လူ့အခွင့်အရေးအသိပညာပေးသင်တန်း
မတ်လ၊ ၁၆ ရက်မှ ၂၁ ရက်အထိ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဘုန်းကြီးကျောင်းတွင် DanChurchAid ၏ ထောက်ပံ့မှူဖြင့် (၅) ရက်တာ လူ့အခွင့်အရေးအသိပညာပေးသင်တန်းကို ညီမျှခြင်းမြန်မာအဖွဲ့က ဦးဆောင်ကာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ တက်ရောက်လာသော ဦးသိန်းဇော်ဦးက “ ကျွန်တော်က ဒီသင်တန်းလိုမျိုး တခါမှ မတက်ဖူးဘူး။ ကျွန်တော်က ကျွန်တော့ရွာမှာ ရပ်ရေးရွာရေးမှာ တာဝန်ခံလိုမျိူး လုပ်ရတာတွေ ရှိတယ်။ ဒီသင်တန်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း တော်တော်များများ သိရတယ်။ နောက်ဆိုရင် စကားပြောရာမှာ အချက်အလက် ကျကျ ပြောဖို့အတွက် လိုအပ်တယ်ဆိုတာ သိလာတယ်” ဟုပြောကြားခဲ့ ပါသည်။ သင်တန်းတွင် အစုအဖွဲ့ဖြင့် လုပ်ဆောင်ခြင်း၊ လူ့အခွင့်အရေးအယူအဆနှင့် အဓိပါ္ပယ်၊ လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်းနှင့်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းတွင် ပါဝင်သော အခွင့်အရေး အပိုဒ်များ၊ […]

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။