တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် Peacock Generation Youth Empowerment Society နှင့် Equality Myanmar တို့ ပူးပေါင်းဆောင်ရွက်ပြီး တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသို့ တွေ့ဆုံ
ဆွေးနွေးမှုများ၊ အကြိုညှိနှိုင်း တိုင်ပင်မှုများပြုလုပ်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးမှ အဆိုပြုချက်များကို လွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်တင်ပြပြီး တွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာမှ ကော်မတီတစ်ရပ်အနေဖြင့်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးချင်း အနေဖြင့် လည်းကောင်း ထောက်ခံဆွေးနွေးပေးရန်အတွက် ကတိကဝတ်များ ပေးကာ အစည်းဝေးကို နေ့လည် ၁၂ နာရီတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

အစည်းအဝေးကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ မုံရွာမြို့ရှိ Glorious Monywa Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ယခုတွေ့ဆုံဆွေးနွေးပွဲသည် ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်သည်။

ယခင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ပထမ အကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဝန်းသိုမဲဆန္ဒနယ်မှ ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်ဝင်းက ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မူးယစ်ဆေးဝါးနှင့် ပက်သက်၍ အဆိုတစ်ရပ်တင်သွင်းခဲ့ပါသည်။