ပြည်သူလူထုနှင့် တာဝန်ရှိသူများအား စည်းရုံးလှုံ့ဆော်မှုဆိုင်ရာ သင်တန်းပြုလုပ်ပြီးစီးခြင်း

Rockefeller Foundation ၏ပံ့ပိုးမှုနှင့် ညီမျှခြင်းမြန်မာတို့ ဦးဆောင်မှုပြီး ပြည်သူလူထုနှင့် တာဝန်ရှိသူများအား စည်းရုံးလှုံ့ဆော်မှု ဆိုင်ရာ သင်တန်းကို ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့၊ ဟိုတယ် ဂရန်းယူတိုက်တွင် ပြုလုပ်ပြီးစီးခဲ့ပါသည်။

အဆိုပါသင်တန်းကို ပူးပေါင်းဆောင်ရွက်သော ကွန်ရက်အဖွဲ့ဝင်များသည် လူထုအား စည်းရုံးလှုံ့ဆော်ခြင်း၊ တာဝန်ရှိသူများအား စည်းရုံးခြင်းမှ ၎င်းတို့လုပ်ဆောင်မည့် လူ့အခွင့်အရေး လုပ်ငန်းစဉ် များ အတွက် အားဖြည့်စီစဉ်ဆောင်ရွက်သော သင်တန်းပင်ဖြစ်ပါသည်။

ညီမျှခြင်းမြန်မာ၏ သင်တန်းနည်းပြတစ်ဦးဖြစ်သူက ဦးဆောင်ပြီး ပန်းတောင်းမြို့ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင် များ၊ ကရင်နီပြည်နယ်ရှိ ကရင်နီလူ့အခွင့်အရေး စောင့်ကြည့်သူများ အဖွဲ့၊ King N Queen လိင်စိတ်ခံယူမှု ကွဲပြားသူများ အရေး လုပ်ဆောင်သူများအဖွဲ့တို့ တက်ရောက်ပါဝင်ကြခဲ့ကြ ပါသည်။

ကရင်နီလူ့အခွင့်အရေး အဖွဲ့မှ မမေဇင်က “ လူထုကို သတင်းပေးတဲ့အခါမှာ လူမှုကွန်ရက်ကတဆင့် သတင်းပေးရာမှာ လုပ်ဆောင်နိုင်မည့် နည်းလမ်းကောင်းများ ရရှိသွားခဲ့ပါတယ်”။

စည်းရုံးလှုံ့ဆော်မှုနှင့် ပက်သက်သော သဘောတရားများ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ သက်ဆိုင်ရာတာ ဝန်ရှိသူများကို စည်းရုံးနိုင်မည့် နည်းလမ်းများနှင့် ဗျူဟာများ၊ လူထုအားစည်းရုံး နိုင်မည့် သတင်းစကားနှင့် နည်းလမ်းများကို ပြင်ဆင်ရေးဆွဲခြင်း၊ ကိုယ်တိုင်သရုပ်ပြတင်ဆက်ခြင်း၊ လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။