မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လိင်စိတ်ကွဲပြားသူ (LGBTs)များ ပါဝင်ဆောင်ရွက်ခြင်းသည် လည်း အလေးပေးသင့်

“လိင်စိတ်ကွဲပြားသူ (LGBT)တွေဟာ လူသားထဲက လူသားဖြစ်တဲ့အတွက် သူတို့လည်းငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ဒီနိုင်ငံရဲ့ငြိမ်းချမ်းရေးတည်ဆောက်ရေးဟာ အင်မတန်ကြီးကျယ်တဲ့ လုပ်ငန်းစဉ် တစ်ခုလည်းဖြစ်တဲ့အတွက် (LGBT)တွေအပါအဝင် အားလုံးပါဝင်ဖို့ လိုအပ်ပါတယ်။ ခွင့်ပြုပေးစေလို ပါတယ်။”
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လိင်စိတ်ကွဲပြားသူ (LGBTs)များ ပါဝင်ဆောင်ရွက်ခြင်းသည် လည်း အလေးပေးသင့်ကြာင်း ဖြေကြားထားသည့် ညီမျှခြင်းမြန်မာ၏ အမှုဆောင် ဒါရိုက်တာ တစ်ဦးလည်းဖြစ်၊ ၂၀၁၇ ခုနှစ် Schuman ဆုရှင် ဖြစ်သည့် ဦးအောင်မျိုးမင်း၏ ပြောကြားချက်ကို ကျွန်ုပ်တို့၏ ငြိမ်းချမ်းရေးစကားသံများကဏ္ဍတွင် ထည့်သွင်းဖော်ပြလိုက် သည်။ သူသည် ဥရောပသမဂ္ဂ၏ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်သော ငြိမ်းချမ်းရေး ရန်ပုံငွေလှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ၎င်းတို့၏ ငြိမ်းချမ်းရေးအတွက် စကားသံများကို ပြောကြားသည့် လှုပ်ရှားဆောင်ရွက်သူများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အတတ်ပညာရှင်များနှင့် အောင်မြင်ကျော်ကြားသူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။

Voices for Peace မှစကားသံများကိုပိုမိုသိရှိလိုပါကဖတ်ရှုရန်
https://www.jointpeacefund.org/mm/voices-for-peace