ကိုဗစ်(Covid-19)နှင့် ကလေးသူငယ်အခွင့်အရေး
ကိုဗစ်ရောဂါပြန့်ပွားနေတဲ့ကာလအတွင်း ကလေးတွေရဲ့အခွင့်အရေး ဘာတွေထိခိုက်သွားနိုင်သလဲ။ ဒါတွေကြောင့်မို့လို့ အစိုးရတွေနဲ့ မိဘပြည်သူတွေက ဘာလုပ်သင့်သလဲဆိုတဲ့ အကြောင်းအရာကို တင်ပြပေးထားပါတယ်။
This author has not written his bio yet.
But we are proud to say that Equality Myanmar contributed 176 entries already.
ကိုဗစ်ရောဂါပြန့်ပွားနေတဲ့ကာလအတွင်း ကလေးတွေရဲ့အခွင့်အရေး ဘာတွေထိခိုက်သွားနိုင်သလဲ။ ဒါတွေကြောင့်မို့လို့ အစိုးရတွေနဲ့ မိဘပြည်သူတွေက ဘာလုပ်သင့်သလဲဆိုတဲ့ အကြောင်းအရာကို တင်ပြပေးထားပါတယ်။
လူ့အခွင့်အရေးပညာပေးသူတွေနဲ့ သင်တန်းနည်းပြတွေ မသိမဖြစ်လေ့လာသိရှိထားရမဲ့ ပို့ချခြင်း အတတ်ပညာအကြောင်းကို ရှင်းလင်းပို့ချပေးထားတဲ့ ဗီဒီယိုဖိုင်လေး တင်ပေးလိုက်ပါတယ်။ လူ့အခွင့်အရေးပညာပေးသူ(သို့) နည်းပြကောင်း တစ်ယောက်၊ စေ့စပ်ဆော်သြသူ(Facilitator) ကောင်း တစ်ယောက်တွင် ရှိရမဲ့ အရည်အချင်း၊ သတိထား ဂရုပြုရမဲ့အချက်တွေကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကိုယ်တိုင် ရှင်းလင်း တင်ပြ ပေးထားပါတယ်။ သင်တန်းနည်းပြမဟုတ်ပေမဲ့ အစည်းအဝေးတွေ၊ ရပ်ရေး၊ ရွာရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ဆွေးနွေးပေး နေသူတွေအဖို့လည်း လေ့လာထားရင် အကျိုးရှိစေမယ့် ဗီဒီယိုဖိုင်လေးပါ။ အိမ်မှာနေပြီး မိမိတို့အချိန်တွေကို အကျိုးရှိရှိအသုံးချလိုက်ကြရအောင်လို့ ဖိတ်ခေါ်လိုက်ပါတယ်။ နောက်ရက်တွေမှာလည်း ပညာပေးဗီဒီယိုဖိုင်လေးတွေကို ထပ်ပြီး တင်ပေးသွားပါအုံးမယ်ဆိုတဲ့ သတင်းကောင်းလေးပါ တစ်ခါတည်း ပါးလိုက်ပါတယ်နော်…
ကိုဗစ်ကာလအတွင်း အိမ်မှာနေတဲ့အခါမှာ ကလေးတွေကို ဘယ်လိုမျိုး ပြုစုပျိုးထောင်သင့်သလဲဆိုတဲ့ အချက်ကို အဓိက တင်ပြပေးထားပါတယ်။
ကိုဗစ်(Covid-19) ကပ်ရောဂါကာလအတွင်းမှာ နောက်ဆက်တွဲ ပြဿနာတွေထဲက အကြောင်းအရာတစ်ခုဖြစ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ အဲဒီထဲကမှ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ အကြောင်းအရာကို ဆက်စပ်ပြီးတော့ ဆွေးနွေးပေးထားပါတယ်။
အမုန်းစကားအကြောင်းကို DVB ရုပ်သံ သတင်းဌာနနဲ့ ညီမျှခြင်းမြန်မာအဖွဲ့တို့ ပူးပေါင်း ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာမှာ လူတစ်ဦးနဲ့တစ်ဦး၊ အုပ်စုတစ်စုနဲ့တစ်စုအကြား တိုက်ခိုက် ရေးသား နေခြင်းအပြင် ဘယ်လိုစကား၊ ဘယ်လိုပြောဆိုမှု၊ ဘယ်လိုရေးသားမှုတွေက အမုန်းစကားပြောဆိုမှုကို ဖြစ်စေနေသလဲဆိုတာ သိရှိပြီး အမုန်းစကားမပြန့်ပွားလာစေအောင် မိမိကိုယ်တိုင်ကစပြီး လုပ်ဆောင် တတ်လာစေရန် ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီပညာပေးအစီအစဉ်ကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေး ညှိနှိုင်းရေးမှူး မတိုးတိုးမြင့်၊ မေနိုခိုင်၊ နှင်းသီတာလှိုင်၊ ထူးဝဏ္ဏရှိန်နဲ့ သွန်းဆက်ပိုင်တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
