စည်းရုံးလှုံ့ဆော်မှု အတွေ့အကြုံများ ပြန်လည် မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပြီးစီးခြင်း

စစ်ကိုင်းတိုင်း ဒေါင်းမျိုးဆက် လူငယ်စွမ်းဆောင်ရည်မြှင့်တင်မှု အဖွဲ့ (PGYES)၊ ဧရာဝတီ လူငယ်ကွန်ရက်တို့ (AYN) နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပြီး စည်းရုံးလံ့ှုဆော်မှု အတွေ့အကြုံများ ပြန်လည်ဖလှယ်ခြင်း အစီအစဉ်ကို ငွေဆောင်မြို့၊ ဂရန်းငွေဆောင် ဟိုတယ်တွင် (၁၆.၂.၂၀၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။

“ကျမက အခု အစည်းအဝေးကို စစ်ကိုင်းကနေ ဧရာဝတီအထိ လာဖို့အရမ်းကို စိတ်အားထက်သန်ပါတယ်။ ဧရာဝတီတိုင်း ကိုယ်စားလှယ်တွေနဲ့တွေ့ရင်လည်း လူငယ်တွေအရေးအတွက် လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ လူငယ်တွေကလည်း မိမိတို့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို များများတွန်းအားပေးဖု့ိ တိုက်တွန်းချင်ပါတယ်ရှင့်” ဟု စစ်ကိုင်းတိုင်း ဝန်းသိုမဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းက ပြောပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို အရပ်ဖက်အဖွဲ့အစည်းအဖွဲ့ဝင်များအား စည်းရုံးလှုံ့ဆော်မှုဆိုင်ရာစွမ်းရည်မြှင့်တင်ရန်၊ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းစဉ်တွင် ကြုံတွေ့ခဲ့ရသော အောင်မြင်မှု၊ စိန်ခေါ်မှုများနှင့် ရရှိခဲ့သောသင်ခန်းစာများကို ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရန်၊ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စား လှယ်များအကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရန်နှင့် မိတ်ဖက်အဖွ့ဲအစည်းအချင်းချင်း ကွန်ရက်ချိတ်ဆက် မှု ရရှိလာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ဝန်းသိုမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ခင်ဦးမဲဆန္ဒနယ် ဒေါ်သင်းသင်းကြူ၊ ဦးမောင်မောင်ဝင်းတို့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ (၁၄) ဦး တက်ရောက် ခဲ့ကြပါသည်။

“အခုလို တွေ့ဆုံပြီး အချင်းချင်း လုပ်ငန်းစဉ်တွေ ပြန်လည်ဝေမျှ ရတယ်။ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်းတွေအတွက်လည်း နည်းလမ်းတွေ ရရှိလိုက်ရတဲ့အတွက် ကျမတို့ နောက်ထပ်လုပ်ရမယ့် စည်းရုံးလှုံံ့ဆော်ြ ခင်းလုပ်ငန်းအတွက်များစွာ အထောက်အကူ ဖြစ်ပါတယ်” ဟု ဧရာဝတီ လူငယ်ကွန်ရက်က မအေးမွန် အောင်က ပြောကြားခဲ့ပါတယ်။

ထို့အပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ၎င်းတို့ဒေသရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဒေသတွင်း ကြုံတွေ့နေရသော လူငယ်ရေးရာ အရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ စည်းရုံးလှုံံဆော်မှုများ တွေ့အကြုံများအပေါ် အခြေခံ၍ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ၊ ရှေ့လုပ်ငန်းစဉ်များအတွက် နည်းလမ်းများ ရှာဖွေခြင်း စသည်ဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

စည်းရုံးလှုံ့ဆော်မှု အတွေ့အကြုံများ ပြန်လည် မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာအဖွဲ့မှ ဦးဆောင်လုပ်ခဲ့ပါသည်။