်များ

မင်္ဂလာပါလို့ လူ့အခွင့်အရေး စကားသံမှ ပြန်လည် ကြိုဆိုပါသည်။
ထပ်မံထုတ်လွှင့်ပေးမည့်ခေါင်းစဉ်လေးက“စွန့်ပစ်ခံကလေးသူငယ်များ” ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ စွန့်ပစ်ခံကလေးငယ်များ၏ အခြေအနေ၊ အကြောင်းကို သိရှိစေရန် ရည်ရွယ်ပါသည်။

ဇာတ်လမ်းကို ပိုမိုနားလည်လွယ်ကူစေရန် အမှန်တကယ် မွေးကင်းစစွန့်ပစ်ကလေးငယ်များ ပြုစုစောင့်ရှောက် ပေးနေသူ ကိုဖိုးဇော်နှင့်တွေ့ဆုံကာ မေးမြန်းတင်ပြပေးထားပါသည်။

ဇာတ်လမ်းထဲမှ ကိုနေလသည် ဂျာနယ်ထဲတွင် ကလေးငယ်ကို စွန့်ပစ်ခဲ့သောသတင်းကို ကြားပြီး ဒေါသထွက် ခဲ့ရသည်။ ထိုအချိန်မှာ သူငယ်ချင်းဖြစ်သူ လွှမ်းမိုးအောင်မှ အကြောင်းစုံ သိရှိစေရန် ဆရာအောင်မျိုးမင်းထံ သွားရောက် မေးမြန်းဖို့ အကြံပြုခဲ့သည်။

ထိုမှတဆင့် ဆရာအောင်မျိုးမင်းနှင့်အတူ ကိုနေလ၊ ကိုလွှမ်းမိုးအောင်၊ မဖွေးဖွေးဝင်းတို့သည် မွေးကင်းစ စွန့်ပစ်ကလေးငယ်များ ပြုစုစောင့်ရှောက် သူထံသွားပြီးမေးမြန်းခဲ့ကြသည်။ ကိုဖိုးဇော်အား မည်သည့်အချိန် ကစပြီး ထိုအလုပ်ကို စလုပ်ဖြစ်ခဲ့ပုံ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ မည်သို့ပြုစုစောင့်ရှောက်ရပုံ၊ အမှတ်ရ စရာအဖြစ်အပျက် စသည်တို့ကိုမေးမြန်းခဲ့သည်။

ကလေးငယ်များအား စွန့်ပစ်ခြင်းမရှိစေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း၊ မည်သူတွေမှာ တာဝန်ရှိသည်ကို ရှင်းလင်းပေးထားသည့် ဇာတ်လမ်းဖြစ်ပါသည်။

ညီမျှခြင်း မြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်း၊ ကိုနေလ၊ မဖွေးဖွေးဝင်း၊ ကိုလွှမ်းမိုးအောင်နှင့် မွေးကင်းစစွန့်ပစ်ကလေး ငယ်များ ပြုစုစောင့်ရှောက် ပေးနေသူ ကိုဖိုးဇော်တို့က ပါဝင် သရုပ်ဆောင်ထားပါသည်။