ပြီးခဲ့တဲ့တစ်ခေါက်က Covid-19 နဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်သူများရဲ့ ကျင့်ဝတ်(၁၀)ချက်ကို ရှင်းပြပေးခဲ့အပြီးမှာတော့ တရားဥပဒေစိုးမိုးရေးအတွက် အမိန့်တွေကို ထုတ်ပြန်တဲ့အစိုးရမှာလည်း တာဝန်ရှိတဲ့အကြောင်းနဲ့ တရားဥပဒေ စိုးမိုးရေးကို ဝိုင်းဝန်းပြီးတော့ ကူညီကြမဲ့ ပြည်သူလူထုကလည်း တာဝန်ရှိတယ်ဆိုတဲ့အကြာင်းလေးကို ရှင်းပြပေးထားပါတယ်။
Covid-19 ကပ်ရောဂါကို ကာကွယ်ဖို့၊ တွန်းလှန်ဖို့ လုပ်ဆောင်တဲ့အချိန်မှာ လိုအပ်သော ဥပဒေနဲ့ အမိန့်ကြေညာစာတွေ ထုတ်ပြန်ပြီးတော့ ကန့်သတ်မှု လုပ်ဆောင်တာတွေ ရှိတတ်ပါတယ်။ နိုင်ငံတကာဥပဒေတွေမှာပဲ ကြည့်ကြည့်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းမှာပဲ ကြည့်ကြည့် လိုအပ်လာလို့ရှိရင် တချို့သော အရေးပေါ်အခြေအနေမျိုးမှာ တချို့သော အခွင့်အရေးများကို ဆိုင်းငံ့ထားလို့ ရတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာတစ်ခုနဲ့ မေးစရာ မေးခွန်းတစ်ခုတော့ ရှိလာပါတယ်။ ကဲ..ဘာတွေက စိုးရမ်းစရာဖြစ်စေသလဲ ဆိုတာကို ဗွီဒီယိုလေးကို ကြည့်လိုက်ကြရအောင်နော်…
Covid-19 ရောဂါနဲ့ လူ့အခွင့်အရေး ဘယ်လိုဆက်စပ်နေသလဲ။ လူ့အခွင့်အရေးထဲက ကျန်းမာရေးရရှိခွင့်ဆိုတဲ့ အကြောင်းအရာနဲ့ အဓိက သတင်းများရရှိခွင့်ဆိုတဲ့ အကြောင်းအရာကို ဦးစားပေး ဆွေးနွေးပေးထားပါတယ်။
ပြင်စလူမြို့ရှိ ကိုဗစ် ကာကွယ်စောင့်ရှောက်ရေးကမ့်(Camp)နှင့် ဇလွန်ပြည်သူ့ဆေးရုံသို့ နှာခေါင်းစည်း၊ အပူချိန်တိုင်းစက်၊ ပီပီအီး(Personal protective Equipment)၊ လက်အိတ်နှင့် ပညာပေးစတစ်ကာများကို ဧရာဝတီလူငယ်ကွန်ရက်က ညီမျှခြင်းမြန်မာအဖွဲ့၏ ထောက်ပံ့မှုဖြင့် သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ပုသိမ်မြို့နယ် နှင့် သာပေါင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ၊ ဒေသဖွံ့ဖြိုးရေးဦးဆောင်လုပ်ကိုင်နေသော ဒေသခံလူငယ်များနှင့် ချိတ်ဆက်ကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ပြင်စလူမြို့နယ် နှင့် ဇလွန်မြို့နယ် ရှိ ခရိုင်ကိုယ်စားလှယ်လူငယ်များနှင့် ဧရာဝတီလူငယ်ကွန်ရက်တို့က ချိတ်ဆက်ပူးပေါင်းကာ သက်ဆိုင်ရာနယ်များသို့ လိုင်းကားဖြင့် ပို့ဆောင်ခြင်း၊ နှာခေါင်းစည်းတပ်ရန် အဓိကလိုအပ်သူ များဖြစ်သည့် ကွမ်းယာဆိုင် စျေးသည်များ၊ လမ်းစုံ လမ်းဂွရှိ ဆိုင်ကယ် တက္ကစီ၊ အိုးဝေ သမားများကို တစ်ဦးလျှင် ၁၀ ခုစီ ပေးဝေခဲ့သည်။ ဧရာဝတီလူငယ်ကွန်ရက် လူငယ်များက ကြက်တူရွေးဈေး၊ ကနကုန်းဈေး၊ ဧရာမင်းဈေး၊ […]
ကိုဗစ် တိုက်ဖျက်ခြင်းနှင့်ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံမှုတွေ ဘယ်လိုမျိုးရှိနိုင်သလဲ ဆိုတဲ့အကြောင်းအရာကို တင်ပြပေးထားပါတယ်။
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed
